အပြစ်မဲ့ အပြစ်သား
4500 (ကျပ်)
ကမ္ဘာမှာ အာဏာရှင်ပေါင်းများစွာ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အာဏာရှင်ကြောင့် ဖွံ့ဖြိုးတိုးတက်သွားတဲ့နိုင်ငံ၊ ပြည်သူတွေရဲ့လွတ်လပ်မှုနဲ့အသက်အိုးအိမ်စည်းစိမ်လုံခြုံသွားတဲ့နိုင်ငံဆိုတာကတော့ မရှိသလောက် ရှားပါတယ်။ ဒါ့အပြင် တစ်ကိုယ်စာအကျိုး၊တစ်စုစာအကျိုးအတွက် လူ့အသက်ပေါင်းများစွာကို ကြက်ကလေးငှက်ကလေးသတ်သလို လက်ရဲဇက်ရဲသတ်ဖြတ်ရဲတာကလည်း အာဏာရှင်စနစ်ပါပဲ။
အဲဒီလိုအာဏာရှင်စနစ်ကိုနောက်ခံထားပြီး ရေးသားထားတဲ့ The Boy in The Striped Pajamas မူရင်းစာအုပ်လေးကတော့ စာဖတ်သူတွေရင်ကို လှုပ်ခတ်သွားစေတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ခဲ့ပါတယ်။ ဒီဝတ္ဃုကို ၂ဝဝ၆ ခုနှစ်မှာJohn Boyne က ရေးသားခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အုပ်ရေပေါင်း(၇)သန်းကျော်အထိရောင်းချခဲ့ရကာ စာပေဆုပေါင်း များစွာ ချီးမြှင့်ခံခဲ့ရပါတယ်။ စာအုပ်ခေါင်းစဉ်အတိုင်း ရုပ်ရှင်ထွက်ရှိခဲ့ရာတွင်လည်း ပိုမိုအောင်မြင်မှုရရှိခဲ့ပြီး နာဇီစစ်သားတွေအကြောင်းရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားစာရင်းမှာTop-10 ဝင်ခဲ့ပါတယ်။ မြန်မာပရိသတ်အချို့ ကြည့်ဖူးခဲ့ကြပြီး အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ခဲ့ပါတယ်။
စာအုပ်မှာ ဟစ်တလာရဲ့အမိန့်ကြောင့် နာဇီစစ်ဗိုလ်ချုပ်ကြီးတွေဟာ ဂျူးလူမျိုးများစွာကို ရက်ရက်စက်စက် အဆိပ်ငွေ့ပေးသတ်ဖြတ်ခဲ့ကြပုံ၊ အသတ်ခံရသူတွေထဲမှာ အပြစ်မဲ့ကလေးငယ်ပေါင်းများစွာပါဝင်ခဲ့ပုံ၊ နာဇီစစ်ဗိုလ်ချုပ်ကြီးတစ်ဦး အပြစ်မဲ့ဂျူးလူမျိုးတွေအပေါ် အဆင်အခြင်မဲ့သတ်ဖြတ်ရင်း နောက်ဆုံး သူ့ရဲ့အချစ်ဆုံးသားလေးကိုပါ မှားယွင်းသတ်ဖြတ်လိုက်မိပုံအကြောင်း ရင်နင့်ဖွယ်ရေးသားထားပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်လမ်းမို့ အစ-အဆုံးဖတ်ကြည့်ရင် ပိုပြီးစိတ်ထိခိုက်စေမှာ သေချာပါတယ်။
အဲဒီ ကမ္ဘာကျော်မူရင်းစာအုပ်လေးကို ဆရာသက်ပိုင်က ‘‘အပြစ်မဲ့-အပြစ်သား’’ဆိုပြီး မြန်မာလို ဆီလျော်အောင် ပြန်ဆိုရေးသားထားပါတယ်။
စာမျက်နှာ | 207 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.5 × 8.4 inches |
ပုံနှိပ်မှတ်တမ်း | Pica စာပေ၊ 2021 ဇူလိုင်လ (ပ-အကြိမ်) |
7 in stock
Yuki Annika –
Best film I’ve ever watched. Can’t wait to read the book ♥️
Pyae Ar Kar –
ဟစ်တလာရဲ့ နာဇီစစ်သားတွေအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကားစာရင်းမှာ Top ten ၀င်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း စာအုပ်ရေပေါင်း 7 သန်းကျော်အထိ ရောင်းချခဲ့ရတဲ့ The Boy In The Striped Pajamas ..
ဒီစာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာကို ကျွန်တော် အရင်ကြည့်ဖြစ်ခဲ့တယ် .. ဒီစာအုပ်လေးထွက်လာတော့ ရုပ်ရှင်ကို အရမ်းကြိုက်တာကြောင့် စာအုပ်နဲ့ ရုပ်ရှင်ဘာကွာမလဲဆိုပြီး လေ့လာကြည့်ခြင်းဖြစ်တယ် ..
ဇာတ်လမ်းလေးကို အကြမ်းဖျဉ်း ပြောပြရမယ်ဆိုရင် ဘရူနိုဆိုတဲ့ ကောင်လေးရဲ့ ဖခင်ဟာ ဂျူးလူမျိုးတွေကို အမြစ်ဖြုတ် သုတ်သင်နေတဲ့ ဟစ်တလာရဲ့ လက်ပါးစေ ဖြစ်တယ် ..
တစ်နေ့ ဟစ်တလာရဲ့ အမိန့်အရ ပိုလန်နိုင်ငံက အောက်၀စ်သ် အကျဉ်းထောင်ကို ပြောင်းရွှေ့တာ၀န်ထမ်းဆောင်ဖို့ ရောက်လာတယ် ..
စူးစမ်းတတ်တဲ့ ကောင်လေး ဘရူနိုတစ်ယောက် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး ပတ်၀န်းကျင်ကို လေ့လာတဲ့အခါ သူ့ပတ်၀န်းကျင်မှာ မတူညီတဲ့ လူတစ်စုနဲ့ အနေအထားအချို့ကို မြင်တွေ့ခဲရတယ် ..
အဲ့မှာ ရှမူးလ်ဆိုတဲ့ ပိုလန်နိုင်ငံသား ဂျူးကောင်လေးနဲ့ သူငယ်ချင်းဖြစ်သွားပြီး သူတို့လောကကို စိတ်၀င်စားခဲ့တယ် .. သူစိတ်၀င်စားတဲ့ အင်္ကျီအစင်းကြား၀တ် လူတစ်စုကို လေ့လာရင်း သူဟာ …..
ဒီထဲမှာ ပိုလန်ကောင်လေး ရှမူးလ်ပြောတဲ့ စကားလေးတစ်ခွန်းကို မှတ်မှတ်ရရဖြစ်ခဲ့တယ် .. ဘရူနိုက ရှမူးလ်ဆိုတဲ့ နာမည်ကို သဘောကျကြကြောင်းပြောတဲ့အခါ ရှမူးလ်ဆိုတဲ့ နာမည်တွေ တစ်ဒါဇင်လောက်ရှိမယ် ၊ တစ်ရာလောက်တော့ရှိမယ် .. ငါ့မှာလည်း ကိုယ်ပိုင်နာမည်လေး ရှိရင် သိပ်ကောင်းမှာပဲလို့ ပိုလန် ဂျူးလေးက ပြောသတဲ့ ..
ဒီဇာတ်လမ်းလေးကို ရုပ်ရှင်ကြည့်ပြီးတုန်းကလည်း ငိုခဲ့ရသလို စာအုပ်ဖတ်ပြီးတော့လည်း မျက်ရည်ကျခဲ့ရတယ် .. ဘာကွာသလဲမေးရင် ပုံဖော်ပြီး တွေးဖြစ်တဲ့ ၀မ်းနည်းခြင်းနဲ့ ပုံမြင်လို့ ၀မ်းနည်းရခြင်း ကွာတယ်လို့ ပြောရမယ် ..
#အပြစ်မဲ့အပြစ်သား
#သက်ပိုင်
#TheBoyInTheStripedPajamas
#PyaeArKar
ဦးကျော်မိုးခက် –
စာညွှန်းကိုဖတ်ကြည့်ပြီး အရမ်းဖတ်ချင်လာလို့ပါ