ကိုင်ဇန်(ဂျပန်စီးပွားရေးစီးမံခန့်ခွဲမှုအတတ်ပညာ)

( 0 မှတ်ချက်)

2000 (ကျပ်)

ဂျပန်လူမျိူးတွေ ဆယ်စုနှစ်တစ်စုစာ ကျင့်သုံးခဲ့တဲ့ စီးပွားရေးဆိုင်ရာနည်းလမ်းတစ်ခုဟာ လူအများကြားမှာတော့ ထင်သာမြင်သာရှိပြီး လူအများစုက ကျင့်သုံးလိုက်နာလွယ်တဲ့ နည်းလမ်းအဖြစ် ချမှတ်လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီ့နည်းလမ်းဟာ ဂျပန်ပြည်တွင်းမှာသာမကပါဘူး။ ပြည်ပနိုင်ငံတွေနဲ့ ကမ္ဘာတစ်ဝန်းမှာပါ နေထိုင်လုပ်ကိုင်နေကြတဲ့ ဂျပန်လူမျိုးတွေရဲ့ ကြားထဲမှာပါ အဲဒီ့စနစ်နဲ့ နည်းလမ်းတွေကို တစ်ပြေးညီတည်း ကျင့်သုံးလိုက်နာကြရပါတယ်။
အဲဒီ့လိုကျင့်သုံးကြတဲ့စနစ်မှာ အထူးပေါ်လွင်စေတဲ့အချက်ကတော့ ပန်းတိုင်ကို ရရှိစေနိုင်တဲ့ နည်းလမ်းကို အသုံးချပြီးတော့ ထိန်းကျောင်းပေးတဲ့ စနစ်ကြီးတစ်ရပ်ကို ဂျပန်လူမျိုးတိုင်းက နယ်ပယ်အသီးသီးအတွက် လိုအပ်ရာရာမှာ အသုံးချနိုင်ခြင်းပဲဖြစ်ပါတယ်။ အဲဒီ့လို လုပ်ဆောင်တဲ့အခါမှာ ပြုပြင်ပြောင်းလဲတိုင်းမှာ ချောချောမောမောနဲ့ ပြေပြစ်တဲ့နည်းလမ်းဖြစ်ဖို့ရယ်၊ သဘာ၀ကျတဲ့ အခြေခံအချက်အလက်တွေကို စွဲကိုင်ပြီး ပြုပြင်ပြောင်းလဲမှုလုပ်သလို၊စည်းမျဉ်းဆွဲကတည်းကလည်း အဲဒီ့အချက်တွေကိုပဲ စဉ်းစားပြီး လုပ်ဆောင်ကြရတာမျိုးဖြစ်ပါတယ်။ စီမံချက်ရေးဆွဲတဲ့အခါမှာလည်း တင်းကြပ်ခိုင်မာတဲ့ အဆင့်ရအောင် ရေးဆွဲကြရပါတယ်။
ယခုစာအုပ်ထဲတွင် အထက်ပါအချက်အလက်များနှင့် သက်ဆိုင်သည့် “ကိုင်ဇန်”ရဲ့ နည်းနာ။ နိဿယတွေကို တင်ပြရေးသားထားတာပဲဖြစ်ပါတယ်။

စာမျက်နှာ

128

စာအုပ်အရွယ်အစား

5.2 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ 2021 ဇန်နဝါရီလ (ပ-ကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကိုင်ဇန်(ဂျပန်စီးပွားရေးစီးမံခန့်ခွဲမှုအတတ်ပညာ)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဖေသက်ခိုင် စာအုပ်များ