စွယ်တော်
4000 (ကျပ်)
စွယ်တော်ရွက်သည် အချစ်သင်္ကေတအတွက်မဟုတ် လူငယ်တို့၏ ပညာရေး ဘ၀ကိုလည်း ကိုယ်စားပြုလေသည် တစ်လွှာက ကျောင်းသင်ရိုး ပြဌာန်းစာများဟု ဆိုလျှင် ကျန်တစ်လွှာသည် ပြင်ပဗဟုသုတ စာပေများ မဟုတ်ပါလော ဒါကြောင့် လူငယ်တို့သည် နှစ်လွှာပေါင်းမှ တစ်ရွက်မည်တဲ့ စွယ်တော်ရွက် ဘ၀များပါပဲ။
တက္ကသိုလ်ဆိုတာ နိုင်ငံရေးခေါင်းဆောင်တွေ၊ အုပ်ချုပ်ရေးခေါင်းဆောင်တွေ ၊သိပ္ပံပညာရှင်တွေ ၊ဆေးဘက်ပါရဂူတွေ၊ ပညာရေးပါရဂူတွေ၊ဥပဒေပညာရှင်တွေ၊စာပေပညာရှင်တွေ၊အတွေးအခေါ်ပညာရှင်တွေကို သန္ဓေတည်ပေးတဲ့ နေရာ၊မွေးဖွားပေးတဲ့ နေရာ၊ နိုင်ငံတစ်ခုရဲ့ အနာဂတ်ကို သိချင်ရင် အဲဒီနိုင်ငံမှာ ရှိတဲ့ တက္ကသိုလ်တွေရဲ့ ပစ္စုပ္ပန်အခြေအနေကို ကြည့်ရတယ် စုတ်ပြတ်နေတဲ့ တက္ကသိုလ်ကျောင်းတွေဟာ စုတ်ပြတ်နေတဲ့ နိုင်ငံတစ်ခု ဖြစ်လာမယ့် နိမိတ်ပုံပါပဲ…။
စာမျက်နှာ | 216 |
---|---|
စာအုပ်အရွယ်အစား | 4.9 x 0.3 x 7.8 inches |
ပုံနှိပ်မှတ်တမ်း | လင်းလွန်းခင်စာပေ၊ 2022 မေလ(ဒုတိယအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ