ချစ်ခြင်းအနုပညာ

( 0 မှတ်ချက်)

9000 (ကျပ်)

“အချစ်” ဆိုတာ ဘာလဲ။ ရုပ်ရှင်တွေထဲမှာ မြင်ရသလို ပန်းခင်းလမ်းလျှောက်ရတာမျိုးလား။ ဒါမှမဟုတ် သီချင်းတွေထဲကလို ချိုမြိန်တဲ့ စိတ်ကူးယဉ် အိပ်မက်တစ်ခုလား။ ကျွန်တော်တို့အားလုံး အချစ်ကို လိုချင်ကြတယ်၊ အချစ်အကြောင်း ပြောကြတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာ အချစ်ကို တည်ဆောက်ရတာက ထင်သလောက် မလွယ်ကူလှပါဘူး။

စိတ်ပညာရှင် Erich Fromm က ဒီစာအုပ်မှာ အချစ်ဆိုတာ “ခံစားမှု” သက်သက် မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ဆိုထားပါတယ်။ အချစ်ဆိုတာ “အနုပညာ” တစ်ရပ်ဖြစ်တဲ့အတွက် သူ့ကို ပိုင်နိုင်ဖို့ဆိုရင် အသိသညာ၊ လေ့ကျင့်မှု၊ စည်းကမ်းနဲ့ သည်းခံမှုတွေ အများကြီး လိုအပ်တယ်။

ဒီအချက်ကို ပိုပြီးလေးနက်သွားစေတာကတော့ “The Brothers Karamazov” ကာရာမာဇော့ဗ် ညီအစ်ကိုများ ဝတ္ထုကြီးရဲ့ ဖန်တီးရှင် Fyodor Dostoevsky ရဲ့ အောက်ပါ စကားတစ်ခွန်းပါပဲ။

“စိတ်ကူးယဉ် အိပ်မက်ထဲက အချစ်နဲ့ ယှဉ်လိုက်မယ်ဆိုရင်… လက်တွေ့ကျင့်သုံးရတဲ့ အချစ်ဆိုတာ ကြမ်းတမ်းပြီး ကြောက်မက်ဖွယ် ကောင်းလှပါတယ်။ စိတ်ကူးယဉ် အိပ်မက်ထဲက အချစ်ကတော့ ချက်ချင်းလက်ငင်း စွမ်းဆောင်နိုင်မယ့်၊ လျင်လျင်မြန်မြန် ကျေနပ်မှုရနိုင်မယ့်၊ ပြီးတော့ လူတိုင်းက ဝိုင်းကြည့်နေမယ့် အလုပ်မျိုးကို ငတ်မွတ်တောင့်တပါတယ်။

ဒီနေရာမှာ တကယ်တမ်း ဘယ်အဆင့်ထိ ရောက်သွားသလဲဆိုတော့… အချိန်အကြာကြီး မဟုတ်ဘဲ ဇာတ်ခုံပေါ်မှာလို မြန်မြန်ဆန်ဆန်သာ ပြီးဆုံးသွားမယ်၊ လူတိုင်းကလည်း ဝိုင်းကြည့်ပြီး ချီးကျူးထောပနာ ပြုကြမယ်ဆိုရင် အသက်ကိုတောင် စွန့်လွှတ်လိုက်ကြတဲ့ အထိပါပဲ။ ဒါပေမဲ့ လက်တွေ့ကျင့်သုံးရတဲ့ အချစ်ကတော့ လုပ်အားစိုက်ထုတ်ရခြင်းနဲ့ ခံနိုင်ရည်ရှိခြင်းတို့သာ ဖြစ်ပါတယ်။”

ဒီစကားဟာ Fromm ရဲ့ စာအုပ်အနှစ်သာရနဲ့ ထပ်တူကျနေပါတယ်။ Fromm က အချစ်ဆိုတာ ရုတ်တရက် “ကျရောက်/ကျရှုံး” သွားရမယ့်အရာ မဟုတ်ဘဲ၊ တက်ကြွစွာ “ရပ်တည်” ရမည့်အရာ၊ “ပေးကမ်း” ရမည့်အရာ ဖြစ်ကြောင်း ရှင်းပြထားပါတယ် ။ အချစ်စစ်မှာ ပေးကမ်းခြင်း၊ ဂရုစိုက်ခြင်း၊ တာဝန်ယူခြင်း၊ လေးစားခြင်းနဲ့ သိရှိနားလည်ခြင်းဆိုတဲ့ ခက်ခဲတဲ့ အရည်အသွေးတွေ ပါဝင်နေပါတယ်။

ဒီစာအုပ်ထဲမှာ စာရေးသူက –
●မိမိကိုယ်ကို မချစ်တတ်ရင် သူတစ်ပါးကိုလည်း မချစ်နိုင်ကြောင်း
●ခေတ်သစ်အရင်းရှင်စနစ်က လူတွေကို ဘယ်လိုဘယ်ပုံ စက်ရုပ်တွေလို ဖြစ်စေပြီး အချစ်ကို ဖျက်ဆီးနေကြောင်း
●အချစ်ကို ကျွမ်းကျင်ဖို့အတွက် စည်းကမ်း၊ စူးစိုက်မှုနဲ့ စိတ်ရှည်မှုတွေ ဘယ်လိုဘယ်ပုံ လိုအပ်ကြောင်း
စတာစတာတွေကို စိတ်ဝင်စားဖွယ် ဖတ်ရှုရမှာ ဖြစ်တယ်။

အထူးသဖြင့် အချစ်ကို စိတ်ကူးယဉ် အိပ်မက်အဖြစ် မဟုတ်ဘဲ၊ လက်တွေ့ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကြားထဲမှာ တည်ဆောက်ယူရမယ့် စွမ်းအားတစ်ခုအဖြစ် ရှုမြင်လိုသူများအတွက် ဒီစာအုပ်က အကောင်းဆုံး လမ်းပြပေးနိုင်ပါလိမ့်မယ်။

အချစ်ဆိုတာ အပြောလွယ်သလောက် လက်တွေ့လုပ်ဖို့ ခက်ခဲတဲ့ အနုပညာတစ်ခုပါ။ ဒါပေမဲ့ အဲဒီအနုပညာကို တတ်မြောက်သွားတဲ့အခါ ဘဝဟာ အရင်ကနဲ့မတူတော့ဘဲ အဓိပ္ပာယ်တွေ ပြည့်ဝသွားလိမ့်မယ်။

စာမျက်နှာ

152(Woodfree paper)

စာအုပ်အရွယ်အစား

5.6× 0.3 ×8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2025 ဒီဇင်ဘာလ (ပထမအကြိမ်)

11 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ချစ်ခြင်းအနုပညာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆည်းဆာ စာအုပ်များ