စိတ်အထုံးများ ပြေလျော့ခြင်း

( 0 မှတ်ချက်)

12000 (ကျပ်)

“ဝိမုတ္တိ” ဆိုတာ စိတ်ထဲက အစွဲတွေ ၊ ဖိစီးမှုတွေ၊ တင်းမာမှုတွေကနေ လွတ်သွားတဲ့အခါ ခံစားရတဲ့ ပေါ့ပါးမှုပါပဲ။

တစ်ခါတလေ ကိုယ့်စိတ်ထဲမှာ မကုန်နိုင်တဲ့ ပူပန်မှုတွေ၊ အတိတ်က အဖြစ်တွေ၊ အနာဂတ်ကို ကြောက်စိတ်တွေနဲ့ အထုံးတွေ ဖွဲ့နေတတ်ပါတယ်။

ဒီအထုံးတွေ ကျပ်လာ၊ များလာတဲ့အခါ ဘဝက လေးလံသလို ခံစားရတယ်။ ဝိမုတ္တိ ဆိုတာက ဒီအထုံးတွေကို တစ်ချက်ချင်း ဖြေလိုက်တဲ့အခါ ရလာတဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုပါ။

ဒါက ဘာသာရေးကြီးကြီးမားမား မဟုတ်ဘူး။ နေ့စဉ်ဘဝမှာ ကိုယ့်စိတ်ကို သတိထားပြီး လွှတ်ချတတ်ဖို့ပါပဲ။

အတိတ်ကို_စွဲမက်မနေဘဲ
အနာဂတ်ကို_အလွန်အမင်း_မကြောက်ဘဲ
လက်ရှိအခိုက်အတန့်မှာ_‌နေတတ်ဖို့

ဒီလိုနေတတ်လာတဲ့အခါ စိတ်ထဲက အထုံးတွေ တဖြည်းဖြည်း ပြေလာမယ်။

“စိတ်အထုံးများ ပြေလျော့ခြင်း” ဆိုတဲ့ စာအုပ်ကို ဖတ်လိုက်တာနဲ့ စာရေးဆရာရဲ့ စေတနာတွေ၊ လူတွေရဲ့ စိတ်သန္တာန်ကို ဘယ်လိုအေးချမ်းစေနိုင်မလဲဆိုတဲ့ လက်တွေ့နည်းလမ်းတွေကို ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။

ကိုယ့်မှာရှိနေတဲ့ စိတ်အထုံးတွေ ပြေလျော့ပြီး စိတ်တွေကို လွှတ်ချကြည့်ချင်တယ်ဆိုသူတွေအတွက် “စိတ်အထုံးများ ပြေလျော့ခြင်း”ဆိုတဲ့ စာအုပ်က တကယ်ကို အကျိုးရှိတဲ့စာအုပ်ကောင်းတစ်အုပ်ပါ။

” စိတ်အထုံးဆိုတာ ကိုယ်ဖွဲ့လိုက်တာပါ။
ဖြေဖို့ကလည်း ကိုယ်တိုင်ပါပဲ။”

စာမျက်နှာ

173 (woodfree paper)

စာအုပ်အရွယ်အစား

5.2 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ပြုံးပန်းတစ်ရာစာပေ၊ 2025 မေလ (ဒုတိယအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

30.5.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 12000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စိတ်အထုံးများ ပြေလျော့ခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Ra Tha စာအုပ်များ