
သမီးပြည့်တန်ဆာ
3500 (ကျပ်)
ဆရာမင်းခိုက်စိုးစန်နဲ့ ဆရာမထက်မြတ်နိုင်ဇင် စာရေးဆရာနှစ်ဦး… စာအုပ်တစ်အုပ်ထဲမှာ စင်ပြိုင်ရသဝတ္ထုတွေနဲ့ စာဖတ်သူတွေရဲ့ နှလုံးသားကို စင်ပြိုင်ဖမ်းစားနိုင်တဲ့ ဝတ္ထုတိုစုစည်းမှုစာအုပ်။
ကိုယ့်သမီးအရင်းရဲ့ ကာမကို ပြည့်တန်ဆာဈေးကွက်တင်ခါနီးဆဲဆဲ…ကိုယ်ဝန်ရှိသွားမှာကို စိုးရိမ်သဖြင့် ဆေးခန်းခေါ်လာပြီး တားဆေးထိုးပေးဖော်ရတာကိုကပဲ ဆပ်မကုန်တဲ့ မိဘမေတ္တာ အနန္တလား… (မင်းခိုက်စိုးစန်)
ကိုယ့်သမီးကိုယ် ဖာထောင်စားတဲ့မိန်းမတဲ့… ဟင့်အင်း …. မဟုတ်ဘူး..။ ကျွန်မကိုယ့်ကိုယ်ကိုယ်ငြင်းဖို့ ကြိုးစားမိတယ်။ ဒါပေမယ့်… သမီးကြီးရှာပေးတဲ့ ပိုက်ဆံတွေနဲ့ တစ်အိမ်လုံး ထမင်းစားနေတာကိုလည်း ကိုယ့်ကိုယ်စောင့်နတ်က အသိ။ အဲဒီပိုက်ဆံတွေ ဘယ်ကရသလဲဆိုတဲ့ ပုံဆိုးပန်းဆိုး အမှန်တရားက အခုတော့ ဘွားဘွားကြိးပေါ်လို့..။ အို…ပေါ်တော့ရော ဘာဖြစ်သေးလဲ… ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ… ။ (ထက်မြတ်နိုင်ဇင်)
ကောက်နှုတ်ဖော်ပြချက်တွေ ဖတ်ကြည့်ရုံနဲ့ ညှို့အားပြင်းတဲ့ ဇာတ်လမ်းဇာတ်လမ်း ရေးဖွဲ့မှုတွေကို ဖတ်ရှုခံစားရမယ်ဆိုတာ သေချာလှပါတယ်…
စာမျက်နှာ | 265 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.6 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ ၊ 2019နိုဝင်ဘာလ၊ (ဒု – ကြိမ်) |
1 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ