နက္ခတ်မှားတဲ့ ချစ်ခြင်း

( 1 မှတ်ချက်)

10000 (ကျပ်)

🌠 “ဖတ်နေရင်း သူအိပ်ပျော်သွားပုံကို ချစ်လိုက်တာ .. ဖြည်းဖြည်းလေး .. နောက်တော့ ချက်ချင်းဆိုသလို .. ”

🌠 ကင်ဆာအကျိတ်ကို သေးငယ်သွားစေတဲ့ ဆေးပညာရဲ့အလှည့်အပြောင်း အဆင့်အတန်းတစ်ခုက ဟေဇယ့်အတွက် နေရမယ့် နှစ်ကို အနည်းငယ် ပိုတိုးသွားစေပေမယ့် တကယ်တမ်း ဖြစ်လိုက်ရင်တော့  အသည်းအသန်တွေချည်းပါပဲ .. သူမရဲ့ နောက်ဆုံးအချိန်ဟာလည်း ရောဂါနာမည်တပ်မှုပေါ်မှာ မူတည်နေတာပါ ..

🌠 ဒါပေမဲ့ သြဂစ္စတပ်စ် ဝါးတားစ်ဆိုတဲ့ ချစ်စရာ အလှည့်အပြောင်းကလေးတစ်ခုက ကင်ဆာရောဂါကလေးများ ဖေးမကူအဖွဲ့မှာ ရုတ်တရက် ပေါ်ထွက်လာတဲ့အချိန်မှာတော့ ဟေဇယ့်ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးက လက်စသတ်ရေးသားဖို့ ဖြစ်လာပါတော့တယ် ..

🌠အတွေးအခေါ်ပြည့်ဝပြီး၊ ရဲရင့်တဲ့တင်ပြပုံ၊ စွဲမက်စရာ အရေးအသားကြောင့် နက္ခတ်မှားတဲ့ ချစ်ခြင်း စာအုပ်ကလေးက ချစ်စရာကောင်းသလို၊ ရှင်သန်ခြင်းနဲ့ လူတစ်ယောက်ကို နင့်နင့်နဲနဲချစ်မိခြင်း ဆိုတာဟာ စိတ်လှုပ်ရှားစရာဖြစ်တယ်လို့ ခံစားရစေပါတယ် ..

🌠 နက္ခတ်မှားတဲ့ ချစ်ခြင်းအတွက် မုဒိတာ စကားအနေနဲ့ ..

ဆန်းဒေးတိုင်းမ်စ် – ထိထိခိုက်ခိုက် ခံစားရစေတဲ့ ချစ်စရာဇာတ်လမ်းလေး တစ်ပုဒ် ..

တနင်္ဂနွေ သူရိယ (ဖဲဗျူးလတ်စ်မဂ္ဂဇင်း) – သိပ်ကောင်းလွန်းလို့ လူတိုင်းဖတ်သင့်တဲ့ ဝတ္ထုတစ်ပုဒ် ..

ဒေးလီး အိတ်စ်ပရက်စ် – စာရေးဆရာ ဂျွန်ဂရင်းက လူငယ်မျိုးဆက်ရဲ့အသံကို သေချာဖမ်းဆုတ်နိုင်တဲ့သူ .. ဘဝဆိုတာ ခံစားရတာတွေများလွန်းလို့ နေဖို့ အချိန်မလောက်တဲ့အရာလို့ သေချာ ခြယ်မှုန်းပြသွားနိုင်တယ် ..

မက်ထရို (၂၀၁၃ အကောင်းဆုံး ဝတ္ထု) – သေလုမျောပါး ရောဂါခံစားနေရတဲ့ ဆယ်ကျော်သက်နှစ်ယောက်ကြားက ရင်နင့်စရာ အချစ်ဇာတ်လမ်းလေး .. တကယ်တော့ ဒါဟာ ချစ်စရာကောင်းတယ် .. ပျော်ရတယ် .. မဆီလျော်ဘူးလို့ ထင်စရာပဲ .. ဒါပေမဲ့ အသက်ရှင်သန်ခြင်းဆိုတာကို ချစ်မြတ်နိုးစေလိမ့်မယ် ..

အိမ်ရှင်မ – ပျော်စရာလည်းကောင်းသလို အသည်းလည်းကွဲရတယ်။ အဓိက ဇာတ်ကောင် ဟေဇယ်နဲ့ သြဂစ္စတပ်စ်တို့ကို မချစ်မိသွားပါစေနဲ့လို့ ကျွန်မတို့ သတိပေးလိုက်ပါရဲ့နော် ..

တက်ဘလက် သတင်းစာ – ဟာသလေးတွေနဲ့ ဆွံ့ပျံ့ဖွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ .. အရမ်းလည်း ပျော်စရာကောင်းသလို ဆုံးရှုံးရတဲ့အခါ ခံစားရတဲ့ဝမ်းနည်းမှုကို ဖွေရှာသွားတာ စိတ်ထိခိုက်စရာပါ .. ပြီးတော့ ဒါ ကင်ဆာရောဂါသည်တွေတင် မဟုတ်ဘဲ လူတိုင်းဖတ်သင့်တဲ့ စာအုပ်ပါ ..

ဘလစ်စ် – အခိုက်အတန့်တိုင်းကို တန်ဖိုးထားတတ်ချင်တယ်ဆိုရင်တော့ ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်တစ်အုပ် ..

မစ်ဇ် – အမြင်ကျယ်စေတယ် .. ရဲရင့်တယ် .. မဆီမလျော်တွေပါတယ် .. တင်ပြပုံ အရိုင်းဆန်တယ် .. တကယ်လို့ ဒီစာအုပ်ကြောင့်  မျက်ရည်မကျမိဘူးဆိုရင်တောင် သင့်ကို အတွေးပွားစေလိမ့်မယ် .. ရယ်မောမိစေလိမ့်မယ် .. ပြီးတော့ သင့်ကိုယ်သင် ချစ်မိသွားစေလိမ့်မယ် ..

စာမျက်နှာ

320

စာအုပ်အရွယ်အစား

5.4 × 0.5 × 8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 ဩဂုတ်လ(ပထမအကြိမ်)

21 in stock

နက္ခတ်မှားတဲ့ ချစ်ခြင်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    “တချို့ အနန္တတွေဟာ
    တခြားအနန္တတွေထက် ပိုကြီးပါတယ်”

    “သြဂစ္စတပ်စ် ဝါးတားစ်” နဲ့
    “ဟေဇယ်ဂရေစ့်” တို့ကြားက အချစ်ဇာတ်လမ်း ၊ စာအုပ်အမည်လေးအတိုင်း ပြောရမယ်ဆိုရင် “နက္ခတ်မှားတဲ့ ချစ်ခြင်း”တဲ့လေ။

    ကင်ဆာရောဂါကို ခံစားနေရတဲ့ ကောင်လေးနဲ့ ကောင်မလေးအကြောင်း စာအုပ်လေးပါ။တချို့ဆို ရုပ်ရှင်အဖြစ် ကြည့်ဖူးကြမယ် ထင်ပါတယ်။

    ကျွန်မကတော့ နေကောင်းကျန်းမာဖို့ရွေးချယ်ခွင့်မရပေမဲ့ ဘဝကို ရှေ့ဆက်လျှောက်လှမ်းကြတဲ့ သူတို့နှစ်ယောက်စလုံးကို လေးစား ချစ်ခင်မိပါတယ်။

    နောက်ပြီး နေမကောင်းတဲ့ကလေးကို
    မွေးထားရတဲ့ မိဘနေရာ၊ ကိုယ့်ကြောင့်နဲ့ မိဘတွေ မပျော်မရွှင်ဖြစ်နေမှာကို
    မကြည့်ရက်တဲ့ သားသမီး နှစ်ဖက်စလုံးကို ကိုယ်ချင်းစာမိပြန်တယ်။

    “အမ်စတာဒန်ကို လိုက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

    “နင့်ရဲ့ နောက်ဆုံးဆန္ဒကို မောင်ပိုင်စီးခွင့်ပေးတဲ့အတွက်လည်း ငါက ကျေးဇူးတင်ပါတယ်”
    (ဟေဇယ်)

    “ငါ တိုက်မယ်။ ဒီတိုက်ပွဲကို နင့်အတွက်
    ငါနိုင်အောင် တိုက်မယ်။ နင် ငါ့အတွက်
    စိတ်မပူနဲ့ ဟေဇယ်ဂရေစ့်။ငါ အဆင်ပြေပါတယ်။
    နင့်ဘေးမှာကပ်ပြီး နင့်ကို
    စိတ်ညစ်အောင် စ,ဖို့ အချိန်တွေ အကြာကြီး ဆက်နေဦးမှာပါ” (သြဂစ္စတပ်စ်)

    “ကျွန်မရဲ့ ကန့်သတ်ခံ ဘဝကို မကျေနပ်မိတဲ့ နေ့ရက်ပေါင်းများစွာ ရှိခဲ့ဖူးပါတယ်။ရသင့်တာထက် ပိုများတဲ့ နံပါတ်တွေလည်း ရချင်ခဲ့မိတယ်။ ဘုရားသခင်… သြဂစ္စတပ်စ်ကို သူရထားတဲ့ နံပါတ်တွေထက် ပိုပြီး ပေးသနားတော်မူပါ။

    ဒါပေမဲ့ ဂတ်စ်ရေ…အချစ်ရေ…ငါတို့ရဲ့ သေးငယ်လှတဲ့ အနန္တအတွက် နင့်ကို ဘယ်လောက် ကျေးဇူးတင်မှန်း ပြောမပြတတ်အောင်ပါပဲ။ဒါကို ငါ ဘာနဲ့မှ မလဲနိုင်ပါဘူး။နင်က ငါ့ကို အမှတ်စဥ်တပ်ထားတဲ့ နေ့ရက်တွေထဲမှာ ထာဝရ ဆိုတာကို ပေးအပ်ခဲ့တာပါပဲ။ငါ နင့်ကို သိပ်ကျေးဇူးတင်ပါတယ်ဟာ။” (ဟေဇယ်)

    ကမ္ဘာကြီးဆိုတာ ဆုတောင်းတွေ ဖြည့်ပေးနေတဲ့ စက်ရုံတစ်ခုမဟုတ်ဘူးတဲ့…။

    ဒါပေမဲ့လည်း ရှင်သန်လိုစိတ်ရှိတဲ့သူတွေအတွက်တော့ ကမ္ဘာကြီးပေါ်မှာ ပိုပြီး
    နေထိုင်ခွင့် ရစေချင်မိတာပါပဲ။✨️

    ဒီစာအုပ်လေး ဖတ်ပြီးသွားတဲ့ အချိန်မှာ သူတို့ရဲ့ နာကျင်စရာ နေ့ရက်တွေအတွက်
    ကိုယ်ချင်းစာ သနားနေမိတယ်။ဒါပေမဲ့
    နာကျင်ခံစားခဲ့ရတဲ့ သူတို့ဝေဒနာတွေကိုဖြင့် စိတ်နဲ့ လက်လှမ်း မမှီနိုင်ဘူးပေါ့။

    တကယ်တော့ ကျွန်မ မငိုဖြစ်တာကြာပါပြီ။ဒီနေ့တော့ ဒီစာအုပ်လေးဖတ်ပြီး ငိုမိသွားတယ်။ငိုရမဲ့ ဇာတ်လမ်းတွေ မကြည့်ချင်၊စာအုပ်တွေ မဖတ်ချင်ပေမဲ့ ဒီစာအုပ်လေး ဖတ်ခွင့်ရတာကိုတော့ ကျေနပ်နေမိပါတယ်။

    ရောဂါဝေဒနာခံစားနေရပေမဲ့ သူတို့နှစ်ယောက် ဘဝကို ဘယ်လိုမျိုး ကျော်ဖြတ်ကြသလဲ၊သူတို့မိဘတွေကရော ဘယ်လိုစိတ်ခွန်အားတွေ ပေးကြလဲ၊ချစ်ခြင်းတရားတွေကိုဖြင့် ဘယ်အရာကမှ
    တားဆီးနိုင်စွမ်း မရှိတဲ့အကြောင်း စတာတွေကို သိချင်ရင်တော့ ဒီစာအုပ်လေးဖတ်ပြီး ခံစားကြည့်စေချင်ပါတယ်။

    စာအုပ်ကောင်းလေး ဖတ်ခွင့်ရတဲ့အတွက် ဘာသာပြန်ပေးတဲ့ ဆရာလင်းသစ်၊
    ထုတ်ဝေပေးတဲ့ စာရိပ်မြိုင်စာပေတို့ကိုလည်း ကျေးဇူးတင်ပါတယ်။

    #နက္ခတ်မှားတဲ့ချစ်ခြင်း
    #TheFaultInOurStars
    #လင်းသစ်
    #စာရိပ်မြိုင်စာပေ
    #reviewby하은
    #10Sep2023

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

လင်းသစ် စာအုပ်များ