ဒဏ်ရာတွေပေးခဲ့ပေမဲ့ ခွန်အားတွေရခဲ့ပါ့ကွယ်

( 0 မှတ်ချက်)

9500 (ကျပ်)

အချို့သောမနက်ခင်းတွေမှာ မင်း နိုးလာတယ်၊ ဒဏ်ရာတွေ နာလာမယ်။
အချို့သော မနက်ခင်းတွေမှာ မင်း နိုးလာတယ်၊ လက်ချောင်းထိပ်လေးတွေဆီက
တစ်စက်စက် ထွက်ကျနေတဲ့ မျှော်လင့်ချက်တွေအားလုံးနဲ့ ပတ်သက်ပြီး စမ်းတဝါးဝါး
ဖြစ်လာမယ်။ ဒါဟာ ကြီးပြင်းခြင်း၊ ကုစားခြင်း၊ အရိုးတွေကို ဟန်ချက်ညီစေခြင်းပဲ။
မင့်ဘဝက တက်လိုက်ကျလိုက်။ ဒါပေမဲ့ ဘယ်တော့မှ တန်ဖိုးမဲ့နေမှာ မဟုတ်။
မင်းဟာ ဘယ်တော့မှ အဓိပ္ပာယ်မဲ့နေမှာ မဟုတ်။

― ဘီရန်ကာစပရာစင်နို ―

အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ်…
သုံးခုထဲက ဘယ်တစ်ခုမှာ နေထိုင်မလဲက တည်ရှိနေတဲ့ လူတစ်ယောက်ချင်းစီရဲ့
ရွေးချယ်မှု။ ဒီရွေးချယ်မှုတွေနဲ့ ထိတွေ့ရင်ဆိုင်ကြရာမှာ အပေါင်းအဖော်ရယ်လို့
ရှိကြမယ်။ ဖေဖေ၊ မေမေ၊ ကိုကို၊ မမ၊ ညီလေး၊ ညီမလေး၊ မောင်လေး၊ သူငယ်ချင်း၊
မိတ်ဆွေ၊ လက်တွဲဖော်၊ ချစ်သူ…
ဒဏ်ရာတွေလည်း ရလိမ့်မယ်။ ဖေးမမှုတွေလည်း လက်ခံရလိမ့်မယ်။
စကားသံတွေ၊ လမ်းညွှန်ဆိုင်းဘုတ်တွေ၊ အချက်ပြကြော်ငြာတွေကို တီးတိုးတစ်လှည့်
ကျယ်ကျယ်တစ်ပြန်၊ နီးနီးကနေ အသံပြုလိုက်၊ ဝေးဝေးကနေ ဟစ်ပြလိုက်
ခံစားမှုနဲ့အတူ နှလုံးအိမ်ထဲ၊ နံရိုးအိမ်ထဲ၊ အရိုးတွေထဲထိ
ခွန်အားတွေ တစိမ့်စိမ့် စီးဝင်သွားမယ်..။

ဘာသာပြန်သူ၏ နောက်ဆက်တွဲမှ ကောက်နှုတ်ချက်

– ဒီစာအုပ်မှာ ကြံ့ကြံ့ခံနိုင်မှု၊ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးခြင်း၊ ကုစားခြင်း၊ တိုးထွက်ဖွံ့ဖြိုးခြင်း အလှတရားတွေကို ကဗျာစကားပြေပုံစံနဲ့ ရေးဖွဲ့ထားပါတယ်။

စာမျက်နှာ

182

စာအုပ်အရွယ်အစား

5.7× 0.4×8.1 inches

ပုံနှိပ်မှတ်တမ်း

The Book Town၊ 2024 ဖေဖော်ဝါရီလ (ပထမအကြိမ်)

11 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဒဏ်ရာတွေပေးခဲ့ပေမဲ့ ခွန်အားတွေရခဲ့ပါ့ကွယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ထက်ဘုန်းရှိန် စာအုပ်များ