စတော့စျေးကွက်နှင့် ငွေကြေးစျေးကွက်တို့၌ ငွေရှာခြင်း
13000 (ကျပ်)
ယခုစာအုပ်ကို ‘ငွေရှာခြင်း’ ဆိုတဲ့အတိုင်း စတော့စျေးကွက် နှင့် ငွေကြေးစျေးကွက်တို့မှာ လက်တွေ့အသုံးချ ငွေရှာလို့ ရနိုင်ကြဖို့ရန်အတွက် ရည်ရွယ်ရေးသားခြင်းလည်း ဖြစ်ပါတယ်။
စတော့စျေးကွက် (Stock Market) ထဲမှာ စတော့ရှယ်ယာတွေကို ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုတဲ့သူတွေ၊ နိုင်ငံခြားငွေကြေးစျေးကွက် (Forex Market) ထဲမှာ Trading ပြုလုပ်လိုတဲ့သူတွေအတွက် အခြေခံကနေစပြီး နားလည်ရလွယ်ကူစေရန် ရေးသားရှင်းပြထားပါတယ်။
စတော့စျေးကွက် အပိုင်းမှာဆိုရင် စတော့ရှယ်ယာ အရောင်းအဝယ်လုပ်ဖို့ရန် နည်းစနစ်များ၊ လမ်းညွှန်ချက်များတို့အပြင် စတော့ရှယ်ယာအမျိုးအစားတွေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်နည်း၊ ရှယ်ယာတစ်စောင်ကို ဝယ်ရန်သင့်မသင့် နှင့် ဝယ်ပြီးနောက် ဘယ်အချိန်မှာရောင်းထုတ်သင့်တယ်ဆိုသည့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်နည်းများ၊ Portfolio ရင်းနှီးမြုပ်နှံမှုအစုပုံစံ ရင်းနှီးမြှုပ်နှံမှုလုပ်ခြင်း၊ စတော့စျေးကွက်ပြိုလဲမှု ဖြစ်စဉ်များမှ အခွင့်အရေးကောင်းကို ရှာခြင်းနှင့် ဆောင်ရန်ရှောင်ရန်အချက်များ၊ အောင်မြင်သော ရင်းနှီးမြုပ်နှံမှု အတွက် လက်တွေ့ကျသော နည်းစနစ်များ စတာတွေကို အဆင့်ဆင့် ရှင်းပြတဲ့ပုံစံဖြင့် ရေးသားထားပါတယ်။
နိုင်ငံခြား ငွေကြေးစျေးကွက် (Forex Market) အပိုင်းမှာဆိုရင် အခြေခံ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အခြေခံ ဗဟုသုတများကနေစပြီး စျေးကွက်၏ သမိုင်း၊ ဖွဲ့စည်းပုံ နှင့် Broker အကျိုးဆောင်ကုမ္ပဏီ ရွေးချယ်နည်းတို့က အစ စာအုပ်ထဲမှာ ပါဝင်ပါတယ်။ အရောင်းအဝယ်များကို အောင်မြင်စွာပြုလုပ်နိုင်ရန် သီအိုရီများနှင့်တကွ စျေးကွက်သုံးသပ်နည်းများဖြစ်ကြသော Fundamental Analysis, Technical Analysis နှင့် Sentimental Analysis စသည်တို့ကို တစ်ပိုင်းချင်းစီ ရိုးရှင်းသည့် နည်းဖြင့် ရှင်းပြရေးသားထားပြီး အောင်မြင်သော Traderတယောက်ဖြစ်စေဖို့ရန် အကြံပြုချက်များကိုပါ ထည့်သွင်းထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
စာမျက်နှာ | 328 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.8 x 8 inches |
ပုံနှိပ်မှတ်တမ်း | ဆောင်းစုရတီစာပေ၊ 2023 ဩဂုတ်လ (စတုတ္ထအကြိမ်) |
63 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ