တိတ်ဆိတ်ခြင်းရဲ့နောက်ကွယ်

( 0 မှတ်ချက်)

4000 (ကျပ်)

ဒီ၀တ္ထုလေးဟာ Coming of age ၀တ္ထုတွေထဲမှာ အတော်လေး နာမည်ရတဲ့ ၀တ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ Google website မှာ Coming of age novels လို့ ရိုက် ရှာကြည့်မယ်ဆိုရင် ဒီ The perks of being a wallflower ဟာ နံပါတ် ၅နေရာချိတ်တာကို တွေ့ရမှာပါ။

Wallflower ဆိုတဲ့ စကားဟာ မြန်မာလို လူတွေနဲ့ အဆက်အဆံမရှိတဲ့သူ၊ ဘာသိဘာသာနေတတ်တဲ့သူလို့ အဓိပ္ပါယ်ရပါတယ်။ ဒီ၀တ္ထုထဲက ဇာတ်ကောင်ဖြစ်တဲ့ ချာလီဟာလည်း Wallflower လို့တင်စားရအောင်ကို လူတွေနဲ့ သိပ်ပြီး အဆက်အဆံလုပ်ဖို့ စိတ်မ၀င်စားတဲ့ကောင်လေးပါ။

တကယ်တော့ သူ့မှာလည်း နှုတ်ဆိတ်နေခဲ့ရတဲ့ အကြောင်းအရင်းများစွာရှိခဲ့တာပေါ့။ အလယ်တန်းကျောင်း နောက်ဆုံးနှစ်မှာ ချာလီ့ရဲ့အချစ်ဆုံး သူငယ်ချင်း မိုက်ကယ်က သေနတ်နဲ့ ကိုယ့်ကိုယ်ကို ပစ်သတ်ကာ သတ်သေသွားခဲ့တာကြောင့် ချာလီဟာ စိတ်ရောဂါကု ဆရာ၀န်နဲ့ ပြရတဲ့အထိ အခြေအနေဆိုးသွားခဲ့ပါတယ်။ အဲ့ဒီလို စိတ်ရောဂါဆရာ၀န်နဲ့ ပြပြီးနောက်မှာပဲ သူ လုံး၀မေ့ထားချင်ခဲ့တဲ့ ကြောက်လန့်ဖွယ်ရာ အတိတ်က အဖြစ်အပျက်ကြီးတွေကို ပြန်ပြီး သတိရလာခဲ့တာပေါ့။

ချာလီ ငယ်ငယ်တုန်းက သူ့ရဲ့ အဒေါ်ဟာ ခရစ္စမတ်နေ့ညလေးမှာ သူ့အတွက် လက်ဆောင် သွား၀ယ်ရင်း ယာဉ်မတော်တဆမှုနဲ့ ဆုံးသွားခဲ့တာမို့ ချာလီဟာ သူကြောင့် ‌အဒေါ်သေရတယ်ဆိုပြီး စိတ်ဒဏ်ရာ ရနေတဲ့ ကလေးတစ်‌ယောက်ပါ။ ဒါ့အပြင် သူ့အိမ်ထဲမှာ အစ်ကိုကြီးက ပါတီလုပ်‌ နေတုန်း သူအိပ်နေတဲ့ အခန်းထဲမှာ ကောင်မလေးတစ်ယောက်ကို အလိုမတူဘဲ မုဒိမ်းကျင့်တာကိုပါ အရွယ်နဲ့မလိုက်အောင် တွေ့မြင်ခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် ချာလီခမျာ့ ငယ်ငယ်ရွယ်ရွယ်နဲ့ PSTD ဆိုတဲ့ စိတ်ရောဂါတစ်မျိုး ကို ခံစားနေရတာပေါ့။ နောက်ပြီး အဆိုးဆုံးကတော့ သေဆုံးသွားတဲ့ သူ့အဒေါ်ကိုယ်တိုင်က ချာလီလေးကို အခုလို အခြေအနေမျိုးရောက်အောင် တွန်းပို့ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေခဲ့တာပါပဲ။ ချာလီလေးဟာ အသက်ငယ်ငယ်လေး ကတည်းက ဆွေမျိုးရင်းချာတစ်ဦးဆီက လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုကို ခံခဲ့ရတဲ့ ကလေးတစ်ယောက်ပါ။ ဒါပေမယ့် သူကတော့ ဘယ်သူ့ကိုမှ ဒီအကြောင်းတွေကို ဖွင့်မပြောဘဲ ရေငုံနှုတ်ဆိတ်လို့ နေခဲ့ပါတယ်။

အဲ့ဒီလို ကိစ္စတွေကြောင့် အမြဲနှုတ်ဆိတ်နေတဲ့ ချာလီ့ဘ၀ထဲကို ဆမ်နဲ့ ပက်ထရစ်ဆိုတဲ့ မောင်နှမနှစ်ယောက် ရောက်လာပြီးနောက်မှာတော့ ချာလီ့ရဲ့ ဘ၀ဟာ လုံး၀ ပြောင်းလဲသွားတော့တာပေါ့။

ဒီစာအုပ်လေးထဲမှာ လူငယ်တွေရဲ့ စိတ်ကျန်းမာရေး၊ မိဘနဲ့ သားသမီးကြား ဆက်ဆံရေးနဲ့ အရာရာကို စူးစမ်းချင်တတ်တဲ့ လူငယ်တွေရဲ့ သဘောသဘာ၀ကို အနေအေးတဲ့ ချာလီ့ရဲ့ ရှုထောင့်ကနေ အဓိကထားပြီး ဖတ်ရှုရမှာဖြစ်ပါတယ်။ စာအရေးအသားလေးက ပရိတ်သတ်တွေကို ချာလီဆိုတဲ့ကောင်လေးက စာလေးတွေ ပို့ပို့ပြီး ပြောပြနေတဲ့ ပုံလေးမို့ စာဖတ်သူကပါ ချာလီနဲ့ သူငယ်ချင်းတစ်ယောက်လိုကို ရင်းနှီးသွားသလို ခံစားစေရမှာပါ။

စာမျက်နှာ

272

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဆုပြည့်စုံထွန်းစာပေ၊၊ 2020 ဇန်နဝါရီလ(ပ-ကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တိတ်ဆိတ်ခြင်းရဲ့နောက်ကွယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သက်ပိုင် စာအုပ်များ