ဆူဆိုက်ဒိုင်ယာရီ

( 3 မှတ်ချက်)

6500 (ကျပ်)

– ဒီစာအုပ်ဟာ ဘော်ဘီဆိုတဲ့ လိင်စိတ်တိမ်းညွတ်မှုထူးခြားတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘ၀ကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရပုံနဲ့ အဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဘာ‌သာရေးကိုင်းရှိုင်းတဲ့ မိခင်ဖြစ်သူကလည်း သားဖြစ်သူရဲ့ လိင်စိတ်တိမ်းညွတ်မှုကို ဘုရားသခင် ကုစားပေးလိမ့်မယ်လို့ ယုံကြည်ခဲ့ပေမဲ့ သားလေးကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာတော့ ဘာသာရေးကို တိကျတဲ့ရှုထောင့်ကနေ ရှုမြင်နိုင်ခဲ့ပါတယ်။ ဘော်ဘီကိုယ်တိုင် နေ့စဉ်ရေးသားခဲ့တဲ့ ၀မ်းနည်းကြေကွဲဖွယ် ဒိုင်ယာရီလေးနဲ့ သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်အကြောင်းကိုအခြေပြုပြီး ရေးသားထားတဲ့ ဒီစာအုပ်ဟာ ကမ္ဘာပေါ်ရှိ မိဘတိုင်းကို မိမိတို့ သားသမီးတွေအတွက်အချိန်မလွန်ခင် ကမ်းလက်တစ်စုံအဖြစ် ကူညီခွင့်ရအောင်အထောက် အကူ ပြုမယ့်အပြင် ဆရာ၊ဆရာမတွေ၊ မိဘနဲ့အုပ်ထိန်းသူတွေ၊လိင်စိတ်တိမ်းညွတ်သူတစ်ယောက်ရဲ့ စိတ္တဗေဒကို နားလည်ချင်သူတွေနဲ့ စကားလုံးတွေဟာ လူတစ်ယောက်ကို သတ်နိုင်တယ်ဆိုတာကို မယုံကြည်တဲ့သူတွေ ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

322

စာအုပ်အရွယ်အစား

5.5 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာပေ၊ 2022 မေလ

2 in stock

ဆူဆိုက်ဒိုင်ယာရီ အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. ငယ်ငယ်

    မိဘတွေသားသမီးအပေါ် ဘယ်လောက်ချစ်နိုင်လည်း ဘယ်လောက်နားလည်နိုင်မလည်း ဆိုတာ အရမ်းမြင်သာသွားမယ်ထင်တယ်

  2. Ei Mon

    ဆူဆိုက်ဆိုတဲ့စကားလုံးနဲ့ “လိင်တူ”ဆိုတာက ဒီနေ့လူမှုဝန်းကျင်နဲ့ရော အရင် ခေတ်ဟောင်းလူမှုအသိုင်းအဝိုင်းမှာပါ မစိမ်းဘူး။ ဒါပေမယ့် ဒီစကားလုံးတွေအပေါ်အကောင်းမြင်မှုကလဲ နည်းပါးတယ်။
    “သတ်သေ” တယ် ဆိုတဲ့ စကားကိုလဲ လူတချိုက ပျော့ညံ့တာ၊ အဆိုးမြင်တာ စသည်ဖြင့်မကောင်းအမြင်နဲ့ပဲမြင်ကြတယ်။
    #နေထိုင်ဖိုအကြောင်းပြချက်
    လူ့ပတ်ဝန်းကျင်၊လူ့လောကနဲ့ ဒီကမ္ဘာမြေကြီးမှာ‌နေထိုင်ဖို အကြောင်းပြချက်လိုတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပေမယ့် ကျနော်တိုကိုယ်ဆီမှာလဲ ဆက်လက်နေထိုင်ဖို အကြောင်းပြချက်တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုတာလဲ ရှိနိုင်တာပေါ့လေ။
    စာအုပ်ထဲက ဇာတ်ဆောင် “ဘော်ဘီ” မှာရော ဒီလိုအကြောင်းပြချက်တစ်ခုလေးတောင်မရှိခဲ့တာလား။
    “ဘော်ဘီ” က ဘာအိပ်မက်မှမရှိတဲ့ လူငယ်လေးလဲ မဟုတ်ခဲ့ပြန်ဘူး။
    ဒါပေမယ့် “ဘော်ဘီ”မှာ မရရှိခဲ့တာက “နားလည်မှု” နဲ့ “ဖေးမမှု” “စာနာမှု”
    ဒီစာအုပ်ပါ ဖြစ်ရပ်က များစွာသော လိင်စိတ်ကွဲပြားသူတွေ ရဲ့ ဆူဆိုက်လုပ်ခြင်းဇာတ်လမ်းကြောင်းတွေက တစ်ခု ပဲဖြစ်သေးတယ်။
    တချိုက ဖိရင် ကြွတယ်။ နှိမ်လေ ပိုမာကျောပြလေပဲ ရှင်သန်ပြတယ်။
    တချိုမှာတော့ ဖိရင် ကြေသွားတယ်။ နှိမ်ခံရတဲ့အခါ ပိပြားသွားတယ်။ စိတ်ဓာတ်တွေ ကျဆင်းသွားတယ်၊ အဆုံးမှာ အားလုံးကို စွန့်လွှတ်သွားတယ်။
    “ဘော်ဘီ”က ကြိုးစားကြည့်သေးတယ်၊ အကြောင်းပြချက်ရှာချင်သေးတယ် ဒါပေမယ့် ကိုးကွယ်ယုံကြည်မှုကအစ သူ့ကို မကယ်တင်နိုင်တော့ဘူးလို ယုံကြည်သွားတဲ့အဆုံးမှာ အားလုံးကို စွန့်လွှတ်သွားတယ်။
    #ဘာသာတရား_ရိုးရာယုံကြည်မှု
    လွဲမှားနေတဲ့ ဘုရားစကား ဘာသာပြန် သူတိုအကြောင်းကို စာအုပ်မှာ လှစ်ဟပြသွားတယ်။
    “ဘော်ဘီ” အမေ ယုံကြည်ခဲ့တာက သူ့သားရဲ့အမှားကို ဘုရားသခင်က ပြုပြင်ပေးမယ်လို။ ဒါက ဘုရားမကြိုက်တဲ့ အရာတစ်ခုလို၊ ဒါက “ငရဲ”သွားမယ့် လမ်းတစ်ခုလို ဖြစ်ခဲ့ရတယ်။
    “ဘော်ဘီ” မရှိတော့မှ သူ့ အမေ ရှာဖွေရင်း ယုံကြည်ခဲ့တာက သူ့သား မမှားခဲ့ဘူးလို့ တွေ့ခဲ့ရတယ်။
    ဘုရားသခင်မဟောတဲ့ စကားတွေကို ဘုရားသားတော်တွေက ဖန်တီးလိုရသလား။
    —————
    ဒီစာအုပ်ဖတ်ပြီးတဲ့အခါ ကျနော်တို မေးခွန်းထုတ်ရလိမ့်မယ်
    ဒီလိုချစ်မြတ်နိုးတာက အပြစ်လား။
    ဒီလိုနေထိုင်တာက အပြစ်လား။
    ဒီလိုဖြစ်ရခြင်းကြောင့် ခွဲခြားခံရတာ မှန်သလား။
    ဒီလိုဖြစ်လာမယ်ဆို ဘယ်လိုရွေးချယ်မလဲ။ ဘယ်လိုစဉ်းစားမလဲ။
    သင်သာ “ဘော်ဘီ” ,“မေရီ” ,“ဘော့”, “ဂျွိင်း” နဲ့ တခြားဇာတ်ဆောင်တွေထဲက တစ်ယောက်များ ဖြစ်ခဲ့ရင် ဘာလုပ်မှာလဲ ပြန်မေးစေချင်တယ်။
    #ဘယ်သူတွေဖတ်သင့်လဲ
    LGBT တွေဖတ်သင့်တယ်။ဒီလိုထပ်တူ ပြသနာတွေတွေ့ရင် ဘယ်လိုရင်ဆိုင်မလဲ စဉ်းစားတတ်အောင်လို့။
    မိဘတွေလဲ ဖတ်သင့်ပါတယ်။
    ဘာသာပြန်တာကလဲ အဆင်ပြေပြေရှိတဲ့အပြင် ဘာသာပြန်လို့တောင် မထင်ရပါဘူး။

  3. May

    ဒီစာအုပ်လေးက တကယ့်ကို ဖတ်လို့ကောင်းတဲ့ စာအုပ်လေးပါ။ ဖတ်နေရင်းနဲ့တင် တကယ်ကို နစ်၀င်သွားသလိုခံစားရတယ်။ လိင်တူကြိုက်တဲ့ လူတွေကို ခွဲခြားဆက်ဆံခံရခြင်းအကြောင်း၊ ကိုယ့်ကို မွေးထားတဲ့ မိဘကတောင် နားမလည်ပေးနိုင်အောင် ခွဲခြားဆက်ဆံခံကတဲ့အကြောင်း၊ ပြီးတော့ LGBT လူငယ်တစ်ယောက်ရဲ့ ဘ၀ခက်ခဲကြောင်းတွေကို ရင်ထဲရောက်အောင်ဆွဲခေါ်နိုင်တဲ့ စာအုပ်တစ်အုပ်ပါ။ ဒီစာအုပ်ကဟာ LGBT ဖြစ်နေတဲ့လူငယ်တွေရဲ့ဘဝကို စာနာနားလည်စေနိုင်ပါတယ်။ အကယ်၍ ကိုယ်က လိင်တူ ဒါမှမဟုတ် မိသားစုထဲမှာ လိင်တူကြိုက်တဲ့လူ ပါခဲ့ရင် မိဘက လက်မခံနိုင်တဲ့အခါ ဒီစာအုပ်လေးကို ဖတ်စေချင်ပါတယ်။ မိဘတွေကိုလည်း ပေးဖတ်စေချင်ပါတယ်။ တကယ်ကောင်းတဲ့စာအုပ်လေးတစ်အုပ်ပါ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

သက်ပိုင် စာအုပ်များ