Strategies for Business Growth
16000 (ကျပ်)
ဘယ်စီးပွားရေးလုပ်လုပ် Risk, Safety, Profit ဆိုပြီး ရှိပါတယ်။ Safety ဆိုတာက မိမိရင်းနှီးမြှုပ်နှံမှုလုပ်လိုက်မယ့် ငွေကြေးအရင်းအနှီး မပျောက်မပျက်ဘဲရှိနိုင်ခြေကို ဆိုလိုတာဖြစ်ပါတယ်။ Profit ကတော့ အကျိုးအမြတ်ဖြစ်ပြီး Risk ကတော့ လုပ်ငန်းကျဆုံးနိုင်ခြေ၊ ရင်းနှီးငွေဆုံးနိုင်ခြေလို သတ်မှတ်နိုင်ပါတယ်။
အဲဒီမှာ Safety က Profit နဲ့ ပြောင်းပြန်အချိုးကျပါတယ်။ Safety ဖြစ်လွန်းရင် အမြတ်နည်းပါမယ်။ မိမိပိုက်ဆံဆုံးရှုးဖိုမရှိသလောက် တအားကို Safe ဖြစ်နေမယ်ဆိုရင် သေချာတာကတော့ အမြတ်ရဖို နည်းမှာဖြစ်ပါတယ်။ ဥပမာ-ဘဏ်မှာငွေစုတာက ငွေဆုံးနိုင်ခြေအနည်းဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်နိုင်တဲ့တခြား စီးပွားရေးလုပ်ငန်းတွေနဲ့ယှဉ်ရင် အနည်းဆုံးဖြစ်နိုင်ပါတယ်။ ဒါနဲ့ပြောင်းပြန်ဖော်မြူလာကတော့ Risk များရင် Profit များလာပါမယ်။ ဒါပေမဲ့ Safety ကတော့ လျော့လာပါမယ်။
ကျွန်တော့်သဘောကတော့ Risk ၅၀ ရာခိုင်နှုန်း၊ Safety ၅၀ ရာခိုင်နှုန်းအောက် လုပ်ငန်းတွေပဲ လုပ်စေချင်ပါတယ်။ အပြန်အလှန်အားဖြင့် အမြတ်နဲ့ Risk ဟာ တိုက်ရိုက်အချိုးကျတာကြောင့် အမြတ်တအားများမယ်ဆိုတာမျိုးမှာ Risk ရာခိုင်နှုန်း သိပ်များနိုင်တဲ့အတွက် သတိထားရမှာဖြစ်ပါတယ်။ ဆရာ Kaung Hein Soe (Strategic) ရဲ့ “Strategies For Business Growth” စာအုပ်ကနေ ထုတ်နုတ်ထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ခြင်း၊ စီးပွားရေးမဟာဗျူဟာနဲ့ လုပ်ငန်းများနှင့် ကြွေးမြီ ဆိုတဲ့ အပိုင်း ၃ ပိုင်း ပါဝင်ပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း၊ လုပ်ငန်းတစ်ခုတိုးချဲ့ခြင်း၊ လုပ်ငန်း Growth ဖြစ်ဖိုအတွက် မဟာဗျူဟာတွေ၊ လုပ်ငန်းမှာ အလေအလွင့်တွေလျှော့ချပြီး အမြတ်တိုးတက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့နည်းလမ်းတွေ၊ စျေးကွက်မှာ ကိုယ့်လုပ်ငန်းရဲ့အားသာချက်တွေဖန်တီးနိုင်မယ့် Strategy တွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ သတိပြုသင့်တဲ့ ကြွေးမြီတွေအကြောင်း စသဖြင့် ဖတ်ရှုရမှာဖြစ်ပါတယ်။
| စာမျက်နှာ | 272 |
|---|---|
| စာအုပ်အရွယ်အစား | 6 x 0.5 x 8.5 inches |
| ပုံနှိပ်မှတ်တမ်း | စာပေလမ်း 2024 မေလ (ဒုတိယအကြိမ်) |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ