ကြိုးစားခြင်း နဲ့ အောင်မြင်ခြင်း

( 0 မှတ်ချက်)

5000 (ကျပ်)

ကြိုးစားခြင်းဆိုတာ လုပ်အားပဲ။ အဲဒီ ‘လုပ်အား’ ဆိုတာက ခွန်အားဗလ ရှိသူတိုင်း လုပ်လို့ရတယ်။ လုပ်နိုင်ကြတယ်။
• လုပ်အားကို ဉာဏ်ပညာ မပေါင်းနိုင်သမျှတော့ ကြိုးစားနေခြင်းက အရာထင်ဖို့ ခက်ခဲနေဦးမှာပါပဲ။
• ကြိုးစားခြင်းကို ပိုပြီးတောက်ပစေဖို့၊ ပိုပြီးအရာထင်စေဖို့၊ ပိုပြီးပြည့်စုံစေဖို့အတွက် အရေးအကြီးဆုံးက ဉာဏ်ပညာပဲ။ တစ်နည်းအားဖြင့် ကောင်းမွန်တဲ့ စိတ်ကူးပဲ။
• ”စိတ်ကူးကောင်းတဲ့သူတွေက အရာရာမှာ သာလွန်ကြတယ်။ တချို့ဆိုရင် စိတ်ကူးလေးကြောင့်ပဲ တိုးတက်အောင်မြင်သွားကြတာ”
• ဒီစာအုပ်ကို ဖတ်မိသူတိုင်း ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာမယ်လို့ အာမခံဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ဘယ်နည်းဘယ်ပုံ ကြိုးစားသင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး အတွေးလေးတွေ ပေးနိုင်ပါလိမ့်မယ်။ အကြံလေးတွေ ရနိုင်ပါလိမ့်မယ်။
• နောက်ပြီး ဒီစာအုပ်ကို ဖတ်ရုံနဲ့ အောင်မြင်လာလိမ့်မယ်လို့လည်း မယူဆစေချင်ပါဘူး။ အောင်မြင်ဖို့အတွက် ဘယ်လို ကြိုးစားရမယ် ဆိုတာမျိုးကို တွေးမိဖို့၊ ကြိုးစားခြင်းကို အရောင်တင်နိုင်ဖို့၊ ပြီးတော့ အောင်မြင်ခြင်းကို မြင်အောင် ကြည့်တတ်ဖို့၊ အောင်မြင်ခြင်းကနေ ရရှိလာတဲ့ ခွန်အားတွေနဲ့ ပိုမိုကြီးမားတဲ့ အောင်မြင်ခြင်းတွေဆီကို တက်လှမ်းနိုင်ဖို့ စတာတွေကိုပဲ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

စာမျက်နှာ

127

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2024 မေလ (ပထမအကြိမ်)

17 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကြိုးစားခြင်း နဲ့ အောင်မြင်ခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

သုနေ စာအုပ်များ