သောကစံအိမ်ကို တံခါးခေါက်သူ (15% Off)

( 0 မှတ်ချက်)

3000 (ကျပ်) 2550 (ကျပ်)

ပြင်သစ်စာရေးဆရာမ ဖရန်ဆွိုက်ဆေဂန်ရေးသားခဲ့သော ၀တ္ထုများအနက် နာမည်အကြီးဆုံး ၀တ္ထုကတော့ ပထမဆုံး၀တ္ထုဖြစ်သည့် Bonjour Tritesse ဖြစ်ပါတယ်။ Bonjour Tritesse ကို ၁၉၅၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး ဆေဂန်အသက် ၁၈နှစ်အရွယ်မှာ ဖန်တီးရေးသားခဲ့သည့် ၀တ္ထုဖြစ်ပါတယ်။ ၁၈နှစ်သမီးဆေဂန်ရဲ့ အနုပညာဖန်တီးမှုဟာ ပြင်သစ်နိုင်ငံတွင်းမှာသာမကပဲ နိုင်ငံတကာ စာပေလောကမှာပါ အောင်မြင်မှုကြီးကြီးမားမားရခဲ့ပါတယ်။ အနုပညာမှာ ထူးခြားအစွမ်းထက်တဲ့ ဆေဂန်ဟာ ကျောင်းသင်ခန်းစာတွေကို စိတ်ဝင်စားတဲ့ ကျောင်းသူတော့ မဟုတ်ပါဘူး။ ပညာရေး ဆုံးခန်းမတိုင် ဘွဲ့မရခဲ့တဲ့သူပါ။ သူရဲ့နာမည်အကြီးဆုံး ၀တ္ထုဖြစ်သည့် Bonjour Tritesse ရဲ့ ဇာတ်ဆောင်ဟာလည်း ဘာသာစုံ စာမေးပွဲကျတဲ့ ကျောင်းသူပါပဲ။ အသက် ၁၇နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အတွေးနဲ့ စိတ်ခံစားချက်တွေကို အားပြုဖန်တီးထားသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ကျောင်းစာကို စိတ်မဝင်စားတဲ့ ၁၇နှစ်ကောင်မလေး၊ အပျော်အပါးမက်တဲ့ မုဆိုးဖိုအဖေကြီး၊ ဖြောင့်မှန်ပြီး စည်းကမ်းတင်းကျပ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပတ်သက်ဆက်နွယ်နေမှုတွေကြားက စိတ်ခံစားချက် အနိမ့်အမြင့် အတက်အကျတွေကို ထူးထူးခြားခြား ဖန်တီးဖွဲ့သီထားတာဖြစ်ပါတယ်။

Promotion ကုန်ဆုံးရက်

30.11.2020

စာမျက်နှာ

176

စာအုပ်အရွယ်အစား

5.5 x 0.3 x 8 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ၊ 2019 မတ်လ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သောကစံအိမ်ကို တံခါးခေါက်သူ (15% Off)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မောင်မိုးသူ စာအုပ်များ