သတိဖြင့် မိဘအုပ်ထိန်းမှုအနုပညာ
4000 (ကျပ်)
– ဒီစာအုပ်လေးဟာ အချိန်သိပ်မပေးနိုင်တဲ့ မိဘတွေ သူတို့ရဲ့ရင်သွေးတွေကို ဗဟုသုတကြွယ်ဝပြီး လိုက်ဖက်ညီတဲ့နည်းနဲ့ ပြုစုပျိုးထောင်ပေးဖို့ အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။
– သတိရှိတဲ့ မိဘအုပ်ထိန်းမှု အမျိုးမျိုးအဖုံဖုံကို စာတမ်းတိုလေးတွေနဲ့ ၅မိနစ်ပဲကြာတဲ့ ရိုးရိုးလေ့ကျင့်ခန်းလေးတွေနဲ့အတူ ဖော်ပြထားပါတယ်။ စိတ်တည်ငြိမ်မှုရရှိရေး ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ရေး၊အပြုသဘောဆောင်တဲ့ သဘောထားမြှင့်တင်ပေးရေးနဲ့ မိမိကိုယ်မိမိလေးစားသမှုရှိစေဖို့ ပြုစုပျိုးထောင်ရေးတွေနဲ့အတူ နေ့စဥ်ဘဝမှာ သတိရှိဖို့ အလေ့အကျင့်ကိုသုံးပြီး ခက်ခဲတဲ့အခြေအနေတွေကို ဖြတ်ကျော်ရင်း မိဘသားသမီးနှစ်ဦးကြား ချစ်မြတ်နိုးတဲ့နှောင်ကြိုး ပိုပြီးခိုင်မြဲစေနိုင်ပါတယ်။ မိဘတွေအုပ်ထိန်းသူတွေအရွယ်အမျိုးမျိုးအတွက် အကျိုးရှိစေ မယ့်စာအုပ်လေးပါ။
– သင့်မိသားစုဘဝ ပိုပြီးငြိမ်းချမ်းတဲ့အပြင် ပြီးပြည့်စုံဖို့အတွက် အကြံတွေ၊အဖြစ်အပျက်တွေ၊လေ့ကျင့်ခန်းတွေအများကြီးဖော်ပြထားပါတယ်။ ဒီစာအုပ်ငယ်လေးဟာ အချိန်မရွေး နေရာမရွေးဖတ်လို့ရတဲ့ အဖော်ကောင်းလေးပါ။ ဖတ်သာဖတ်ပါ။လေ့ကျင့်ခန်းလေးတွေစမ်းကြည့်ပါ။သင့်ကလေးနဲ့ ဆက်ဆံရေး ပိုပြီးကြွယ်ဝကောင်းမွန်ပြီး ပျော်ရွှင်လာပါလိမ့်မယ်။
စာမျက်နှာ | 144 |
---|---|
စာအုပ်အရွယ်အစား | 5.2×0.2×7.5 inches |
ပုံနှိပ်မှတ်တမ်း | သားငယ်စာပေ 2022 စက်တင်ဘာလ (ပ-အကြိမ်) |
16 in stock
Esther Tun –
ဗဟုသုတရစေရန်အတွက်
Thae JM –
#သတိဖြင့်မိဘအုပ်ထိန်းမှုအနုပညာ
စာဖတ်သူဟာ မိဘတစ်ဦးဖြစ်မယ်ဆိုရင်တော့ ဒီစာအုပ်လေး ဖတ်ကိုဖတ်သင့်ပါတယ်….. မိဘနဲ့ သားသမီးဆက်ဆံရေးက ထင်ထားသလောက်လည်းမလွယ်ကူပါဘူး……. မိဘနဲ့သားသမီးကြားဆက်ဆံရေးကလည်း တစ်ဦးနဲ့ တစ်ဦးမတူညီနိုင်ကြပါဘူး….. အကြောင်းရင်းမှာ မိဘအုပ်ထိန်းမှုကြောင့် ကွဲပြားသွားတာလည်း ဖြစ်နိုင်ပါတယ်…….မိဘအုပ်ထိန်းမှုပေါ်မူတည်ပြီး သားသမီးတွေရဲ့ ခံယူချက်တွေကလည်း ကွဲပြားငွားမှာပဲဖြစ်ပါတယ်…..မိဘတိုင်းအုပ်ထိန်းနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုကတော့ ‘သတိဖြင့် မိဘအုပ်ထိန်းမှု’ ပဲဖြစ်ပါတယ်……ဘယ်လိုသတိမျိုး ဖြစ်မလဲ……
မိဘနဲ့ သားသမီးကြား ဆက်ဆံရေးမှာ သတိရှိနေဖို့က အရမ်းကို အရေးပါပါတယ်…..မိဘတိုင်း မိဘတိုင်း ကိုယ့်သားသမီးအတွက် စိုးရိမ်ကြသလို…..သားသမီးတွေနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုလည်း အနည်းနဲ့အများရှိတတ်ကြပါတယ်……ဒီစာအုပ်လေးက စာဖတ်သူတို့ စိုးရိမ်ပူပန်မှုတွေ စိတ်ဖိစီးမှုတွေလျော့သွားအောင် ကူညီပေးပါလိမ့်မယ်…..စာအုပ်ထဲမှာ ကိုယ်တိုင်လိုက်လုပ်လို့ လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ပြောပြထားပါတယ်…..
“Mindfulness” ဆိုတဲ့စကားကို ကမ္ဘာတစ်ဝှမ်းတွင်တွင်ကျယ်ကျယ် သုံးလာတာဟာ “Mindfulness” ဆိုတဲ့အသိသတိရှိခြင်း ကျင့်စဥ်ကို လူတော်တော်များများသုံးလာကြလို့ပဲ ဖြစ်ပါတယ်…..အသိသတိရှိရှိ ဆက်ဆံကြမှ မိသားစုဘဝလေးကလည်း ပိုပြီးသာယာလာကြတယ်ဆိုတဲ့ သက်သေတွေ Feedback တွေလည်းအများကြီးရှိပါတယ်……
စာအုပ်ပါနည်းလမ်းတွေက မခက်ခဲပါဘူး….စာဖတ်သူကိုယ်တိုင်လည်း စာတစ်ပိုင်း ဖတ်ပြီးသွားတိုင်း လိုက်ပြီး လုပ်ကြည့် လေ့ကျင့်ကြည့်လို့ရပါတယ်……ကလေးတွေကိုအတ္တနဲ့ အုပ်ထိန်းမိနေပြီလား ဒါမှမဟုတ် အတ္တနဲ့အုပ်ထိန်းတဲ့ မိဘတွေအောက်မှာကြီးပြင်းလာသူလား……သားသမီးတွေကို စစ်မှန်တဲ့လမေတ္တာနဲ့ အုပ်ထိန်းနိုင်ဖို့က မိဘရော သားသမီးအတွက်ပါ အဓိကပါပဲ…… စာအုပ်လေးဖတ်ပြီးရင်တော့ ကိုယ်ကဘယ်လိုအုပ်ထိန်းမိနေတယ်……ဘယ်လိုအုပ်ထိန်းခံနေရတယ် ဆိုတာ အဖြေပေါ်လာပါလိမ့်မယ်……
မိဘတွေကလည်း ကိုယ့်သားသမီးလေးတွေကို ငယ်စဥ်ကတည်းက Mindfulness ဖြစ်အောင်လေ့ကျင့်ပေးလို့ရပါတယ်……ကလေးတွေက မိဘတွေရဲ့ အမူအကျင့်ကို ပုံတူကူးချနေတာပါ……သင်ကောင်းတာလုပ်သည်ဖြစ်စေ မကောင်းတာလုပ်သည်ဖြစ်စေ ကလေးတွေကပုံတူကူးပါလိမ့်မယ်…….သင့်ကလေးတွေကို စာဖတ်တဲ့အကျင့် ပျိုးထောင်ပေးချင်တယ်ဆိုရင် သင်ကိုယ်တိုင်စာဖတ်တဲ့အကျင့်မွေးမြူရပါမယ်….ထိုနည်းအတိုင်းပါပဲ….. ကျွန်မတို့ ကလေးတွေအပေါ် ဖြစ်စေချင်တာတွေဖြစ်ဖို့က ကျွန်မတို့အပေါ်မှာပဲမူတည်ပါတယ်……ကျွန်မတို့ကလေးရဲ့ စံနမူနာဟာ ကျွန်မတို့ကိုယ်တိုင်ပဲဖြစ်ပါတယ်…..
“သတိအသိရှိတဲ့ မိဘအုပ်ထိန်းမှုဆိုတာ စိတ်ကောင်း စေတနာကောင်း အပြည့်ရှိတဲ့နည်းနဲ့ သားသမီးကိုအုပ်ထိန်းတာဖြစ်ပါတယ်….အမိန့်ပေးဆက်ဆံတာမျိုးမဟုတ်ပဲ သင်ပေးတာ…..ပြုစုပျိုးထောင်ပေးတာဖြစ်ပါတယ်…..ကလေးတွေကြီးလာရင် ဘာဖြစ်ရမယ် ညာဖြစ်ရမယ်ဆိုပြီး ကျွန်မတို့အားလုံးက စိတ်ထဲမှာရှိကြပါတယ်…..ဒါပေမယ့် သင့်ကလေးကို ဒီလိုဖြစ်ရမယ်….ဟိုလိုဖြစ်ရမယ်ဆိုပြီး သင်ကခံစားရမယ်…..ဒီအမြင်ကိုလည်းမပြောင်းလဲပဲနဲ့ ဆက်တင်းထားမယ့ဆိုရင်တော့ သင်ရောသင့်ကလေးအတွက်ပါ ဝမ်းနည်းစရာတွေဖြစ်စေမှာပါ……သတိရှိတဲ့မိဘက ဒေါသဘယ်တော့မှ မဖြစ်ဘူး အမြဲတမ်းတည်ငြိမ်နေတယ်လို့မထင်လိုက်ပါနဲ့…..
သတိရှိတဲ့မိဘတစ်ဦးအနေနဲ့ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ပိုပြီးတော့သိလေ့ရှိပါတယ်……စဥ်းစဥ်းစားစား တုန့်ပြန်ဖို့ကိုပဲကြိုးစားပါ…….ရုတ်တရက် စိတ်လိုက်မာန်ပါဆန့်ကျင်တုန့်ပြန်ဖို့ မကြိုးစားပါနဲ့…..သင့်ရဲ့ အလိုအလျောက်ခလုတ်တွေဘယ်အချိန်မှာ နှိပ်နေပြီဆိုတာ သတိမူကြည့်ပါ……သတိရှိနေခြင်းအားဖြင့် ချင့်ချင့်ချိန်ချိန် တုန့်ပြန်ဖို့ ပိုကောင်းတဲ့နည်းကိုရှာပါ…….
သင်က သင့်ကလေးကို လုံခြုံတဲ့ စိတ်ချရတဲ့ အခြေခံအုတ်မြစ်ချပေးနေပါပြီ……မေတ္တာ ကရုဏာ လက်ခံမှုနဲ့အတူ စိတ်လှုပ်ရှားမှုတွေ အလိုလိုသိခြင်းတွေကို သာသာယာယာရှိတဲ့အချိန် ဒုက္ခ သုခ ရောက်တဲ့အခါတွေမှာသုံးခြင်းအားဖြင့် သင့်ကလေးက စိတ်ကျန်းမာကိုယ်ချမ်းသာစွာနဲ့ အရွယ်ရောက်ကြီးထွားလာမှာ ဖြစ်ပါတယ်….သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် နားလည်မှုကလည်းတိုးတက်လာမှာဖြစ်ပါတယ်…..
တစ်ခါတစ်ရံတော့ မိဘတသ်ယောက်အနေနဲ့ ကလေးကို ပြုစုထိန်းကျောင်းရတာ အခက်အခဲတွေ နာကျင်မှုတွေရှိမှာဖြစ်ပါတယ်……ဒါပေမယ့် ဒီလိုအချိန်အခါတွေမှာ ကလေးကို ပိုပြီး ကြည်ကြည်လင်လင် နားလည်မှုရှိရှိမြင်ကြည့်နိုင်ဖို့ အလေ့အကျင့်အတွက် အထောက်အပံ့ဖြစ်ပါတယ်……
တကယ်လို့သင်က အတိတ်ကိုသိပ်ပြီးဖက်တွယ်နေမယ် အနာဂတ်အတွက်စိုးရိမ်နေမယ်ဆိုရင် သင်ဟာ ပစ္စုပ္ပန်မှာ စိတ်အားမရှိပဲ ဖြစ်နေပါလိမ့်မယ်……သလေးကလည်း ဒါကိုခံစားမိမှာဖြစ်ပါတယ်…..အသိသတိရှိတဲ့မိဘတသ်ဦးအနေနဲ့ သင့်ကလေးနဲ့ တောက်လျောက်အတူရှိနေစကာ မလိုပါဘူး……ဒါပေမယ့် ကလေးတွေနဲ့ အတူရှိနေချိန်မှာတော့ သူတို့ကို အာရုံအပြည့်ပေးထားရမှာဖြစ်ပါတယ်…..ကလေးတွေကို ဂရုစိုက်ခြင်း အသိသတိရှိခြင်းတွေက အာရုံစုစည်းမှုအများကြီးလိုအပ်ပါတယ်……ပင်ပန်းပေမယ့် ပြန်ရတဲ့အကျိုးကျေးဇူးတွေကြောင့် ပင်ပန်းရကျိုးနပ်ပါတယ် ” တဲ့……ကျွန်မသဘောအကျဆုံး စာစုလေးကိုဖော်ပြလိုက်ပါတယ်…….
မိဘနဲ့သားသမီးဆက်ဆံရေးတွေ ကောင်းမွန်ဖို့အတွက် ဒီစာအုပ်လေးဖတ်ခွင့်ရတဲ့အတွက်စာရေးသူကိုလည်းကျေးဇူးတင်ပါတယ်…..မိဘနဲ့ သားသမီး အားလုံးပဲ ဆက်ဆံရေးတွေလည်ူအဆင်ပြေကြပါစေ…..သတိရှိကြပါစေလို့ ဆန္ဒပြုရင်း…………
Thae JM