သင့်စိတ်၏ အံ့ဖွယ်စွမ်းအားများ

( 2 မှတ်ချက်)

4500 (ကျပ်)

သိစိတ်နှင့်မသိစိတ်ဆိုပြီး နှစ်ပိုင်းပါဝင်နေတဲ့ မိမိတို့ရဲ့စိတ်မှာ မသိစိတ်ကကိုယ်တိုင်ကောင်းစွာမသိလောပ်အောင် ငုပ်လျှိုးနေပေမယ့်လည်း သိစိတ်ထက် အဆပေါင်းများစွာ ပိုမိုနက်ရှိုင်းပြီး စွမ်းအားကြီးမားကြောင်း၊ထိုစွမ်းအားကသဘာဝတရားကြီးရဲ့ တန်ခိုးစွမ်းအားတွေနဲ့ ဆက်နွယ်နေကြောင်းတင်ပြထားပါတယ်။
ကမ္ဘာ့သုတစာအုပ်လောကမှာ မှတ်ကျောက်တင်ခံပြီးဖြစ်တဲ့ ယခုစာအုပ်ပါ အံ့ဖွယ်ကောင်းတဲ့ စိတ်၏စွမ်းအားတွေအကြောင်းနှင့် မိမိဘဝအတွက် ထိုစွမ်းအားတွေကိုထုတ်ယူသုံးစွဲပုံနည်းလမ်းတွေကို ထင်ရှားပြတ်သားစွာ ရေးသားတင်ပြထားပါတယ်။
“သတိမမူ ဂူမမြင်” ဆိုသလိုမိမိပိုင်ဆိုင်ထားတဲ့စိတ်၏စွမ်းအားတွေကို လျစ်လျူရှုထားမိတဲ့အတွက် မဖြစ်သင့်ပဲ ဖြစ်ပေါ်လာနိုင်တဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေကိုကာကွယ်ဖို့နဲ့ ယင်းစွမ်းအားတွေနဲ့ရယူနိုင်တဲ့ ကောင်းကျိုးချမ်းသာတွေကိုလက်ဝယ်ပိုင်ပိုင်ရယူနိုင်ဖို့အတွက် ယခုစာအုပ်မှ စာဖတ်သူများကိုများစွာအထောက်အကူပြုနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်…။

စာမျက်နှာ

114

စာအုပ်အရွယ်အစား

5.8 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2023 စက်တင်ဘာလ (ဒုတိယ-ကြိမ်)

9 in stock

သင့်စိတ်၏ အံ့ဖွယ်စွမ်းအားများ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Nyi Nyi Tun

    ကျွန်တော်တို့တွေက “သိစိတ်”အကြောင်းကိုပဲအာရုံစိုက်ကြတာများတယ်။ “မသိစိတ်” ကဖြစ်ပေါ်နေတဲ့အရာမှန်သမျှနားမထောင်တာများတယ်။ “သိစိတ်”ဆိုတာ အရာတစ်ခုခုပေါ် တိမ်းညွှတ်တာများတယ်။ ဥပမာ- အရမ်းဟော့ဖြစ်နေတဲ့အရာဆို ကိုယ့်ရည်ရွယ်ချက်နဲ့ကိုက်ညီလား၊ မကိုက်ညီလား မသိဘဲ လိုက်လုပ်တော့တာပဲ။ အစပိုင်းတော့ လုပ်ကြည့်ပြီး ကိုယ့်ရည်ရွယ်ချက်နဲ့မကိုက်ညီတော့ တဝက်တပျက်နဲ့ အချိန်ကုန်တာပဲအဖတ်တင်တယ်။ တစ်နေ့တာလုံး “သိစိတ်” ရဲ့အလိုဆန္ဒတွေနောက် လိုက်ပြီးတာနဲ့ အိပ်ခါနီးအချိန်မှာတော့ “မသိစိတ်” ထဲကအရာတွေကို “သိစိတ်” အနေနဲ့ပြောင်းသွားအောင် ကျင့်ယူသင့်တယ်။

    တစ်နေ့တာလုံးဘဝအမောတွေတွေ့နေရတဲ့အချိန်မှာ ပင်ပန်းမှုကိုပင်ပန်းမှုအတိုင်းရှိနေစေပြီး ဘဝရဲ့လွတ်လပ်ခြင်းတရားဆိုတာ စာအုပ်စာပေထဲမှာရှာဖွေမိတယ်။ တစ်ခါတစ်လေ “အလိုကျ” ဆိုတဲ့စကားလုံးရဲ့အောက်မှာ ပြေးလွှားနေလိုက်ရတာ ဖတ်ဖတ်ကိုမောလို့။

    ညီညီထွန်း(©)

  2. Mi Shweyee Win Htet

    စိတ်ရဲ့တန်ခိုးစွမ်းအားဟာ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ဒါမှမဟုတ် လိုအင်ဆန္ဒတွေအပေါ်မှာ ထင်ထားတာထက် အများကြီး ထောက်ပံ့ကူညီပေးနေတယ်ဆိုတာ ဒီစာအုပ်ကိုဖတ်ပြီး ယုံကြည်ခဲ့ရပါတယ်။

    “စိတ်” ဆိုတဲ့ စကားကို လွယ်လွယ်နဲ့ ပြောထွက်နိုင်ပေမဲ့ သူ့ကို ထိန်းချုပ်ရတာ ခက်လှပါတယ်။ဒါပေမဲ့ သူ့ရဲ့သဘောသဘာဝ ၊သူ့ရဲ့ လုပ်ဆောင်ချက် လုပ်ပိုင်ခွင့် ၊သူ့ရဲ့high powerတွေ၊စတဲ့ စိတ်ရဲ့ အခြေ ခံ အကြောင်းအရာတွေသာမက အမြင့်ဆုံး သဘောတရားအထိကိုပါ ဒီစာအုပ်က တွန်းပို့ပေးပါတယ်။
    သိစိတ်နဲ့ မသိစိတ်တို့ ပူပေါင်းဆောင်ရွက်လုပ်ဆောင်မှ လိုချင်တဲ့ အောက်မြင်မှုတွေကို ရရှိစေသလို
    ဒါတွေကို ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲ ဆိုတဲ့ အပြုသဘောဆောင်တဲ့ နည်းလမ်းများ။ ကိုယ့်စိတ်ကို ကိုယ်ကပဲ နည်းလမ်းမှန်စွာ ပြုပြင်ထိန်းချုပ်နည်းများကို လမ်းညွှန်မှုပေးထားပါတယ်။

    ပြီးတော့ ဘဝမှာ လိုချင်တဲ့ဆန္ဒမှန်သမျှ ဖြစ်ချင်တဲ့အရာမှန်သမျှကို မသိစိတ်ကပဲ လုပ်နိုင်တဲ့အတွက် အဲ့ဒီ မသိစိတ်ကိုရော ဘယ်လို သိမ်းသွင်းပြီး စွဲဆောင်ရမလဲ။

    **အခက်အခဲဆုံးအရာတွေကိုဖြေရှင်းဖို့ မသိစိတ်ကို အကူအညီတောင်းပါ။ဥပမာ မနက်ဖြန်ကျရင်
    ဟောခန်းတစ်ခုမှာ
    လူအများနဲ့ စကားပြောရမယ်ဆိုပါစို့ ။ အဲဒီကြောက်ရွံ့မှုကို
    ဖြေရှင်းချင်တယ်။ ကျော်လွှားချင်တယ်။ အဲ့တော့ လုပ်ရမှာက အိပ်ခါနီးမှာ” ငါကြိုတင်ပြင်ဆင်ထားတဲ့အတွက် မနက်ဖြန် မှာ ငါ့အတွက် အမှားအယွင်းဆိုတာ မရှိစေရဘူး။ငါပြောနိုင်တယ်။ ငါလုပ်နိုင်တယ်။” ဆိုတဲ့ ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ မအိပ်ခင်အထိရေရွတ်ကြည့်လိုက်ပါ။
    အဲ့ဒီရေရွတ်မိချိန်မှာ ကျွန်မတို့ရဲ့ မသိစိတ်ဟာ အလိုအလျှောက်
    ထည့်သွင်းပေးထားပြီး မှတ်ထားပြီးသား ဖြစ်ပါတယ်။ မနက်အိပ်ရာကနေထပြီးဆိုတာနဲ့ ယုံကြည်မှုအပြည့်အဝကို ရရှိသွားပါလိမ့်မယ်။
    အဲ့တော့ ဟောပြောပွဲ အတွက်လည်း ဘာကိုမှ မစိုးရိမ်ရသလို ဘာကိုမှ မကြောက်ရတော့ပါဘူး။ ဟောပြောချိန်မှာလည်း မသိစိတ်ဟာ သူ့အလိုလို ဖြေရှင်းပေးသွားပါလိမ့်မယ်။ တစ်ခုခုကို ချွတ်ယွင်းမိတာနဲ့ အဲ့ဒီချွတ်ယွင်းမှုကို မသိစိတ်ကပဲ ဖြေရှင်းပေးပါလိမ့်မယ်။ ဒါပေမဲ့ မသိစိတ်ကို အပြည့်အဝယုံကြည်ထားဖို့ပါပဲ။

    ဒါက ဒီစာအုပ်ကိုဖတ်ပြီး ရိုးရှင်းတဲ့ သာဓက တစ်ခုနဲ့ ချိတ်ဆက် စဥ်းစားပြီးရေးလိုက်တာပါ။

    ဒီစာအုပ်ထဲမှာဆိုရင် ဒီထက်ခက်ခဲတဲ့ ပြသ်သနာတွေ ၊အိမ်ထောင်ရေးအဆင်မပြေမှုတွေ ကြီးပွာချမ်းသာမှုတွေ ကို မသိစိတ်ရဲ့ အကူအညီနဲ့ ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ဖော်ပြပေးထားပါတယ်။လမ်းညွှန်မှုပေးထားပါတယ်။

    တကယ့်ကို စွမ်းအားကြီးတဲ့ စိတ်ရဲ့အကြောင်းကို သိချင်ရင် ဒီစာအုပ်လေးကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ။(အဓိက မသိစိတ်ရဲ့ စွမ်းအားကြီးပုံ)

    မေ့လျှော့နေတတ်တဲ့ အကြောင်းအရာတွေကိုလည်း ဒီမသိစိတ်ကို အကူအညီတောင်းကြည့်ရင်လည်း ရပါတယ်။မသိစိတ်ဟာဘဝတစ်လျှောက်လုံးမှာဖြစ်ပျက်ခဲ့တဲ့ အရာအားလုံး အကုန်လုံးကိုသိနေပါတယ်။
    Memory တစ်ခုလို အကုန်လုံးကို သိမ်းဆည်းထားတာပေါ့။ ထုတ်မသုံးတတ်တာပဲရှိပါတယ်။ မသိစိတ်ထဲမှာ ပြသ်သနာရဲ့ အဖြေအားလုံး ရှိနေပါတယ်။
    ဒါ့အပြင် စိတ်ကုထုံးနည်းတွေလည်း နိုင်ငံတကာဖြစ်ရပ်မှန်နဲ့တကွဖော်ပြပေးထားပါတယ်။

    ဒီစာအုပ်ကို ဖတ်ရတာ အချိန်တော်တော်ယူရပါတယ်။
    စိတ်ပညာလည်းပါရှိနေတဲ့အတွက် စဥ်းစားတွေးခေါ်ပြီး နားလည်အောင်လုပ်ရပါတယ်။
    စာအုပ်မှာ ပါရှိတဲ့ ခက်ခဲတဲ့အရာတွေကို ကိုယ့်ရဲ့ပြသာနတွေနဲ့ ဆက်စပ်ပြီး ဖြေရှင်းကြည့်မယ်ဆိုရင် ပိုပြီးအကျိုးရှိစေပါတယ်။

    ဒီစာအုပ်ကိုဖတ်ပြီး သိလိုက်တဲ့အရာကတော့ မသိစိတ်ကိုမဖြစ်မနေ အသုံးချရပါမယ်။ သူ့ကိုထိန်းချုပ်ရပါမယ်။ သူ့ကို အကူအညီတောင်းရပါမယ်။သူ့ကို အပြည့်အဝယုံကြည်ရပါမယ်။
    ပြီးတော့ ဘဝရဲ့ သော့တစ်ချောင်းကို ပိုင်ဆိုင်ထားရသလို ခံစားရပါတယ်။

    ဒါပေမဲ့ အဲ့ဒီသော့တစ်ချောင်းကို အသုံးပြုတတ်ဖို့ လိုက်နာကျင့်သုံးတတ်ဖို့ ဆင်ခြင်နေထိုင်သွားတတ်ဖို့ ကြိုးစားသွားပါ့မယ်။

    စာအုပ်ရဲ့coverမှာတော့
    (သင့်မသိစိတ်ရဲ့ အနန္တစွမ်းအားကို ထိန်းချုပ်အသုံးချလိုက်ပါ။
    မကောင်းတဲ့အကျင့်ဆိုးတစ်ခုကို အနိုင်ယူကျော်လွှားပြီး အောင်မြင်မှုကိုရရှိဖို့၊သဟဇာတဖြစ်တဲ့ ဆက်တံမှုတွေကိုရရှိဖို့၊ကာလရှည်ကြာ သင့်ရင်မှာ ပိုရ်ထားခဲ့တဲ့ မျှော်လင့်ချက်ပန်းတိုင်ကို ဆွတ်ခူးရရှိဖို့ဆိုတဲ့ ဘယ်လိုဆန္ဒမျိုးတွေပဲ သင့်မှာ ရှိနေပါစေ အဲဒီဆန္ဒတွေပြည့်ဝအောင် ဖန်တီးဖို့အတွက် သင့်ရဲ့ မသိစိတ်က သင့်ကို လမ်းညွှန်နိုင်ပါတယ်။
    သင့်မသိစိတ်ရဲ့ အနန္တစွမ်းအားကို ဖော်ထုတ်ပေးမယ့် လက်နက်ကိရိယာတွေ၊စိတ်စွမ်းအားတွေကို
    ဘယ်လိုထိန်းချုပ်ရလဲဆိုတဲ့ အကြံပြုချက်တွေ၊ငုပ်လျှိုးနေတဲ့ သင့်ရဲ့အသိဉာဏ်ကို နှိုးဆွပေးဖို့ နညနိသ်သရတွေနဲ့ ဘဝပြသ်သနာနဲ့ အခက်အခဲပေါင်းစုံကို ဖြေရှင်းဖို့အတွက် သင့်မသိစိတ်က သင့်အတွက် အလုပ်လုပ်ပေးအောင်ခိုင်းဖို့ လွယ်ကူတဲ့နည်းလမ်းတွေကို ဒီစာအုပ်မှာ ဖော်ပြပေးတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပြီး ပျော်ရွှင်ချမ်းမြေ့မှုနဲ့ ချမ်းသာကြွယ်ဝမှုကို သင့်ဘဝထဲ ရောက်လာအောင် ဖိတ်ခေါ်လိုက်ပါ။)
    စိတ်အတွက် အာဟာရပြည့် စေမယ့်
    စာအုပ်ကောင်းတစ်အုပ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဇော်ဝင်းကြူ(ပျဉ်းမနား) စာအုပ်များ