တစ်ပတ်ရစ် နွမ်းလျ

( 0 မှတ်ချက်)

5000 (ကျပ်)

ဥာဏ်ပညာ အားကိုးနဲ့ ဆုံးဖြတ်ရတဲ့ ချစ်ခြင်းမေတ္တာတွေဟာ အကျအဆုံး များသလို ထိခိုက်ပြိုလဲ တတ်ပါတယ်။ ခံနိုင်ရည်မျဉ်းတွေကို အဲဒီ့တုန်းကသာ ဆွဲဆန့်ထားနိုင်ခဲ့ရင်ဆိုတဲ့အသိက အခုတော့ ကျွန်မကို ရူးအောင်နှိပ်စက်နေခဲ့ပါပြီ။

ချစ်ခြင်းမေတ္တာက ဘဝစာမျက်နှာထဲကိုတိုးဝင်လာတဲ့အခါ ဘဝခရီးက ရင်ဆိုင်ရမယ့် တိုက်ပွဲ ဖြစ်လာတယ်။ခိုင် ကိုယ်တိုင်မသိခဲပေမဲ့ တောင်ပေါ်အရပ်ကနေ ဖုံးလွှမ်းလာတဲ့ တိမ်ညိုအုပ်တွေဟာ အေးမြမှုကိုသာမက မှိုင်းပြမှုကိုလည်း ပေးစွမ်းလာတယ်။ မောင့်ကိုတော့ တစ်ရက်မှ မေ့မရခဲ့ဘူး။

အချစ်ဦးကို မြေးဦးရတောင် မမေ့ဘူးဆိုတဲ့စကားက တကယ်ပဲ မဟုတ်လား။ ဒါကြောင့်မလိုအပ်တဲ့နေရာတွေ လွင့်ထွက်သွားမှာကြောက်တဲ့ စိတ်နဲ့တော့ ဘာကြိုးတွေနဲ့မှအချည်နှောင် မခံတာ အကောင်းဆုံးပဲ။ ခိုင့် အယူအဆဟာ အတ္တတဲ့လား။ ချစ်ခြင်းကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ အလွမ်းအာရုံ ပတ်လမ်းဟာ မောင့်ဆီမှာပဲ အဆုံးသတ်သွားခဲ့တော့တယ်။

ဒီလိုနဲ့…တစ်ပတ်ရစ် ဖြစ်ခဲ့ပြီ.ခိုင်…နွမ်းလျခဲ့ပြီးပြီ…

ဒီစာအုပ်လေးက ချစ်ခြင်း​တွေ၊ နှောင်ဖွဲ့မိတဲ့ မိန်းမသားတစ်ဦးရဲ့ အကြောင်းကိုရေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။

စာမျက်နှာ

98

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2024 ဇွန်လ (ပထမအကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တစ်ပတ်ရစ် နွမ်းလျ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

အီရှီတာ စာအုပ်များ