ဘ၀အခက်အခဲများကိုပေါ့ပေါ့ပါးပါးဖြတ်သန်းခြင်း

( 1 မှတ်ချက်)

3500 (ကျပ်)

လူတိုင်းလူတိုင်း ဘ၀မှာအခက်အခဲတွေကို ကြုံတက်ကြစမြဲပါ လူရယ်လို့ ဖြစ်လာပြီဆိုတော့ အခက်အခဲဆိုတာ ရှောင်လွှဲလို့မှ မရနိုင်တာ အခက်အခဲနဲ့ မကြုံချင်ရင်တော့ ဘာမှမလုပ်ဘဲနေမှဖြစ်တယ် အခက်အခဲဆိုတာ ကြောက်စရာမလို ဘယ်လိုရင်ဆိုင်မလဲဆိုတာသာ အရေးကြီးတာပါ တကယ်တော့ အခက်အခဲဆိုတာ လူတစ်ယောက်အတွက် မိတ်ဆွေကောင်းပါ ပြိုင်ဘက်ကောင်းလို့ ပြောရင်လည်းရပါတယ် အခက်အခဲတွေမကြုံဘဲနဲ့ ဘယ်လိုမှ ရင့်ကျက်တဲ့သူတစ်ဦးဖြစ်မလာ နိုင်။ ဒီတော့အခက်အခဲဆိုတာ ကြိုဆိုရမယ့်အရာပါပဲ ရှေ့ကလူတွေပြောကြတယ် အခက်အခဲများများ ကြုံလေလေ အောင်မြင်မှုပိုရလေလေတဲ့ အခက်အခဲတစ်ခုနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံလာရပြီဆိုပါတော့ ရှောင်ထွက်သွားလို့ မဖြစ်ဘူး တည့်တည့်ကြီးကြည့်ပြီး၊ သတ္တိရှိရှိ ရင်ဆိုင်ကျော်လွှားရတော့မယ် ၊ဒီအချိန်မှာ သက်လုံကောင်းဖို့လိုလာပြီ သက်လုံကောင်းဖို့အတွက် ဘာတွေအရေးကြီးလဲ အရေးကြီးဆုံးကတော့ စိတ်ပါပဲ မိမိစိတ်ကို ပေါ့ပေါ့ပါးပါးထားရှိခြင်းဟာလည်း အရာရာပြီးမြောက်ဖို့ နည်းလမ်းတစ်ခုပါ…။

တကယ်တော့ ဘ၀အမောတွေကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူပါဘူး ဒီစာအုပ်ဟာ စာရေးသူရဲ့အတွေ့ အကြုံ၊အတွေးအခေါ်၊ သဘောတရားတချို့ကို တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဒီစာအုပ်ကိုဖတ်လိုက်လို့ ပေါ့ပေါ့ပါးပါးဖြစ်သွားမယ်လို့ အာမ မခံပါ ဒါပင်မဲ့ စိတ်ခွန်အားတချို့ ရသွားလိမ့်မယ်လို့တော့ ယုံကြည်မိပါတယ်…။

စာမျက်နှာ

121

စာအုပ်အရွယ်အစား

5.2 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ ဧပြီလ 2022 (ပထမအကြိမ်)

3 in stock

ဘ၀အခက်အခဲများကိုပေါ့ပေါ့ပါးပါးဖြတ်သန်းခြင်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Swan Arr Kyaw Zan

    ဘဝရဲ့အခက်အခဲဒုက္ခတွေနဲ့ ကြုံရတဲ့အခါ စိတ်ကို ပေါ့ပေါ့ပါ့ပါးလေး ထားတတ်ဖို့ဆိုတာ တကယ်မလွယ်ဘူး။

    လူဟာ ကိုယ့်ဘဝအနာဂတ်အတွက် အလုပ်လုပ်ရတာ မှန်ပေမယ့် စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပေါ့ပေါ့ပါးပါးလေးထားလိုက်မှ လူက Fresh ဖြစ်ပြီး အလုပ်ကောင်းကောင်းလုပ်နိုင်မှာပါ။ အဓိကကတော့ စိတ်ထားကလေး ထားတတ်ဖို့ပါပဲ။

    ဒီအကြောင်းကို Physics ဆရာဖြစ်သူ ဒေါက်တာဌေးလှိုင်ရဲ့ ဘဝတစ်လျှောက်အတွေ့အကြုံတွေကို ချရေးပြထားတဲ့ စာအုပ်ပါ။

    အခုစာအုပ်ထဲမှာ ဆောင်းပါး ၂၈ ပုဒ် ပါဝင်ပြီး အများစုက ဘဝအခက်အခဲတွေကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်ဖို့ နည်းလမ်းလေးတွေ အများကြီး ရေးပြထားတယ်။

    “ဤခရီး မနီးပါ” ဆောင်းပါးက အမေ့အတွက် ရည်စူးပြီးရေးခဲ့တယ်။ အမေဖြစ်သူ ဘူးသီးတောင်မြို့မှာ စာရေးသူနဲ့အတူ အခြေချပြီး နောက်ဆုံးဘဝကို ဖြတ်သန်းခဲ့ပုံလေးအကြောင်းကို ရေးပြထားတာပါ။

    “အဖေ့ကို အိပ်မက်မက်တယ်” ဆောင်းပါးက အဖေ့အတွက် ရည်စူးပြီး ရေးခဲ့တယ်။ စာရေးသူ ခြောက်နှစ်သားတုန်းက သူ့အဖေကွယ်လွန်တာကို အိပ်မက်မက်ခဲ့တဲ့အကြောင်းကို ရေးပြထားတာပါ။

    ကျွန်တော်တို့လူတွေ အခက်အခဲကြားမှာ အမြဲတမ်း လေးလံမှုချည်းနဲ့ မရှင်သန်ဘဲနဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ ရှင်သန်ဖို့ ကြိုးစားရအောင်….။

    စွမ်းအားကျော်ဇံ
    ၃၀.၇.၂၀၂၃ (တနင်္ဂနွေနေ့)

    #ဘဝအခက်အခဲများကိုပေါ့ပေါ့ပါးပါးဖြတ်သန်းခြင်း
    #ဒေါက်တာဌေးလှိုင်
    #မယူမြစ်စာပေ
    #SwanArrKyawZan

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဒေါက်တာဌေးလှိုင် စာအုပ်များ