ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း

( 0 မှတ်ချက်)

3500 (ကျပ်)

ဆရာမြသန်းတင့် ကိုကိုးကျွန်းကနေ အင်းစိန်ထောင် ရောက်လာတဲ့အချိန်မှာ ထောင်ထဲကို ၁၀ ကြိမ်မြောက် ရောက်လာတဲ့ ချစ်သဲနဲ့ တွေ့ပါတော့တယ်။ချစ်သဲက သူ ၁၀ ကြိမ်မြောက် ထောင်ကျခဲ့ရင်းအကြောင်းကို ဆရာမြသန်းတင့်ကို လုံးစေ့ပတ်စေ့ ပြောပြပါတယ်။ ၉ ကြိမ်မြောက် ထောင်ကလွတ်ပြီး နောက်ပိုင်း ချစ်သဲရဲ့ ဘဝဇာတ်ကြောင်းက စိတ်ဝင်စားစရာအတိပါ။ တော လူချမ်းသာတွေအတွက် အငှားလူမိုက်လုပ်ပေးခဲ့တာ၊ အစိုးရနဲ့ သူပုန်တပ်တွေကြား နှစ်ဖက်လုံးကို အယုံသွင်းပြီး လိမ်ခဲ့ပုံ၊ ဘုရားပွဲတွေမှာ ကစားဝိုင်းဒိုင်လုပ်ခဲ့တာ၊ ဇာတ်ထဲ မန်နေဂျာရာထူး တစ်နေရာ ရပြီး မင်းသားကို အန္တရာယ်ပေးတာ၊ ဇာတ်မင်းသမီးနဲ့ သံယောဇဉ်ဖြစ်၊ လက်ကြောမတင်းတဲ့ ချစ်သဲအဖို့ ငွေရပြီး လွယ်လွယ်ပြန်ကုန်တာ၊ မထင်မှတ်တဲ့ ကိစ္စကနေ ၁၀ ကြိမ်မြောက် ထောင်ကျရတဲ့ အဖြစ်အပျက် စတဲ့ အကြောင်းတွေဟာ ဆရာမြသန်းတင့်ရဲ့ “ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း” စာအုပ်ဖြစ်စေခဲ့ပါတယ်။“ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း” ဟာ “ကျွန်တော် ဆက်၍ရေးချင်သော ဝတ္ထုများ” စာအုပ်ကို ရေးခဲ့သူ ဆရာမြသန်းတင့်ရဲ့ ကျွန်တော်ဆက်၍ ရေးလိုက်သော ဝတ္ထုတစ်အုပ်လည်း ဖြစ်ပါတယ်။

စာမျက်နှာ

112

စာအုပ််အရွယ်အစား

5.5 x 0.4 x 8.3 inches

ပုံနှိပ်မှတ်တမ်း

မဟာစာပေ 2022 အောက်တိုဘာလ (တတိယအကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မြသန်းတင့် စာအုပ်များ