နာမည်ခုနှစ်လုံးနဲ့ မိန်းကလေး
5000 (ကျပ်)
ဟေယွန်ဆယ်ယိုလီ ကလေးဘ၀တွင် မြောက်ကိုရီးယားရှိ လူသန်းပေါင်းများစွာကဲ့သို့ပင် ကမ္ဘ့ာအလျှို့ဝှက်ဆုံးနှင့် အရက်စက်ဆုံး အစိုးရ၏ ဝါဒသေသွတ်သွင်းခြင်း ခံခဲ့ရသည်။ သို့သော် မဟာအငတ်ဘေးကြီး ကျရောက်မှု၊ အစာငတ်မွတ်မှုနှင့် ၀ရုန်းသုန်းကား အခြေအနေများကြားထဲမှ အသက်ရှင်ခဲ့ပြီး အသက် ၁၇နှစ်မျှအရွယ် ၁၉၉၇ ခုနှစ်တွင် တရုတ်သို့ အရဲစွန့် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
ပြန်သွားလျှင် သူနှင့် မိသားစုလက်စားချေသတ်ဖြတ်ခံရမည်မှန်း သိနေသည့်အတွက် ယင်းအားနွဲ့သည့် ဆယ်ကျော်သက်ရွှေ့ပြောင်းသူလေးမှာ သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်ဖို့ တစ်ကိုယ်တည်း ရုန်းကန်ခဲံသည်။ သူ့ကိုယ်သူ ဘယ်သူဘယ်ဝါမှန်းမသိ၊ အသက်ဆက်ရှင်ဖို့ အကြောင်းပြချက်မရှိသည့် ဘ၀တွင် ကျင်လည်ခဲ့ရပြီး ယင်းဘ၀မှာ မြောက်ကိုရီးယားနိုင်ငံထဲ နေရသည့် ဘ၀ထက် ပိုမိုခက်ခဲကြောင်း တွေ့ရှိခဲ့ရသည်။ ယခုမူ တစ်ခဲနက် ချီးကျူးဂုဏ်ပြုခံရသည့် နိုင်ငံတကာ စည်းရုံးလှုံ့ဆော်သူတစ်ဦးဖြစ်နေပြီ။ သူ၏ ရဲရဲဝံ့ဝံ့နှင့် အံ့လောက်ဖွယ်ရာ ရင်ဖွင့်မှုများက အတိတ်၏ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်များနှင့် မြောက်ကိုရီးယားမှ သာမန်ပြည်သူများ၏ အမှန်ဆုံး ဘ၀ဖြစ်စဉ်များကို ကွက်ကွက်ကွင်းကွင်း မြင်လာစေမည့် ဘ၀ဇာတ်ကြောင်းစာအုပ်ကောင်းတစ်အုပ်…။
Promotion ကုန်ဆုံးရက် | 31.1.2021 |
---|---|
စာမျက်နှာ | 532 |
စာအုပ်အရွယ်အစား | 5.5 x 1.2 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | Quality၊ 2019 ဇန်နဝါရီလ (ဒု-ကြိမ်) |
2 in stock
ကေခိုင်ထွန်း –
အဆင်ပြေပါသည်။
linnyankha (verified owner) –
ဟေယွန်ဆီယိုလီ….
ဒါ သူမရဲ့ ခုနှစ်ခုမြောက်နာမည်လေးပေါ့။
သူမကို စသိတာ နာမည်ခုနှစ်လုံးနှင့် မိန်းကလေးဆိုတဲ့စာအုပ်။
ဒီစာအုပ်ကို ကျွန်တော် ဝယ်ဖြစ်သွားတာက နာမည်လေးသဘောကျလို့ပဲ။
နာမည်ခုနှစ်လုံးနှင့်မိန်းကလေး တဲ့။
ဘယ်လိုကြောင့် နာမည်ခုနှစ်လုံးတောင်ရှိသလဲပေါ့။
ဒီစာအုပ် ဖတ်ပြီးသွားတဲ့နောက်မှာ သူမ TED မှာ ဟောပြောခဲ့တာတွေ၊ အင်တာဗျုးတွေပါရှာပြီး နားထောင်ဖြစ်တယ်။
မိန်းကလေးငယ်တစ်ဦးရဲ့ စနစ်ဆိုးကြီးအောက်ကနေ လွတ်မြောက်လာခဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ရဲတာကို တကယ်ချီးကျူးမိတယ်။
ဒီစာအုပ်လေးအကြောင်း အနည်းငယ်ညွှန်းပေးမယ်ဗျာ။
တကယ်တမ်းက ဖတ်ကိုဖတ်ကြည့်သင့်တာ။
စိတ်ကူးယဥ်ရေးသားတဲ့ ဝတ္ထုတွေထက်တော့ တကယ့်ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကို ဖတ်ရတာ အရသာပိုရှိပါတယ်ဗျာ။
ဘာကြောင့်ဖတ်သင့်လဲဆိုတာထက် ကျွန်တော်သတိထားမိတဲ့အချက်တွေကိုပဲ ပြန်ညွှန်းပါရစေ။
မြောက်ကိုရီးယားဟာ အခုချိန်ထိ တံခါးပိတ်ဝါဒနဲ့ အာဏာရှင်စနစ်အုပ်ချုပ်နေတဲ့နိုင်ငံတစ်ခု။
ဒီစာအုပ်ဟာ အရက်စက်ဆုံးအစိုးရအုပ်ချုပ်ရေးအောက်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ မိန်းကလေးတစ်ဦးရဲ့ ဘဝဖြစ်စဥ် အတ္ထုပ္ပတ္တိပေါ့။
စာအုပ်မှာ မြောက်ကိုရီးယားနိုင်ငံတွင်းက အုပ်ချုပ်မှုစနစ်၊ စီးပွားရေးအခြေအနေ၊ လူမှုဘဝနေထိုင်မှုစတာတွေကို ကလေးတစ်ယောက်ရဲ့အမြင်အနေနဲ့ တွေ့မြင်ရတယ်။ ပညာရေးစနစ်မှာလည်း ငယ်စဥ်ကလေးဘဝကတည်းက Brainwash လုပ်ခံထားရတဲ့ပညာရေးစနစ်အကြောင်းကိုလည်း တွေ့ရတယ်။ ကိုးကွယ်မှုမှာလည်း သူတို့ခေါင်းဆောင်ကြီးမှလွဲလို့ မည်သည့်ကိုးကွယ်ရာမှ မပြုလုပ်ရတဲ့ စနစ်ဆိုးကြီးအကြောင်း၊ ခေါင်းဆောင်ကြီးကို မထီမဲ့မြင် ပြုမိတာနဲ့ သားစဥ်မြေးဆက် နိမ့်ကျတဲ့ ဘဝအခြေအနေနဲ့သာ ရပ်တည်သွားရကြောင်း ပြည်သူတွေကို လူမျိုးခွဲခြားမှုတွေကို သိရှိရတယ်။ ဒါ့အပြင် အချိန်မရွေးပြည်သူခြင်း အပြန်အလှန်စောင့်ကြည့်ကာ အစိုးရကိုသတင်းပို့ခြင်းနဲ့ အစိုးရကိုတွန်းလှန်ဖို့စည်းရုံးခြင်းမျိုးမလုပ်နိုင်အောင် စိတ်ဝမ်းကွဲထားခြင်းမျိုးကို ပြုလုပ်ထားတာတွေ့ရတယ်။
ဟေယွန်ဆီယိုလီရဲ့ မိသားစုက အတန်အသင့်အခြေအနေထဲပါတာမို့ မဟာအငတ်ဘေးကျရောက်နေချိန်၊ တိုင်းပြည် ဝရုန်းသုန်းကားဖြစ်နေချိန်မှာ ပြည်သူတွေရဲ့ ဘဝအခြေနေမှန်ကို မြင်တွေ့ရပြီး တစ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ တိုးတက်မှုတွေကို မြင် တွေ့တဲ့အချိန် အသက်(၁၇)နှစ်အရွယ်မိန်းကလေးတစ်ဦး စူးစမ်းလိုစိတ်နဲ့ တစ်ဖက်နိုင်ငံကို ခိုးပြီးသွားလည်ချိန်မှာ ကိုရီးယားကို ပြန်လာရင်သူ့မိသားစုနဲ့ အသက်အန္တရာယ်ကျရောက်မှာသိလိုက်ရတော့ နိုင်ငံကနေ ထွက်ပြေးလာတဲ့ အသက်မပြည့်သေးတဲ့မိန်းကလေးတစ်ဦးရဲ့ တရုတ်နိုင်ငံထဲမှာ ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်ဖို့ ခက်ခဲစွာကြိုးစားခဲ့ရပုံတွေ၊ မိသားစုကို ပြန်တွေ့လိုစိတ်ကတစ်ဖက်၊ ဘဝရပ်တည်ဖို့ ရုန်းကန်ရတာက တဖက်နဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ဦးရဲ့ခံစားချက်တွေကို တွေ့မြင်ရတယ်။ သူထွက်ပြေးလွတ်မြောက်လာပြီးတဲ့နောက်မှာတော့ တောင်ကိုးရီးယားမှာ ခိုလှုံခွင့်တောင်းကာ နိုင်ငံသားဖြစ်ပြီးတဲ့နောက်မှာ သူ့မိသားစုကို ကယ်ထုတ်ရာတွင်လည်း အခက်အခဲတွေကြုံတွေ့ခဲ့ရပုံတွေကိုလည်း ရင်သပ်ဖွယ်တွေ့မြင်ရပါတယ်။
အခုဆိုရင်တော့သူမဟာ နိုင်ငံတကာက ချီးကျုးဂုဏ်ပြုခံရတဲ့သူတစ်ဦးဖြစ်နေပါပြီ။ ဒီစာအုပ်မှာ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးရဲ့ မိမိနိုင်ငံတွင်းက သရုပ်မှန်အခြေအနေတွေကို ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုရဲတာ ချီးကျူးစရာပါ။ ကျွန်တော်တို့ မသိသေးတဲ့ မြောက်ကိုးရီးယားနိုင်ငံဆီက အရက်စက်ဆုံးအုပ်ချုပ်ရေးစနစ်ဆိုးကြီး အကြောင်းတွေ၊ မြောက်ကိုရီးယားနိုင်ငံရဲ့ ရိုးရာဓလေ့တွေကိုလည်း ဖွင့်ဟပြထားပါတယ်။ သူမလို ထွက်ပြေးလွတ်မြောက်ကာ အောင်မြင်နေကြသူတွေလည်း ရှိပါတယ်။ ဒီစာအုပ်ကတော့ ဟေယွန်ဆီယိုလီရဲ့ ဘဝနဲ့ရင်းပြီးရခဲ့တဲ့ ဘဝသင်ခန်းစာတွေ၊ စနစ်ဆိုးကြီးအောက်က သနားဖွယ်ရာ ပြည်သူတွေရဲ့ ဘဝအခြေအနေတွေကို ထင်ထင်ရှားရှား မြင်ရတာမို့ ဖတ်ရှုသင့်တဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ညွှန်းပါရစေ။
လင်းယံခ
၃၀.၁၂.၂၀၂၀