သောကကင်းသောပျော်ရွှင်ခြင်းခရီးသည်
4000 (ကျပ်)
“သောကကင်းသောပျော်ရွှင်ခြင်းခရီးသည်”စာအုပ်ဟာ ဆရာကောင်းပြည့်သော်ရေးသားခဲ့တဲ့(၁၂)အုပ်မြောက်စာအုပ်ဖြစ်ပြီး ယခင်က”ပျော်ရွှင်ခြင်းခရီးသည်”အမည်နဲ့ပထမအကြိမ်အဖြစ်ထုတ်ဝေခဲ့ပါတယ်။ ယခုအခါမှာတော့ ဒုတိယအကြိမ်အဖြစ်ထုတ်ဝေပြီး စာအုပ်ရဲ့အနှစ်သာရဖြစ်တဲ့ သောကကို စနစ်တကျဖြေရှင်းပြီး နောက်ဆုံးမှာတော့ စိတ်ချမ်းမြေ့မှုကိုရရှိခံစားနိုင်ကြသူများဖြစ်တာကြောင့်သောကကင်းသောပျော်ရွှင်ခြင်းခရီးသည်လို့ စာအုပ်အမည်ပေးထားပါတယ်။ စိတ်သောကတွေကိုဖြေရှင်းနည်းနဲ့ စိတ်ချမ်းမြေ့မှုတွေကိုရရှိစေမယ့် ဇာတ်ဝတ္ထု(၁၅)ပုဒ်ကို စုစည်းထားတာဖြစ်ပါတယ်။ အပုဒ်တိုင်းမှာ စိတ်ညစ်စရာတွေ စိတ်သောကတွေကို ဘယ်လိုဘယ်ပုံဖြေရှင်းသင့်တယ်ဆိုတာကို နှိုက်နှိုက်ချွတ်ချွတ် ထောင့်စေ့စေ့တင်ပြထားပါတယ်။ ဘဝမှာအင်တန်အနှောက်အယှက်ကြီးကြီးမားပေးနေတဲ့ စိတ်သောကတွေ ပြေပျောက်ရုံသာမက ပျော်ရွှင်ချမ်းမြေ့တဲ့လူမှုဘဝကို မည်သို့မည်ပုံတည်ဆောက်ရမယ်ဆိုတာကို ဆရာကောင်းပြည့်သော်က ရေးသားတင်ပြထားပါတယ်။ ဒီစာအုပ်ဟာ ကိုယ့်ရဲ့ချစ်ခင်ရသူတွေကိုလက်ဆောင်ပေးဖို့ဖြစ်စေ၊ ကိုယ်တိုင်ဖတ်ပြီး စိတ်သောကတွေကို လက်တွေ့ဖယ်ရှားဖို့ဖြစ်စေ အကောင်းဆုံးရွေးချယ်မှုဖြစ်စေမယ့် စာအုပ်ကောင်းလေးတစ်အုပ်လို့ဆိုရမှာပါ။
စာမျက်နှာ | 120 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.3x 7.9 inches |
ပုံနှိပ်မှတ်တမ်း | ဆောင်းစုရတီစာပေ၊ 2023 ဇန်နဝါရီလ (ဒုတိယအကြိမ်) |
26 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ