thank u Ex
6000 (ကျပ်)
thank u Ex (Second Edition) စာအုပ်လေးဟာ လူငယ်တစ်ယောက်ရဲ့ အသည်းကွဲမှုကနေ စတင်ခဲ့တဲ့ စာအုပ်လေးဖြစ်ပါတယ် …
မိမိကိုယ်ကို ချစ်တတ်ဖို့၊ အသည်းကွဲခြင်းကို ကုသဖို့၊ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အရေးပါပုံ၊ ချစ်သူမလိုတဲ့ တစ်ကိုယ်တည်းဘဝ၊ ပေါင်းသင်းအပ်တဲ့လူတွေနဲ့ မပေါင်းသင်းအပ်တဲ့လူတွေအကြောင်း၊ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ စိတ်ဓာတ်ခွန်အားပေး အကြောင်းအရာတွေအပါအဝင် ဘဝအတွက်အသုံးဝင်မယ့် အချက်အလက်များစွာကို လိုတိုရှင်း ဝေမျှပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ် …
စာအုပ်အတွင်းမှာ အမေးအဖြေနေရာလေးတွေ၊ ရင်ဖွင့်ချင်သမျှ ချရေးထားလို့ရတဲ့ နေရာလေးတွေလည်း ပါဝင်တာမို့ ဒီစာအုပ်လေးဟာ သူငယ်ချင်းကောင်းတစ်ဦးလိုမျိုး ရှိနေမှာ ဖြစ်ပါတယ်။ စာရေးသူရဲ့ အချစ်နဲ့ စေတနာတွေကိုလည်း ပိုပြီးမြင်သာစေမယ့် စာအုပ်လေးဖြစ်ပါတယ် …
စာမျက်နှာ | 248 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.7 x 8.0 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာအုပ်တိုက်၊ 2022 အောက်တိုဘာလ (ဒုတိယအကြိမ်) |
21 in stock (can be backordered)
Wut Yee Phyo –
တို့ကတော့ စာအုပ် ၂ အုပ်လုံး ကြိုက်လွန်းလို့ သူငယ်ချင်းတွေကိုပါ လက်ဆောင်ပေးဖြစ်တယ် ဆရာ့ကိုလည်းချစ်တယ် အားပေးနေတယ် မန္တလေးရောက်တဲ့အခါညီမတို့ပရိသတ်တွေကို အချိန်ပေးပါဦး ဆရာရေ
Witt Yee –
အရမ်းကြိုက် အခု dear me လေးလည်း မှာထားပီ
Aye Pyae Pyae Soe –
မနေ့ကဘဲ Thank you Ex ဖတ်လို့ပီးတယ်
အချစ်အကြောင်းတခုတည်းမဟုတ်ဘဲ စိတ်နေသဘောထား ကျန်းမာရေးအကြောင်း friendship အကြောင်းလေးတွေပါ ပါတော့
အပြည့်အရမ်းသဘောကြတယ်ဆိုတာ ပြောပြတာပါ.
Dear Meလည်း ဖတ်ပါဦးမယ်….. အပြည့် အစ်ကို့ရဲ့ကိုယ်ရေးအကျဉ်းလေးပါဖတ်မိတော့ ပိုပီးစိတ်ခွန်အားရတယ်….ဒီ့ထပ်မကအစ်ကိုသဘောကြတဲ့စာလေးတွေ ရေးသားနိုင်ပါစေ…..❤