ဆူဆိုက်ဒိုင်ယာရီ (20% OFF)
5200 (ကျပ်)
– ဒီစာအုပ်ဟာ ဘော်ဘီဆိုတဲ့ လိင်စိတ်တိမ်းညွတ်မှုထူးခြားတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘ၀ကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရပုံနဲ့ အဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဘာသာရေးကိုင်းရှိုင်းတဲ့ မိခင်ဖြစ်သူကလည်း သားဖြစ်သူရဲ့ လိင်စိတ်တိမ်းညွတ်မှုကို ဘုရားသခင် ကုစားပေးလိမ့်မယ်လို့ ယုံကြည်ခဲ့ပေမဲ့ သားလေးကို ဆုံးရှုံးခဲ့ရပြီးတဲ့နောက်မှာတော့ ဘာသာရေးကို တိကျတဲ့ရှုထောင့်ကနေ ရှုမြင်နိုင်ခဲ့ပါတယ်။ ဘော်ဘီကိုယ်တိုင် နေ့စဉ်ရေးသားခဲ့တဲ့ ၀မ်းနည်းကြေကွဲဖွယ် ဒိုင်ယာရီလေးနဲ့ သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်အကြောင်းကိုအခြေပြုပြီး ရေးသားထားတဲ့ ဒီစာအုပ်ဟာ ကမ္ဘာပေါ်ရှိ မိဘတိုင်းကို မိမိတို့ သားသမီးတွေအတွက်အချိန်မလွန်ခင် ကမ်းလက်တစ်စုံအဖြစ် ကူညီခွင့်ရအောင်အထောက် အကူ ပြုမယ့်အပြင် ဆရာ၊ဆရာမတွေ၊ မိဘနဲ့အုပ်ထိန်းသူတွေ၊လိင်စိတ်တိမ်းညွတ်သူတစ်ယောက်ရဲ့ စိတ္တဗေဒကို နားလည်ချင်သူတွေနဲ့ စကားလုံးတွေဟာ လူတစ်ယောက်ကို သတ်နိုင်တယ်ဆိုတာကို မယုံကြည်တဲ့သူတွေ ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။
စာမျက်နှာ | 322 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.5 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | သားငယ်စာပေ၊ 2022 မေလ |
12 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ