တော်လှန်ရေးကောင်စီမှသည် စစ်အာဏာရှင်စနစ်ဆီသို့
10000 (ကျပ်)
မြန်မာ့တပ်မတော်ကို အမှီအခိုကင်း၍ လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ထူထောင်ရန် ကြိုးပမ်းနေစဉ် ကာလအတွင်း ကြည်ဝင်းစိန်သည် ပုသိမ်မြို့တွင် တိုင်းတပ်မဟာမှူးဖြစ်သူ ဗိုလ်မှူးကြီး သောင်းကြည်၏ စည်းရုံးသိမ်းသွင်းခြင်းကို ခံရပြီး တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့၏ လူယုံတစ်ဦးဖြစ်လာခဲ့သည်။
ပညာတော်၍ အကင်းပါးသော လူငယ်တစ်ဦးဖြစ်သည့် ကြည်ဝင်းစိန်သည် စစ်တပ်၏ ထောက်ပံ့ကူညီမှုဖြင့် ဂျပန်နိုင်ငံ၏ အမြင့်ဆုံးတက္ကသိုလ်ဖြစ်သည့် တိုကျိုတက္ကသိုလ်တွင် နိုင်ငံတကာ စီးပွားရေးစီမံကိန်းများနှင့် ပက်သက်သော ဥပဒေပညာကို သင်ယူခွင့် ရခဲ့သည်။
ဗျူရိုကရက် ပညာတတ်များကို စိတ်ပျက်နေသော တပ်မတော်ခေါင်းဆောင်များအတွက် ကြည်ဝင်းစိန်ကား အားကိုး၍ ယုံကြည်ရသော ကမ္ဘာ့အဆင့်မီ ပညာရှင်တစ်ယောက်အဖြစ် အိမ်အစောင့်အစိုးရနှင့် တော်လှန်ရေးကောင်စီအစိုးရ၏ စီးပွားရေးဆိုင်ရာ လုပ်ငန်းများတွင် အလုပ်အကျွေးပြုခဲ့ရသည်။
တိုင်းပြည်၏ စီးပွားရေးနှင့် အရေးကြီးသော ငွေရေးကြေးရေးဆိုင်ရာ ကိစ္စများတွင် စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အတူ လက်တွဲဆောင်ရွက်ခဲ့ရသော ကြည်ဝင်းစိန်ကား ဗိုလ်ချုပ်အောင်ကြီးနှင့် ဗိုလ်ချုပ်ကြီး နေဝင်းတို့ အကွဲအပြဲတွင် နိုင်ငံရေး မြေဇာပင်ဖြစ်ခဲံရသည်။
ဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ်ချုပ်စန်းယု၊ ဗိုလ်ချုပ် တော်မီကလစ်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသောင်းကြည်၊ဗိုလ်မှူးကြီးမောင်လွင် (နှုတ်ခမ်းမွေး)၊ ဗိုလ်မှူးကြီးခင်ညို၊ ဗိုလ်မှူးကြီးချစ်ခင်၊ ဗိုလ်မှူးကြီးကြည်မောင်(ဇာတ်လိုက်) နှင့် ဗိုလ်မှူးကြီးအောင်ဒင်စသည့် ပုဂ္ဂိုလ်ကြီးများက ဤစာအုပ်ရေးမည်ဆိုပါက ၎င်းတို့ကွယ်လွန်ပြီးမှသာ ရေးပါဟု ကြည်ဝင်းစိန်အား အထပ်ထပ်မှာကြားခဲ့ပါကြောင်းဖြင့်…..။
(စာအုပ်ကျောဖုံးပါ ကောက်နှုတ်ချက်)
စာမျက်နှာ | 590 |
---|---|
စာအုပ်အရွယ်အစား | 6.1 x 0.9 x 9 inches |
ပုံနှိပ်မှတ်တမ်း | လွင်ဦးစာပေ၊၂၀၂၀ ဩဂုတ်လ (ပ-ကြိမ်) |
4 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ