စိတ်အတွက်ဖတ်စာ
4000 (ကျပ်)
တစ်ခါတလေ ကျွန်တော်တို့ဟာ တောအုပ်ကြီးတစ်ခုရဲ့ အလယ်ကို ရောက်နေသလို အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ် .. ထွက်ပေါက်လို့ ထင်တဲ့ နေရာတွေကို ကြိုးစားရှာဖွေရင်း အချိန်ကုန် လူပင်ပန်းတွေဖြစ်ပြီး စိတ်ဓာတ်တွေ ကျဆင်းရပါတယ် .. လမ်းမတွေ့ဘဲ လမ်းပျောက်နေတာ ကြာလာတော့ လူဟာ မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီး ဘ၀အဓိပ္ပာယ်ပါ မရှိသလို ခံစားလာရပါတော့တယ် ..ဒီစာအုပ်ကို မူရင်းရေးသားသူ စာရေးဆရာ Matt Haig ဟာလည်း ဒီလို စိတ်ထွက်ပေါက်မရှိတဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရပြီး စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ဖူးသူတစ်ယောက် ဖြစ်ပါတယ် .. ” ဒီစာအုပ်လေးကို ဖတ်ပြီးရင် စိတ်ပင်ပန်းမှုတွေကို တစ်နည်းတစ်ဖုံ အဖြေရှာတွေ့သွားမှာပါလို့ လမ်းညွှန်အာမခံပေးနိုင်တာမျိုးတော့ မဟုတ်ပါဘူး .. စိတ်ကျဝေဒနာ ခံစားဖူးသူတစ်ယောက်က သူမြင်ခဲ့ ၊ တွေးခဲ့ဖူးတာလေးတွေကို ဘေးနားကနေ စကားစမြည် လာထိုင်ပြောပေးနေသလိုမျိုးတော့ ခံစားရပါလိမ့်မယ် .. ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့ အတွေးလေးကပဲ စာဖတ်သူကို နှစ်သိမ့်မှုလေး ရစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ” တဲ့ ” ဒီစာအုပ်ကို ဖတ်ချင်သလို ဖတ်ပါတဲ့ ..အစကပဲ ဖတ်ဖတ် ၊ အလယ်က ဖတ်ဖတ် ၊ နောက်ဆုံးကနေ ပြောင်းပြန်လှန်ပြီးပဲ ဖတ်ဖတ် .. ။ တချို့ စာမျက်နှာတွေ စုတ်ဖြဲချင်စုတ်ဖြဲလိုက်ပါစေဦး ၊ ဘာမှ ပြဿနာမရှိဘဲ ဖတ်လို့ ရနိုင်ပါတယ်တဲ့ ။ သူပြောသလိုပဲ စာပုဒ်တွေက ခေါင်းစဉ်တစ်ခုတည်းအောက်မှာ ရှိမနေတဲ့ အတွေးပေါင်းသောင်းခြောက်ထောင်သာ ဖြစ်ပါတယ် ။ ဆိုခဲ့ဖူးသလို ကိုယ်စိတ်ဓာတ်ကျနေချိန်မှာ ဘေးနားကနေ စကားစမြည် လာပြောပေးနေသလိုမျိုးပါ “။
စာမျက်နှာ | 112 |
---|---|
စာအုပ်အရွယ်အစား | 5.5× 0.3×8.1 inches |
ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2022 အောက်တိုဘာလ (ပထမအကြိမ်) |
16 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ