ဆူးဖယ်လက်

( 1 မှတ်ချက်)

4000 (ကျပ်)

အမျိုးသားစာပေဆု ရရှိထားတဲ့ ဆရာမဝေ(စီးပွားရေးတက္ကသိုလ်) ရဲ့ အတွေးလည်းလှ ၊ အရေးလည်းလှပါသော ဆူးဖယ်လက် ရသစာတမ်းနှင့်အခြားစာစုများ .. ဒီစာအုပ်လေးရဲ့ ခေါင်းစဉ်အမည်ပေးထားတဲ့ ဆူးဖယ်လက် ဆိုတဲ့ ရသစာတမ်း/အက်ဆေး စာပုဒ်လေးဟာဆိုရင် ၂၀၁၂ ခုနှစ် ရွှေအမြုတေ စာပေဆု (အက်ဆေး) ရသစာတမ်းဆုကို ရရှိခဲ့ဖူးပါတယ် .. ကလေးတစ်ယောက်ရဲ့ ရင်ထဲမှာ နစ်၀င်နေတဲ့ ဆူးတချောင်းကို ပြေပျောက်သွားအောင် နုတ်ယူဖို့က ခဲယဉ်းပါတယ် .. အနုတ် မတတ်ရင် ဆူးက ပိုပိုပီး နစ်၀င်သွားတတ်တယ် မလား .. ကျွမ်းကျင်လိမ္မာတဲ့ ဆူးဖယ်လက်ဖြစ်စေဖို့ ဒီထဲမှာပါတဲ့ စာလေးတွေကို မိဘတွေ ၊ ဆရာ/ဆရာမတွေကို ဖတ်ကြည့်စေချင်ပါတယ် .. ဒီစာအုပ်လေးထဲမှာ မိဘဖြစ်သူတွေ ၊ အုပ်ထိန်းသူတွေ ၊ ဆရာ/ဆရာမတွေ ဖတ်သင့်တဲ့ စာပုဒ်တော်တော်များများနဲ့ အတွေးလေးတချို့ကို ပေးစွမ်းနိုင်တဲ့ စာပုဒ်လေး စုစုပေါင်း ၁၆ ပုဒ် ပါ၀င်ပါတယ် ….. ။

စာမျက်နှာ

120

စာအုပ်အရွယ်အစား

5.5× 0.3×8 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2023 မတ်လ (ပထမအကြိမ်)

7 in stock

ဆူးဖယ်လက် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ပုံမှန် ဆိုရင်လည်း ရသစာတမ်း
    အက်ဆေးလေးတွေ ဖတ်ရတာ
    သဘောကျတယ်။

    နူးနူးညံ့ညံ့လေးနဲ့ စိတ်ကြည်နူးမှုကို
    ခံစားရစေတဲ့ အတွက်ကြောင့်ပါပဲ။

    ဆရာမဝေ(စီးပွားရေးတက္ကသိုလ်)ရဲ့
    “ဆူးဖယ်လက်” ဆိုတဲ့ ဒီစာအုပ်လေး
    ထဲမှာဆိုရင် ရသအက်ဆေးလေးတွေ
    စုစုပေါင်း(၁၆)ပုဒ် ပါရှိပါတယ်။

    ပထမဆုံး ဖတ်ဖြစ်တာလေးက…

    စာအုပ် ခေါင်းစဥ်လေးဖြစ်တဲ့

    🍂ဆူးဖယ်လက်

    ဒီစာစုလေး ဖတ်မိတော့
    တလောက ကြည့်မိတဲ့ ကိုရီးယား
    ကားလေး သွားတွေးမိတယ်။

    ပညာရေးမှာ အဆင့်ကောင်းဖို့၊ နာမည်ကြီး သင်တန်းတွေ အချိန်ပြည့် လိုက်တက်ခိုင်းရ၊ မေးခွန်းတွေ ဝယ်ရနဲ့
    ဆရာမ ရေးထားသလိုပြောရရင်
    ကလေးတွေက တော်တော်၊
    မိဘတွေက ကဲကဲ ဖြစ်နေတာရယ်။

    မိဘကိုယ်တိုင်က ကလေးတွေရဲ့
    ရင်ထဲက ဆူးကို မဖယ်ဘဲ ပိုနစ်အောင်
    လုပ်နေသလိုပဲ။

    သားသမီးကို ချစ်ရာမရောက် နှစ်ရာရောက်နေတဲ့ အဖြစ်မျိုးတွေပေါ့။

    ဆရာမ သမီးလေးက ကလေးပီပီ
    ဆရာမကို သွားကန်တော့ပေးဖို့၊
    စာစီစာကုံး အမှတ်ကောင်းအောင်
    ကူရေးပေးဖို့ ပြောတော့ သမီးကလေးကို
    ကိုယ့်အားကိုယ်ကိုးတတ်ဖို့၊ နားဝင်အောင် ပြောပြပေးခဲ့တာက ကလေးအတွက် ပိုကောင်းတဲ့ နည်းလမ်းကောင်းလေးတစ်ခု ဖြစ်တယ်လို့ မြင်ပါတယ်။

    “အာစရိယဂုဏော အနန္တော” ဆိုသလို
    လေးစားတန်ဖိုးထားဖို့ကောင်းတဲ့
    ဆရာ၊ဆရာမကောင်းတွေလည်း အများကြီးရှိကြသလို လက်ဆောင်ပေးမှ၊
    ကန်တော့မှ၊ ကျူရှင်ယူမှ မျက်နှာသာပေးတတ်တဲ့ ဆရာ/မ မျိုးတွေလည်း
    ငယ်စဥ်က ကြုံဖူးခဲ့ပါသေးတယ်။

    ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူ ဖြစ်အောင် ဆုံးမသွန်သင်ခဲ့တဲ့ မိဘတွေကို
    ဖြင့် ကျေးဇူးတင်နေမိတယ်။

    နောက်ပြီး ရှေ့မှာ ထွက်ထားတဲ့
    “နှင်းဆီခြေသံ” လုံးချင်းစာအုပ်လေး
    ဖတ်ထားဖူးသူတွေအတွက်
    လွမ်းမိသွားစေမဲ့ “နှင်းဆီခြေသံ”
    အက်ဆေးလေး တစ်ပုဒ်လည်း
    ပါသေးတယ်နော်။🥰

    🍂နံနက်ခင်း၏ခြေလှမ်းများ

    ဒါလေး ဖတ်မိတော့ အဖေရယ်၊
    ညီမလေးရယ်နဲ့ အတူတူ မနက်အစော
    လမ်းထလျှောက်ဖြစ်တဲ့ နေ့တွေကို
    ပြန်သတိရမိတယ်။

    လူရှင်း၊ ယဥ်ကြော ရှင်းတဲ့အချိန်ဆိုတော့
    လျှောက်လို့လည်းကောင်း၊ လေအေးအေးလေး တိုက်ပြန်တော့ အမောပြေရနဲ့
    အကောင်းဆုံး ခံစားချက်ကတော့
    အဖေ ပျော်နေတာ မြင်ရလို့ပါပဲ။
    (သမီး၂ယောက်ကို ခေါ်ပြီး ရှေ့ကနေ
    ဦးဆောင်လျှောက်နေတဲ့ ကျောပြင်ကိုငေးရင်း ပြုံးမိရတယ်)

    🍂ဇာတိမာန်

    ဒီစာစုလေး ဖတ်ပြီး ဆရာမလိုပဲ ကျွန်မလည်း မန္တလေးမြို့ကို လွမ်းမိသွားတာတော့ အမှန်ပဲ။ ငြိမ်ငြိမ်သက်သက်လေး
    ရှိနေတယ်လို့ ခံစားမိစေတဲ့ မြို့ကလေး။
    ချစ်ဖို့ကောင်းတဲ့ မြို့ကလေးမို့
    ကြာကြာလေး နေပြီး နေရာစုံ
    လည်ပတ် ကြည့်ချင်ပါသေးတယ်။🥰

    🍂တို့များ ငယ်ငယ်တုန်းက

    ငယ်ငယ်က လူကြီးတွေ ပြောပြတဲ့
    ငယ်ဘဝ အကြောင်းတွေ တခုတ်တရ နားထောင်ရတာ သဘောကျတတ်သူတွေအတွက် ဒီစာစုလေးက လွမ်းစရာလေး ဖြစ်နေမှာရယ်။

    🍂ရာဇဝင် အသစ်ရေးချင်သူ

    ဝါသနာပါရာ အိမ်မက်နဲ့ လက်ရှိ အလုပ်ထပ်တူကျဖို့ မလွယ်ကူတဲ့အကြောင်း၊
    မိဘတွေရဲ့ လွှမ်းမိုးမှုကြောင့်
    ရွေးချယ်ခွင့်မရတဲ့ ဘဝနေမှူပုံစံတွေ
    အကြောင်းလေးတွေကို
    ရေးသားထားပါတယ်။

    “လူဆိုတာက ကိုယ်ဝါသနာပါရာ၊
    ယုံကြည်ရာကိစ္စကိုမှ စိတ်ရော ကိုယ်ပါ
    အားထုတ်ချင်ကြတာတဲ့လေ…။”

    ကလေးတိုင်း ယုံကြည်ရာ လုပ်နိုင်ဖို့
    မိဘတွေအနေနဲ့ လမ်းဖွင့်ပေးသင့်ကြောင်း အသိလေး ရစေပါတယ်။

    🍂”ကင်းထောက်စခန်းမှ အလွမ်း”

    🍂”ဆေးရောင်ပြယ်မှာစိုးသော
    ပန်းချီကား” စာစုလေးတွေမှာတော့
    မိခင်တစ်ယောက်ရဲ့ မေတ္တာကို
    ခံစား နားလည်မိစေပါတယ်။

    မတူညီတဲ့ ခံစားချက် မျိုးစုံနဲ့
    ကြည်နူး ပျော်ရွှင်စေမဲ့ စာအုပ်လေးပါ။

    ရသ အက်ဆေးလေးတွေ သဘောကျသူများအတွက် ညွှန်းချင်ပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဝေ(စီးပွားရေးတက္ကသိုလ်) စာအုပ်များ