အဝါရောင်စုဘူးထဲမှာ ပျော်ရွှင်ခြင်းတွေရှိတယ်
5500 (ကျပ်)
ပျော်ရွှင်မှုတွေကို စုဆောင်းသိမ်းဆည်းထားလို့ မရဘူးဆိုပေမဲ့ ဒီစုဘူးလေးဟာ မပျော်မရွှင်ဖြစ်နေတဲ့ မင်းကိုပေးဖို့ ရည်ရွယ်ပါတယ်။
ဒီစုဘူးလေးဟာ ရွှေတွေ၊ ငွေတွေ မပါဝင်တဲ့ သာမန်စုဘူးလေးတစ်ခုပါပဲ။ အဝါရောင်ဟာ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတယ်တဲ့။
ပျော်ရွှင်ခြင်းတွေကို ကိုယ်စားပြုတဲ့ ဒီအဝါရောင်စုဘူးထဲမှာ မင်းကို ပေးဖို့ ပျော်ရွှင်ခြင်းတွေ စုဆောင်း သိမ်းဆည်းပေးထားတယ်။ မပျော်မရွှင် ဖြစ်နေတဲ့ မင်းလေး ထုတ်ကြည့်ဖို့၊ ဝမ်းနည်းတဲ့အခါ ထုတ်ပြီး ကြည့်ဖို့ ပျော်ရွှင် နွေးထွေးမှုတွေပေါ့။
စုဘူးလေးကို ဖွင့်ကြည့်တဲ့အခါ မင်းတွေ့ပါလိမ့်မယ်။
နေ့ရက်တိုင်းမှာ ရှိတဲ့ ပျော်ရွှင်ခြင်းတွေ၊ ပျော်ရွှင်ဖို့ရာ အကြောင်းပြချက်တွေ၊ ပျော်ရွှင်ဖို့အတွက် လက်လွှတ်ခဲ့ရမဲ့ အရာတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ဘဝရဲ့ ကံကောင်းမှုတွေကို တွေ့လိမ့်မယ်။
ခက်ခဲတဲ့ နေ့ရက်တွေမှာကအစ ဘဝကို မျှော်လင့်ချက် မမဲ့စေဖို့၊ ရယ်မောဖို့ကို သတိရစေဖို့၊ ဘဝရဲ့ အမှတ်တမဲ့ ပျော်ရွှင်မှုတွေကို အသိအမှတ်ပြုတတ်ဖို့၊ ပင်ပန်းတဲ့အခါ စိတ်ခံစားချက်တွေကို တင်းမထားဖို့၊ ဟန်မဆောင်ဖို့ကို ချစ်တဲ့စိတ်နဲ့ ရေးထားတဲ့ သတိပေးစကားတစ်ချို့ရယ်ပေါ့။
ဘဝမှာ ငါတို့အမြဲ ပျော်နေနိုင်မှာ မဟုတ်ဘူးလေ။ လူဆိုတာ အမြဲ ပျော်နေလို့ မရသလို၊ အမြဲ ဝမ်းနည်းနေလို့လဲ မရဘူး။ အမြဲပျော်နေမယ်ဆိုရင်လဲ ဘဝကို surviveလုပ်နိုင်မှာ မဟုတ်ဘူး။ အမြဲတစေ စိတ်ဓာတ်ကျနေမယ်ဆိုရင်လဲ ဘဝမှာ surviveမလုပ်နိုင်ဘူး။ ရယ်သံတစ်လှည့်၊ ငိုသံတစ်လှည့်ကိုက ဘဝရဲ့ လောကဓံပဲ။
ဒါပေမဲ့ လောကဓံရဲ့ အလှည့်အပြောင်းတွေကြားမှာ အတတ်နိုင်ဆုံး လိုက်လျောညီထွေ ဖြစ်အောင် နေတတ်ဖို့ လိုတယ်လေ။ ဘဝက ကိုယ့်ကို သံပုရာသီး ပေးလာတဲ့အခါ ချဉ်ပါတယ်ဆိုပြီး ထိုင်ညည်းနေမဲ့အစား သံပုရာရည် ချိုချိုလေးဖြစ်အောင် ဖျော်သောက်တတ်ဖို့လိုတယ်။ ဘဝရဲ့ စိတ်ညစ်ပင်ပန်းရတဲ့ နေ့ရက်တွေမှာလဲ အတတ်နိုင်ဆုံးတော့ ပျော်ရွှင်နိုင်အောင် ကြိုးစားတတ်ဖို့ လိုတယ်လေ။
အဲဒီလို ပျော်ရွှင်စေချင်လို့လဲ ဒီစုဘူးလေး မင်းကို လက်ဆောင်ပေးတာပေါ့။ မင်းနဲ့အတူတကွ အမြဲ သိမ်းထားပြီး အချိန်တိုင်းမှာ ထုတ်ကြည့်စေချင်တယ်။ အထူးသဖြင့်တော့ မပျော်ရွှင်ရတဲ့ နေ့ရက်တွေမှာ စုဘူးထဲက ပျော်ရွှင်မှုတွေကို ထုတ်ယူသုံးစွဲစေချင်တယ်။ လက်တွေ့အသုံးချပြီး ပျော်ရွှင်စေချင်တယ်။
မင်းဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိစေချင်တဲ့ ပျော်ရွှင်မှုတွေကို သိမ်းဆည်းပြီး ပို့လိုက်တယ်။
အဝါရောင် စုဘူးထဲမှာ ပျော်ရွှင်ခြင်းတွေ ရှိပါတယ်။
စာမျက်နှာ | 128 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.3 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | The book town ၊2023 ဇူလိုင်၊ (ပထမကြိမ်) |
25 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ