ခပ်နက်နက်ဆူး

( 0 မှတ်ချက်)

5500 (ကျပ်)

အပေါ်ယံပဲ စူးစူး၊ အတွင်းထဲအထိ ခပ်နက်နက်ပဲစူးစူး ဆူးတစ်ချောင်း စူးဝင်ခံရပြီဆိုရင် မျက်တက်တက်နဲ့ အခံရ ခက်တော့တာမို့…

တချို့ဆူးတွေက မတော်တဆ စူးခံရတာ…..။
တချို့ဆူးတွေက တိုက်ဆိုင်လို့ စူးသွားတာ…..။
တချို့ဆူးတွေက သက်ဆိုင်သူကြောင့် စူးခံရတာ…..။
တချို့ ဆူးတွေကြပြန်တော့ ကိုယ်ကိုယ်တိုင်ရဲ့ ပယောဂကြောင့် စူးခံထိတာ…..။
ဘာများကွာသွားမှာမို့လည်း ဆူးဟာ ဆူးပါပဲလေ။

ပထမဆုံး လုံးချင်းလက်ရာ ‘ နာကျင်အချိန်ပို’ နဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့ဖူးတဲ့ အာကာစိုးသူရဲ့ ဒုတိယမြောက်ခြေလှမ်း…။

ဘဝကို ပုံဖော်ခံစားတဲ့နေရာမှာ ဇာတ်နာမှ ဇာတ်လမ်းကောင်းလို့ ထင်ထားသူတွေနဲ့ နည်းနည်းတော့ အစေးမကပ် ဖြစ်နေနိုင်တာပေါ့။ ဘဝထဲက ဟာသတွေ၊ လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေ ဆတူရောပါနေရင်း ကြုံလာတဲ့ လောကဓံကို ဘယ်လို ဖောက်ထွက်ပြီး ဆူးအစူးခံကြမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိသွားစေမဲ့ ဝတ္ထုကောင်းတစ်ပုဒ်လို့ပဲ ညွှန်းဆိုပါရစေ။

ဆူးသဘာဝ ဆူးဓလေ့ ဆူးစရိုက်နဲ့ လူ့သဘော လူ့မနော လူ့အကြောကို အကောင်းဆုံး ထင်ဟပ်ပြထားတဲ့ ခပ်နက်နက်ဆူးဟာ ခေတ်ရဲ့သရုပ်၊ ခေတ်ရဲ့ ဖြတ်သန်းမှုတွေ အများကြီးပဲ။

ဆူးအစ ဆူးအလယ် ဆူးအဆုံး ပျင်းစရာမကောင်းအောင် ချိတ်ဆက်မှုတွေက ဆွဲခေါ်သွားမယ်ဆိုတာ ဆူးရှေ့နေ တစ်ယောက်အနေနဲ့ ကြိုတင် ရွှေနားတော်သွင်းရင်းနဲ့…..။

ခပ်နက်နက်ဆူး… စူးကြည့်ပါလို့ပဲ သတင်းစကားပါးလိုက်ပါရစေ…။

စူးဝင်ထားတဲ့ဆူးကို အသက်သာဆုံးဖြစ်အောင် ဘယ်လို ထွင်မလဲက ဒီဝတ္ထုရဲ့ အသက်ပါပဲ။

စာမျက်နှာ

193

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.3 inches

ပုံနှိပ်မှတ်တမ်း

မိုးစွန်ကြယ်စာပေ 2023 မတ်လ (ပထမအကြိမ်)

13 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ခပ်နက်နက်ဆူး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

အာကာစိုးသူ စာအုပ်များ