မြောက်ဦးခေတ်လယ်အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ...

( 0 မှတ်ချက်)

3000 (ကျပ်)

ယခုစာအုပ်သည် မြောက်ဦးခေတ်လယ် နရာဓိပတိလက်ထက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် သာသနာရေးတို့ကို ဖော်ပြထားသော စာအုပ်ဖြစ်ပါတယ်။
မင်းရာဇာကြီးစာတမ်းသည် ရှေးရခိုင်မင်းတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ မင်းရာဇာကြီးလက်ထက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နန်းတွင်းရေးရာ အစုအငန်းများ၊ သာသနာသန့်ရှင်းစင်ကြယ်ရေး လုပ်ဆောင်ချက်တို့ ပါဝင်သောကြောင့် ရခိုင်သမိုင်းအတွက် အသိသစ်၊ အမြင်သစ်တို့ကို ပေးနိုင်သည့် အဖိုးတန်ရှားပါ ရာဇဝင်ကျမ်းကြီးဖြစ်သည်။ အထူးသဖြင့် မင်းရာဇာကြီးလက်ထက် တောင်ငူနှင့် သန်လျင်ဆက်ဆံရေးကို ဖော်ပြထားသဖြင့် ခေတ်ပြိုင်မြန်မာရာဇဝင်များနှင့် တိုက်ဆိုင်စစ်ဆေးရာတွင် လွန်စွာအထောက်အကူဖြစ်သည်။ ကျမ်းတည်းဖြတ်သူ ဒေါက်တာဇော်လင်းအောင်သည် သင်ကြားရေးနှင့် သုတေသန အတွေ့အကြုံရှိသည့် ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှ ပါမောက္ခတစ်ဦးဖြစ်သည်။ သုတေသနစာတမ်းများကို ပြည်တွင်းတွင်လည်းကောင်း၊ ပြည်ပတွင် လည်းကောင်း တင်သွင်းဖတ်ကြားခဲ့သူလည်းဖြစ်သည်။ အကောင်းဆုံး သုတေသနဆုများကိုလည်း အကြိမ်ကြိမ်ဆွတ်ခူးရရှိထားသူလည်းဖြစ်သည်။

စာမျက်နှာ

210

စာအုပ်အရွယ်အစား

5.3 x 0.7 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ရခိုင်သားကြီးစာပေ၊ 2020 စက်တင်ဘာလ၊ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မြောက်ဦးခေတ်လယ်အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ...” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဒေါက်တာဇော်လင်းအောင် စာအုပ်များ