THE GUYS OF RANGOON 1930

( 7 မှတ်ချက်)

6500 (ကျပ်)

စာမျက်နှာ

521

စာအုပ်အရွယ်အစား

5.5 x1.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2020 မေလ၊ (ပ-အကြိမ်)

Out of stock

THE GUYS OF RANGOON 1930 အား ဝေဖန်သုံးသပ်မှု 7 ရှိပါသည်။

  1. Yi Wai Oo

    The Guys Of Rangoon 1930

    စိတ်လှုပ်ရှားလေ သွေးအေးတဲ့ပုံစံဖြစ်သွားလေ ဆိုတဲ့ လမ်းမတော်ဖိုးတုတ်

    မိုက်တယ်ဆိုတာ ဉာဏ်နဲ့ယှဉ်ပီးမိုက်တာ ဘေးအကင်းဆုံးပဲဆိုတဲ့
    ဖိုးတုတ်ရဲ့ လက်ဦးဆရာ ဦးဘိုးသင်

    လူမိုက်ကြီးဖြစ်ပေမယ့် မိန်းမကိစ္စကင်းတယ်ဆိုတဲ့
    လမ်းမတော်ဖိုးတုတ်ရဲ့ ငယ်သူငယ်ချင်း ဂန္ဓမာသောင်းရီ

    သူ့နွားကို လေးခွနဲ့ပစ်တာ နှစ်ကြိမ်မြောက်မှာတော့
    သည်းမခံနိုင်တော့လို့ ဓားမနဲ့ဝင်ပိုင်းလိုက်တယ်ဆိုတဲ့
    လမ်းမတော်ဖိုးတုတ် စိတ်ချရတဲ့ညီတပည့်လေး စံဘ

    ဂုဏ်သိက္ခာရှိရှိပဲဒီလောကကြီးထဲက အနားယူချင်တယ်ဆိုတဲ့
    ရန်ကုန်ရဲ့ဘုရင်တစ်ဆူဖြစ်ခဲ့တဲ့ လူမိုက်ခေါင်းဆောင်ကြီး
    မက်စတီးခန်း

    မျက်စိရှေ့မှာ မတရားဘူးထင်လျှင် ဝင်ပါတတ်သူတစ်ယောက်
    အချစ်ကိစ္စဖြင့်တဇွတ်ထိုးတဇောက်ကမ်းလုပ်မိရာမှ
    လူမိုက်ကြီး ရာထူးရခဲ့တဲ့ အသက် ၁၆ နှစ်တောင်မပြည့်သေးတဲ့
    ဗိုလ်တစ်ထောင်ငမိုး

    လူမိုက်ကြီးဖိုးတုတ်ကို ကက်ကက်လန်အောင် ရန်တွေ့တဲ့အပြင်
    အာလူးသီးနဲ့ပါပေါက်တဲ့ စွာတေးမလေး မသင်းမြ

    ရုပ်ရည်သန့်ပြန့်ပီး အနေတည်တဲ့လူမိုက်ကြီး
    ဂန္ဓမာသောင်းရီရဲ့ပါရမီဖြည့်ဘက်ဖြစ်ခွင့်ရခဲ့တဲ့
    အပျော်မယ်လေး မသောင်း

    ကိုယ့်အပေါ်မှာ ဂရုတစိုက်ရှိပေးခဲ့တဲ့
    လူမိုက်ကြီးဖိုးတုတ်ကို အသက်ဘေးက ကယ်တင်ပေးခဲ့တဲ့
    လူမိုက်ကြီးဖိုးတုတ်ရဲ့ လူပျိုဘဝက အချစ်တော်
    အပျော်မယ်လေးချိုက်ဟုန်

    သူတို့လေးတွေက ကိုယ့်စိတ်ထဲမှာ မှတ်မှတ်ရရ သဘောကျကျန်နေခဲ့တဲ့ ဇာတ်ဆောင်လေးတွေပေါ့နော်
    လမ်းမတော်ဖိုးတုတ် ဘာရယ်မဟုတ်တဲ့ဘဝလေးကနေ
    ရန်ကုန်မြို့ရဲ့ဘုရင်တစ်ဆူဖြစ်လာခဲ့အောင်ထိ
    အကွက်ချစီစဉ်မှုလေးတွေ နိုင်ငံရေး အပြောင်းအလဲတွေကြားမှာ
    အင်အားကြီးလာလိုက် ယိုင်နဲ့သွားလိုက်နဲ့
    စိတ်ဝင်စားစရာကောင်းသလို
    လူမိုက်ကြီးတွေရဲ့ တစ်စိတ်တစ်ဒေသ အချစ်ဇာတ်လမ်းလေးတွေကလည်း
    သွေးသံရဲရဲ သတ်ဖြတ်မှုတွေ အမုန်း အာဃာတတွေကြားထဲက
    ပျော်ရွှင်စရာ ဖြေသာယာလေးတစ်ခုပါပဲ
    ဒီစာအုပ်လေးထဲမှာ ဘဝရဲ့နိမ့်ချည်မြင့်ချည် သဘောသဘာဝတွေ
    ကိုယ်လုပ်ခဲ့သမျှ တနည်းနည်းနဲ့ပြန်လည်ပေးဆပ်ရမှာပါ့လားဆိုတဲ့ အသိလေးတွေရယ်
    တစ်ခုခုကိုစဉ်းစားဆုံးဖြတ်တော့မယ်ဆိုဆိုရင်
    စိတ်အေးအေးထားဖို့နဲ့ ဖြစ်လာမယ့်အကြိုးဆက်တွေကို
    ဘယ်လိုရင်ဆိုင်မယ်ဆိုတာတွေပါ တွက်ချက်ထားရမယ်လို့သိခဲ့ရတယ်
    အများကြီးမရေးတတ်ပေမယ့် ကိုယ်ရေးတတ်တာထက် ပိုပီးကောင်းတဲ့စာအုပ်လေးပါ

  2. Nway Phyu Pyar Oo

    The Guys of Rangoon တုန်းက အမှတ်တရကတော့ စာအုပ်အဖုံးကို ကြိုက်လို့ အတင်းတွေ ဝယ်တာ… အင်တာနက်ပေါ်မှာလဲ ဖတ်ဖူးထားတာလဲ မရှိခဲ့ပေမယ့်… လမ်းမတော်ဖိုးတုတ်စာအုပ်ဆိုပြီး ပြောပြောနေတာ တွေ့တော့ ပိုဝယ်ချင်လာတာပဲ… စဖတ်ကတည်းကနေ ဇာတ်လမ်းဆုံးသည်အထိ လက်ကမချချင်အောင် ဖြစ်နေတာနဲ့ တစ်ထိုင်တည်း ဖတ်လိုက်ရတယ်… ဒီစာအုပ်မှာကတည်းက ဂန္ဓမာသောင်းရီကိုလဲ ကြွေမဆုံးခဲ့ဘူး…
    စာရေးသူရဲ့ The Guys from Rangoon, 1930s ရော The Guys from Mandalay, 1950s ပါ ဖတ်ရတာလဲ တန်၊ ဖတ်လို့လဲ ကောင်း၊ ဇာတ်လမ်းချိတ်ဆက်မှုတွေလဲ အဆင်ပြေ၊ အဲ့ခေတ်အချိန်အခါရဲ့ နိုင်ငံရေးအကြောင်းတွေ၊ လူနေမှုအဆင့်အတန်းတွေကိုပါ မြင်ယောင်လာတယ်… ဖတ်ရင်းနဲ့ ဇာတ်လမ်းသာမက ဇာတ်ကောင်တွေကိုပါ နားလည်လာမိတယ်… နှစ်အုပ်စလုံးမှာ ပါဝင်တဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဂန္ဓမာကြီးကလဲ ဖတ်ပြီးတဲ့အချိန်ထိ အမှတ်တရဖြစ်နေပါတယ်…
    စာဖတ်နေကြ မဟုတ်တဲ့ သူတွေအတွက်လဲ အတော်လေး ဖတ်လို့အဆင်ပြေတဲ့ စာအုပ်တစ်အုပ်မလို့… သဘောကျ ကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်…
    #bookspagesandme #theguysofRangoon #theguysfromMandalay

  3. Wuthmone Phyu

    ၁၉၃၀ ဝန်းကျင်က မြန်မာနိုင်ငံရဲ့အခြေအနေ ကို ထင်ဟပ်အောင် စာတွေအများကြီး ဖတ်ပြီး ပြန်လည်ကိုးကားကာ ရေးသားထားတဲ့ စာရေးသူကို လေးစားပါတယ်။

    .ဒီစာအုပ်ဖတ်ပြီး ရလိုက်တာကတော့ “သံဝေဂ” ပါပဲ..ဘဝဆိုတာ သဲနာရီလိုပဲ..အပြည့်ရှိတဲ့ အချိန်ရှိသလို ဘာမှမရှိတော့တဲ့ အချိန်လည်းရှိပါလား ..လို့ ဆင်ခြင်မိပါတယ်.

    စာအုပ်ကောင်းတစ်အုပ်ပါ..

  4. Mya Thandar Kyaw

    နာမည်ကြီးတ့ဲ လမ်းမတော်ဖိုးတုတ် ဖတ်လေဖတ်လေ စိတ်ဝင်စားဖို့ကောင်းလေပဲ

  5. Nay Thu

    အရမ်း အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါသည်။ ဆရာ ခက်ဇော် နှင့် ပန်းဆက်လမ်း ဒီထက်မက အောင်မြင်ပါစေ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published.

ခက်ဇော် စာအုပ်များ