သမိုင်းစ,ရာ ထက်အညာ

( 0 မှတ်ချက်)

3500 (ကျပ်)

နိုင်ငံခြားသားအချို့ရေးသော သမိုင်းစာအုပ်အချို့တွင်  မြန်မာ့သမိုင်းကို အနော်ရထာမှစ၍သာ သမိုင်းအထောက်အထား ရှိသည်။ ၎င်းအရင်က ရာဇဝင်များမှာ ထိုကဲ့သို့ အခိုင်အမာမရှိဟု ဆိုကြသော်လည်း မြန်မာပညာရှိများ ရေးခဲ့ကြသော ရာဇဝင်များတွင်ကား ပုဂံ၏ အရင်က တကောင်း၊ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ မိုင်းမော စသော ပျူမင်းများ၊ ပျူမြို့များကိုလည်းကောင်း၊ သထုံပြည် (မွန်)၊ ဓညဝတီပြည် (ရခိုင်)တို့ကိုလည်းကောင်း အတိအကျဖော်ပြကြသည်။

မျက်မှောက်ခေတ် ရှေးဟောင်း သုတေသနဌာန၊ သမိုင်းသုတေသနဌာတို့၏ လေ့လာချက်များ အရလည်း အနော်ရထာအရင်က ၊ ပုဂံအရင်က တည်ရှိခဲ့သော မြန်မာတို့၏သမိုင်းကို ဖော်ထုတ်နိုင်ကြလေပြီ။

ဤစာအုပ်တွင် မြန်မာနိုင်ငံ၏ ရှေးဦးဘူမိ+ရာသီဥတု အခြေအနေ၊ မြန်မာလူသားအစ၊ အညာသားယဉ်ကျေးမှု၊ ကျောက်ခေတ် – ကြေးခေတ် – သံခေတ်များ၊ ၎င်းနောက် ထွန်းကားလာသော မြို့ပြနိုင်ငံများအကြောင်း တင်ပြထားပါတယ်။

ပုဂံတည်ပြီးသောအခါတွင် မင်းဆက်များ စတင်လာပါသည်။ ၎င်းမင်းဆက်များမှ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ တောင်ငူ၊ ကုန်းဘောင်ဟူ၍ ခေတ်များ ခွဲထားသည်။ ထိုခေတ် အသီးသီးတွင် မင်းများ၏ နေပြည်တော်များသည် (တောင်ငူခေတ် – နှစ် ၆၀ခန့်မှတစ်ပါး) အထက်အညာတွင်သာ တည်ရှိကြောင်း တွေ့ရပေသည်။

ဤသို့အားဖြင့် မြန်မာ့သမိုင်းအဆက်ဆက်တွင် မင်းနေပြည်တော်များသည် အထက်အညာဒေသတွင်သာ ရှိခဲ့ပါသည်။ တောင်ငူခေတ်တွင် ခေတ္တအားဖြင့် ပဲခူးသို့ ပြောင်းရွှေ့သွားခဲ့သော်လည်း ဘုရင့်နောင်မင်းတရားကြီး၏ သားတော်ဖြစ်သူ ညောင်ရမ်းမင်းတရားလက်ထက်တွင်ကား အင်းဝသို့ ပြန်လည်ရွှေ့ပြောင်းခဲ့ပါသည်။ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ပြီးနောက် အစိုးရရုံးစိုက်ရာသည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွားသော်လည်း (၂၀၀၅) ခုနှစ်တွင် နေပြည်တော်ကို ပျဉ်းမနားတွင် တည်ဆောက်ပြီး ယနေ့ထက်တိုင် အစိုးရရုံးစိုက်လျက်ရှိပါသည်။

စာမျက်နှာ

112

စာအုပ်အရွယ်အစား

5.7 x 0.2 x8.1 inches

ပုံနှိပ်မှတ်တမ်း

မိုးကျော်သူစာပေ 2024 ဧပြီလ(ဒုတိယကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သမိုင်းစ,ရာ ထက်အညာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဒေါက်တာဦးသန်းထွန်း(ရွှေဘို) စာအုပ်များ