သန်းခေါင်ယံမှတ်တမ်း
5000 (ကျပ်)
?မြင်အပ်မမြင်အပ်ဟု ဆိုကြသော ၃၁ဘုံသားများတွင် လူ
တို့မြင်ကြရသည်က လူနှင့် တိရိစ္ဆာန်များသာ…။သို့သော် စိတ်
ဇောနှင့်အစွဲအလန်းများက စေ့စော်လာသည့်အခါတွင်တော့
မမြင်အပ်သော ဘုံသားများအနက် သရဲ၊တစ္ဆေ၊ပြိတ္တာများ
သည် လူသားတို့မျက်မှောက် ရောက်လာကြတော့သည်။
?ဗီရိုထဲက တဂျစ်ဂျစ် ကုတ်ခြစ်သံနှင့်တကွ ပြင်ပလောကသို့
ထွက်ပေါ်လာဖို့ ကြိုးစားနေသူ၊
?ဘဝခြားသွားသည့်အခါ နှုတ်ဆက်ထွက်ခွာသွားချင်သော်
လည်း အခွင့်မရရှာသူ၊
?ခင်ပွန်းသည်နှင့် ရန်ဖြစ်ရာမှ အဆိပ်သောက်သွားခဲ့ပြီး တမ
လွန်တွင် မန်းကျည်းပင်အနီး တလည်လည်ဖြစ်နေရှာသူ၊
?ရုတ်တရက်သေဆုံးသွားသည့်အခါ သွားစရာနေရာ
မရှိသဖြင့် ခေါ်ထားလိုက်ရသူများ… စသည်ဖြင့်
ကြုံဖူးမှ သိကြမည့် ဇာတ်လမ်းများ ဖြစ်ပါသည်။
?”စာရေးသူဟာ ငယ်စဉ်ကလေးဘဝတည်းက ညဘက်
မိသားစုဆုံတဲ့အချိန်မှာ အဖိုးအဖွားတွေဆီကနေ ပုံပြင်တွေ
အပြင် အရပ်ခေါ် သရဲအကြောင်းလို့ခေါ်တဲ့ ပရလောက
အကြောင်းတွေနားထောင်ရတာ နှစ်သက်သူတစ်ယောက်
ဖြစ်ခဲ့ပါတယ်။
စရေးဖြစ်တဲ့ ရည်ရွယ်ချက်ကလည်း စာရေးသူလို ပရလောက
ဖြစ်ရပ်ဆန်းတွေကို နားထောင်ရတာ စိတ်ဝင်စားသူတွေ
အတွက် ငယ်ဘဝရဲ့ အမှတ်တရခံစားမှုလေးတွေ ပြန်ရစေချင်
ခြင်းသာ ဖြစ်ပါတယ်။
အဘိုးအဘွား က မြေးငယ်ကို ပြောပြသလို…
အဖေအမေ က သားသမီးကို ပြောပြသလို…
ဦးလေးဒေါ်ဒေါ် က တူ၊တူမတွေကို ပြောပြသလို…
အစ်ကိုအစ်မ က ညီငယ်မောင်နှမတွေကို ပြောပြသလို…
ဖတ်ရှုနားထောင်ရမယ့် စာအုပ်တစ်အုပ်ဖြစ်တယ်ဆိုတာကို
အသိပေးရင်း အမှာစာကိုနိဂုံးချုပ်လိုက်ပါတယ်။
ကဲ… မကြောက်တတ်တာ သေချာပြီဆို စဖတ်လိုက်ကြ
စို့နော်။” လို့ စာရေးသူက အမှာစာမှာ ရေးသားထားပါတယ်။
စာမျက်နှာ | 318 |
---|---|
စာအုပ်အရွယ်အစား | 5.6 x 0.7x 8.2 inches |
ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2021 ဇန်နဝါရီလ (ပ-ကြိမ်) |
2 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ