သဘာဝမှောင်
4000 (ကျပ်)
‘ငါသည် သဘာဝမှောင်ကို ဝင်ခဲ့၍ ငါ၏ လမ်းတွင် ရွံ့ညွှန်များတွင် တွေ့ရသည်။ ညမှောင်မိုက်သောအခါ မီးရောင်ဖြင့် လင်းရ၏။ သဘာဝမှောင်ကို ဉာဏ်ရောင်ဖြင့် လင်းရ၏၊ ညမှောင်မိုက်ခြင်းထက် သဘာဝမှောင်သည် မှောင်မိုက်၏။ မီးရောင် ထက် ဉာဏ်ရောင်သည် လင်းပြောင်တောက်ပ၏။ ‘
‘သဘာဝမှောင်ကို ကာမမေထုံမှု၌ဟု မထင်မှတ်ရာ၊ သတ္တဝါတိုင်းမှာ သဘာဝမှောင်ရှိသည်၊ အက္ကနိဋ္ဌဗြဟ္မာပြည်ရှိ ဗြဟ္မာကြီး၌လည်း သဘာဝမှောင်ရှိလေသည်။ ထိုသဘာဝမှောင်ကြောင့် ကိလေသာ မကုန်။ ထိုမကုန်မှုကြောင့် သံသရာ၌ လည်ရသည်။ ထိုလည်ရခြင်းအားဖြင့် တစ်ဖန် ထိုအမှောင်ရိပ်ထဲသို့ ပြန်၍ ကျရောက်ပြန်သည်’။
‘သဘာဝမှောင်ကို မလိုသော် ဉာဏ်ဆီမီးထွန်းသောသဘောနှင့် အလိုရမ္မက်ကို သည်းခံနိုင်သောသဘောဖြင့် သည်းခံနိုင်သမျှ သည်းခံ၊ တုန်လှုပ်ခြင်းနှင့် ထောင်လွှားတက်ြွကမှုတို့ကို သည်းခံနိုင်သမျှ သည်းခံကြရသတည်း’
ဟူသော အတွေးအမြင်များဖြင့် ဆရာကြီး စစ်ကိုင်းဦးဘိုးသင်းက ဤဝတ္ထုကို ထင်ဟပ်ဖွဲ့ဆိုထားသည်။
စာမျက်နှာ | 213 |
---|---|
စာအုပ်အရွယ်အစား | 5 x 0.4 x 7.5 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2022 ဒီဇင်ဘာလ (ပြန်လည်ရိုက်နှိပ်ခြင်း) |
2 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ