မိမိကိုယ်ကိုသတ်သေခြင်းနှင့် သေကြောင်းကြံစည်ခြင်း
2000 (ကျပ်)
ယနေ့အချိန်အခါမှာ မိမိကိုယ်ကိုသတ်သေတာတွေ၊သေကြောင်းကြံစည်တာတွေ မကြာခဏမြင်တွေ့ ကြားရလေ့ရှိပါတယ်။ ကမ္ဘာတစ်ဝန်း စက္ကန့် ၄၀ တိုင်းမှာ လူတစ်ယောက်သတ်သေနေတယ်လို့ဆိုပါတယ်။အဲဒီလို မိမိကိုယ်ကိုသတ်သေတာတွေ၊သေကြောင်းကြံစည်တာတွေဘာကြောင့်ဖြစ်တာလဲ…သေကြောင်းကြံစည်တာဟာစိတ်ကျန်းမာရေးမကောင်းလို့လား..အခြားဘာပြဿနာတွေရှိလို့လဲ…သေကြောင်းကြံစည်မယ့်လက္ခဏာတွေကဘာတွေလဲ…ဒီစာအုပ်မှာ…သေကြောင်းကြံစည်မှုဖြစ်စေတဲ့အကြောင်းရင်းတွေ၊သေကြောင်းကြံစည်တဲ့နည်းလမ်းတွေ၊သတ်သေခြင်းနဲ့ပတ်သက်ပြီး လွဲမှားစွာယူဆပြောဆိုနေတဲ့ယုံတမ်းစကားတွေနဲ့ အမှန်တရားတွေ၊သတ်သေခြင်းကို ကာကွယ်တဲ့နည်းလမ်းတွေစတဲ့မိမိကိုယ်ကိုသတ်သေခြင်းနဲ့ သေကြောင်းကြံစည်ခြင်းတို့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစာရေးသူက နှစ်ပေါင်းများစွာကိုယ်တိုင်ကြုံတွေ့ကုသပေးခဲ့ရတဲ့အတွေ့အကြုံတွေနဲ့လတ်တလောဖြစ်ပေါ်နေတဲ့သတင်းအချက်အလက်တွေကိုပေါင်းစပ်ပြီး ရေးသားထားပါတယ်။ဒီစာအုပ်ဟာ စာရေးသူယခင်ကထွက်ရှိခဲ့ဖူးတဲ့စာအုပ်အဟောင်းကိုပြန်ထုတ်ဝေတာမဟုတ်ဘဲလတ်တလောအဖြစ်များနေတဲ့ အကြောင်းအရာတွေကိုအသစ်ရေးထားတဲ့ တစ်ကြိမ်တစ်ခါမှထွက်ရှိဖူးခြင်းမရှိသေးတဲ့ အသစ်စက်စက်စာအုပ်လည်းဖြစ်ပါတယ်။
စာမျက်နှာ | 98 |
---|---|
စာအုပ်အရွယ်အစား | 4.9 x 0.2 x 7.4 inches |
ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ 2021 ဖေဖော်ဝါရီလ (ပ-ကြိမ်) |
8 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ