မဟာဗျူဟာ ရှာတော်ပုံ

( 0 မှတ်ချက်)

15000 (ကျပ်)

“ငြိမ်းချမ်းရေးကိုအလိုရှိလျှင် စစ်ပွဲအတွက်ပြင်ဆင်ထားပါ”

– ရောမစစ်ပညာရှင် (Vegetius)
ဒီနှစ်သင်္ကြန်ရုံးပိတ်ရက်မှာ ယွန်းဝဿန်စာဖတ်ပရိတ်သတ်များ ဖတ်ရှုလေ့လာရမယ့်စာအုပ်ကတော့ “မဟာဗျူဟာရှာတော်ပုံ” စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်ကို စာရေးဆရာနွေနိဒါန်းက နိုင်ငံတကာ စာအုပ်ပေါင်း ၁၀ အုပ်ထက်မနည်းကိုးကားထားပြီး မြန်မာ့သမိုင်းမှာထင်ရှားတဲ့ လက်ဝဲသုန္ဒရဘွဲ့ခံ အမတ်ကြီးဦးမြတ်စံရေးသားခဲ့တဲ့ နန္ဒိသေနပျို့များပါမကျန် ရေးသားပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စာအုပ်မှာ မဟာဗျူဟာနဲ့ပတ်သက်လို့ အခန်း ၇ ခန်းရေးဖွဲ့ထားပါတယ်။
အခန်း(၁) မဟာဗျူဟာ ဆိုသည်မှာ –
“မဟာဗျူဟာတစ်ခုချမှတ်ထားခြင်းဖြင့် တွေးခေါ်မြော်မြင်နိုင်စွမ်းမြင့်မားလာမည် ဖြစ်သည်။ မဟာဗျူဟာမရှိလျှင်ပြဿနာဖြေရှင်းခြင်း (သို့မဟုတ်) ရည်မှန်းချက်အကောင်အထည် ဖော်ခြင်းတို့တွင် အားနည်းချက်များနှင့်ဟာကွက်များရှိနေမည်ဖြစ်သည်။ မဟာဗျူဟာမရှိသောစစ်ဆင်ရေး၊ ရင်းနှီးမြှုပ်နှံ မှု (သို့မဟုတ်) အစိုးရစီမံကိန်းများသည် အထောက်အပံ့(သို့မဟုတ်) မှီခိုရာ၊ အားထားစရာမရှိသည်နှင့် တူနေမည်ဖြစ်သည်။ မဟာဗျူဟာကျကျတွေးခေါ်ဆုံးဖြတ်ခြင်းသည် ရည်မှန်းချက်ပေါက်မြောက် အောင်မြင်ရေးအတွက်အလွန်အရေးကြီးပါသည်။ ထိုကဲ့သို့ဆုံးဖြတ်နိုင်စွမ်းရှိသူများသည် အကြံဉာဏ် ပေးသူများ (သို့မဟုတ်) လုပ်ငန်းအကောင်အထည်ဖော်သူများထက်ပိုမို၍အရေးပါသည်” လို့ စာရေးသူကဆိုပါတယ်။

မဟာဗျူဟာဆိုတဲ့စကားလုံးကို ၁၉၉၀ နောက်ပိုင်းကစတင်ပြီး မြန်မာနိုင်ငံမှာစတင်အသုံးပြုရေးသား ပြောဆိုလာကြပါတယ်။ နိုင်ငံတကာစီးပွားရေးစာအုပ်တွေ၊ Marketing သင်တန်းတွေ ဝင်ရောက်လာတဲ့ အခါ Business Strategy ဆိုတဲ့စကားလုံးကို စီးပွားရေးမဟာဗျူဟာဆိုပြီး စာမျက်နှာတွေမှာတွေ့လာ ရပါတယ်။

ဒီကနေ့လို အိုင်တီနည်းပညာမြင့်မားလာချိန် နယ်ပယ်ကဏ္ဍအသီးသီးမှာ အပြိုင်အဆိုင်ရှေ့ကိုလှမ်းချီ တက်နေတဲ့ခေတ်ကြီးထဲမှာ စီးပွားရေး၊ ပညာရေးတွေသာမက ကိုယ့်ဘဝရှင်သန်အောင်မြင်နေဖို့၊ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေအောင်မြင်နေဖို့အတွက် Strategy ဆိုတဲ့ မဟာဗျူဟာတစ်ခုတော့လိုအပ် လာပါပြီ။

သင့်ဘဝရည်မှန်းချက်ပန်းတိုင်ဆီအရောက်လှမ်းဖို့ ဘယ်လိုမဟာဗျူဟာချမှတ်မလဲ ?

မဟာဗျူဟာချမှတ်ဖို့ ဘာတွေသိထားရမလဲ?

မဟာဗျူဟာရဲ့အခြေခံမူ၊ မဟာဗျူဟာဆိုင်ရာ လက္ခဏာရပ်တွေ၊ မဟာဗျူဟာသီအိုရီ၊ မဟာဗျူဟာကောင်းတစ်ခုရဲ့လက္ခဏာတွေသိဖို့ ဒီစာအုပ်လေးဟာ သင့်တွက် အထောက်ကူဖြစ်စေမှာပါ။

စာမျက်နှာ

152 (woodfree Paper)

စာအုပ်အရွယ်အစား

5.3 × 0.3 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ဂျာနယ်လစ်စာပေ၊ 2026 ဧပြီလ (ပထမအကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မဟာဗျူဟာ ရှာတော်ပုံ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

နွေနိဒါန်း စာအုပ်များ