ရက်တစ်သောင်းကြာစစ်ပွဲကြီး
6000 (ကျပ်)
ဗီယက်နမ်စစ်ကြီးသည် လွတ်လပ်သော ကမ္ဘာကြီးအတွက် တိုက်ပွဲဝင်နေရသည်ဟု ကြွေးကြော်ခဲ့သော စူပါ ဒီမိုကရေစီ အမေရိကန် နိုင်ငံခေါင်းဆောင်များ၊ စစ်ဗိုလ်ချုပ်ကြီးများ၊ အားလုံး၏မပြတ်သားမှု၊ ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင် မချနိုင်ခဲ့မှုများအပြင် လိမ်လည် ဖုံးကွယ်မှုများပါ ကျူးလွန်ခဲ့သည်ကို သိရှိလာမည်ဖြစ်သည်။
ယခုစာအုပ်သည် ဗီယက်နမ်တွင် CBS ရုပ်မြင်သံကြား သတင်းထောက်အဖြစ် နှစ်ပေါင်းများစွာ သတင်းယူခဲ့သော Michael Maclear မှ ၁၉၈၁ ခုနှစ်တွင် ကိုယ်တိုင်ကိုယ်ကျ စစ်မြေပြင်တွင်လည်းကောင်း၊ ဝါရှင်တန်ရှိ ပါဝါစင်္ကြများတွင်လည်း ပါဝင်ခဲ့ကြသူများ ပြန်ပြောင်းပြောပြသည့် ဖြစ်စဉ်များကို လိုက်လံစုဆောင်းပြီး 1945-1975 ခုနှစ်အထိ ရက်ပေါင်းတစ်သောင်းကြာ စစ်ပွဲကြီး မည်သို့ အစပျိုးခဲ့သည်နှင့် မည်သို့အဆုံးသတ်သွားခဲ့ရသည်တို့ကို အပြည့်အစုံ တင်ပြထားသော စာအုပ်ကောင်းတစ်အုပ်ပင်ဖြစ်သည်။
စာအုပ်၏ ထူးခြားချက်သည်ကား ဗီယက်နမ်၊ပြင်သစ်နှင့် အမေရိကန်တို့ သုံးဦးသုံးဖလှယ်အား ဘက်လိုက်ခြင်း ကင်းစွာဖြင့် တိကျစွာ ဝေဖန်သုံးသပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့သမိုင်းကို ဓမ္မဓိဌာန်ကျကျ လေ့လာလိုသော ကျောင်းသားများအတွက် လက်စွဲထားရမည့် စာအုပ်လည်းဖြစ်သည်။
စာမျက်နှာ | 437 |
---|---|
စာအုပ်အရွယ်အစား | 5.8 x 1 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ဆုပြည့်စုံထွန်းစာပေ၊၊ 2020 ဒီဇင်ဘာလ(ပ-ကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ