ဆယ်ကျော်သက်နှင့် မိဘ ဆက်ဆံရေးတံတား

( 0 မှတ်ချက်)

2500 (ကျပ်)

အခုစာအုပ်ပါ ရေးသားချက်တွေက … ကိုယ့်သားသမီးကို လူ့လောကထဲ သင်သွားလိုရာသွားနိုင်ပါပြီလို့ ဖြေလွှတ်မလိုက်ခင် လိုအပ်သမျှ ပြုစုပျိုးထောင် အပျံသင်ပေးတဲ့နည်းတွေကို တင်ပြတာဖြစ်ပါတယ်။ လူမမယ်အရွယ်မှာ ပိုမိုထိန်းချုပ် ထိန်းကျောင်းပြုစုလို့ တစ်ကိုယ်ရေ ဝေယျာ၀စ္စတွေကအစ ကရိကထခံ လုပ်ပေးရပေမယ့် အသက်ရလာလေလေ၊ ဒီတာဝန်တွေကို ပိုလက်လွှတ်ရလေလေပါပဲ။

ပညာစုံ အတောင်အလက်စုံသွားတဲ့ သားသမီးနဲ့ မိဘဆိုရင် သူငယ်ချင်းပေါင်း ပေါင်းလို့ရတဲ့အင့် ရောက်ပါတယ်။ တစ်စတစ်စ သူတို့ဆုံးဖြတ်ချက်၊ သူတို့ရွေးချယ်မှုနဲ့ သူတို့လွှတ်ပေးတာ ပိုများလာတယ်။ မှားရင်လည်း သူတို့အတွက် ဘ၀အတွေ့အကြုံအဖြစ် သင်ခန်းစာရတယ်လို့မှတ်။ မိဘအနေနဲ့ ကိုယ့်ရဲ့ စိုးရိမ်ကြောင့်ကြစိတ်နဲ့ သံယောဇဉ်ကိုသာ ပြန်ထိန်းချုပ်မျိုသိပ်ဖို့ ရှိပေတော့တယ်။

လူကြီးမိဘတွေဘက်က လူငယ်တွေကို ရှောင်ရမယ့်၊ ဓာတ်မတည့်တဲ့၊ ဘာမှန်းညာမှန်း အကဲစမ်းမရနိုင်တဲ့ သတ္တဝါတွေပဲရယ်လို့ မြင်ကြမယ်။ လူငယ်သားသမီးတွေဘက်လည်း ဒီလူကြီးတွေ ခေတ်နောက်ကျနေပြီ… ပြောလည်း နားလည်မှာမဟုတ်၊ စိတ်မဝင်စားဘူးဆိုတာမျိုး ဖြစ်လာမယ်။ ဒီကွာဟချက်တွေကို ပေါင်းကူးဆက်ပေးဖို့၊ တံတားသွယ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဒီစာအုပ်ပါ ဆွေးနွေးချက်တွေကို တင်ပြအကြံပြုထားတာ ဖြစ်ပါတယ်…

စာအုပ်အရွယ်အစား

5.5 × 0.3 × 8.2 inches

စာမျက်နှာ

128

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2020 ဇွန်လ၊ (ပ-ကြိမ်)

15 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆယ်ကျော်သက်နှင့် မိဘ ဆက်ဆံရေးတံတား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကောင်းသာ စာအုပ်များ