တာလီဘန်ကိုအန်တုသူ
10000 (ကျပ်)
ခရစ်ယာန်ဘာသာကို ကိုးကွယ်သူများအား သေဒဏ်ပေးကာ ပြစ်ဒဏ်စီရင်လေ့ရှိသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် ပွတ်(အ်)(ကဗျာဆရာ) ဟု လူသိများသည့် အံ့မခန်းပုဂ္ဂိုလ်တစ်ယောက်သည် လုပ်ကြံရန် ကြိုးပမ်းမှုများနှင့် အကြိမ်ကြိမ် အထပ်ထပ် ရင်ဆိုင်ခဲ့ရသော်လည်း အသက်ရှင်လွတ်မြောက်ခဲ့သည်။ သူ့မိသားစုနှင့် သူ့ပိုင်ဆိုင်မှုအားလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ အမှန်တရား၊ ဘေးကင်းလုံခြုံမှုနှင့် လွတ်လပ်မှုကိုရှာဖွေရင်း တောင်ပြေး မြောက်ပြေး တိမ်းရှောင်နေခဲ့ရသည်မှာ သူ့အတွက် အချိန် ၁၁နှစ် ကုန်လွန်သွားစေခဲ့သည်။
ဤစာအုပ်ကို ဖတ်ရှုခြင်းဖြင့် ရက်စက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ အစွန်းရောက်မှုတို့ ကြီးစိုးသည့် လူ့အဖွဲ့အစည်းတစ်ခုအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် သိရှိခွင့်ရကြမည်ဖြစ်သည်။ ဇာတ်ကောင် ပွတ်(အ်)သည် အသက်အန္တရာယ် ခြိမ်းခြောက်မှုများနှင့် တောက်လျှောက်ကြုံတွေ့ခဲ့သော်လည်း သတ္တိရှိမှု၊ လောကဓံကိုကြံ့ကြံ့ခံနိုင်မှု၊ ခရစ်တော်၏ အဆုံးအမများအား လက်ခံယုံကြည်မှု စသည့်အချက်များကို လုံးဝအဆုံးရှုံးမခံခဲ့ချေ။ Surviving the Taliban : he Incredible, True Story of a Convert စာအုပ်သည် တခြားအကြောင်းအရာများနှင့် မတူဘဲ အံ့ဖွယ်လူသားတစ်ယောက်၏ အံ့ဖွယ်ဘဝဖြစ်စဉ်တစ်ခုဖြစ်ပေသည်။
စာမျက်နှာ | 366 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ဆုပြည့်စုံထွန်းစာပေ၊ 2023 ဇန်နဝါရီလ (ပထမအကြိမ်) |
4 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ