ပစ်မှတ် (20% Off)
4800 (ကျပ်)
Brittany Kaiser ဆိုတဲ့အမျိုးသမီးဟာ အိုဘားမားကမ်ပိန်းရဲ့ ဝန်ထမ်းဟောင်းဖြစ်ခဲ့သလို လူ့အခွင့်အရေးဆိုင်ရာဥပဒေဘွဲ့နဲ့ နိုင်ငံတကာဆက်ဆံရေးပညာဘွဲ့တွေကိုရရှိထားပြီး ဘီလီယံနာတွေ၊ Donal Trump ရဲ့လက်စွဲတို့လို လူတွေရဲ့ရန်ပုံငွေနဲ့ ထူထောင်ထားတဲ့ Cambridge Analytica ကုမ္ပဏီမှာ နိုင်ငံရေးအကြံပေးအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
သူဟာ ဒေတာကို လူမျိုးတုံးသတ်ဖြတ်မှုတွေ၊လူ့အခွင့်ရေးချိုးဖောက်မှုတွေရှိတဲ့နေရာမှာ
အသုံးချမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဝင်ရောက်ခဲ့တာဖြစ်ပေမယ့် သူကြုံတွေ့ခဲ့ရတာတွေက လူတွေရဲ့ကိုယ်ရေးအချက်အလက်နဲ့ဒီမိုကရေစီအတွက်ကြီးမားတဲ့ အန္တရာယ်ဖြစ်နေတယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။
ဒီစာအုပ်ဟာ Brittany Kaiser ကိုယ်တိုင်အစအဆုံးပါဝင်ခဲ့တဲ့ Cambridge Analytica ရဲ့အောင်မြင်မှုကနေကျဆုံးခန်းအထိ မှတ်တမ်းတစ်ခုဖြစ်သလို ဒေတာကုမ္ပဏီတွေဟာ Facebook ကလူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေအပါအဝင် Big Data ကိုအသုံးပြုပြီး လူတွေကိုဘယ်လိုကြိုးကိုင်ခြယ်လှယ်နေတယ်၊ Donald Trumpကို အမေရိကန်သမ္မတဖြစ်အောင် ဘယ်လိုလုပ်ပေးခဲ့တယ်၊ ဗြိတိန်နိုင်ငံကို အီးယူကနေ ထွက်ခွာအောင်ဘယ်လိုလုပ်နိုင်ခဲ့တယ်၊ လာမယ့်ရွေးကောက်ပွဲမှာလည်း အလားတူအဖြစ်အပျက်တွေ ဖြစ်လာနိုင်သေးတယ်ဆိုတာတွေကို အတွင်းကျကျဖွင့်ချထားတဲ့အတွက် နိုင်ငံရဲ့ ဥပဒေပြုအမတ်တွေနိုင်ငံရေးသမားတွေ၊ နိုင်ငံရေးစိတ်ဝင်စားသူတွေ၊ အိုင်တီနည်းပညာရှင်တွေ၊ စိတ်ပညာစိတ်ဝင်စားလေ့လာ သူတွေ၊ လူမူကွန်ရက်တစ်ခုခုကို အသုံးပြုနေသူတွေနဲ့ ဖြစ်ရပ်မှန်စိတ်ဝင်စားသူတွေ ဖတ်ရှုသင့်တဲ့စာအုပ်ဖြစ်ပါတယ်။
စာမျက်နှာ | 418 |
---|---|
စာအုပ်အရွယ်အစား | 5.8 x 0.8 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ 2020 ဇူလိုင်လ၊ (ပ-ကြိမ်) |
2 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ