စာအုပ် မိတ်ဆက်ခြင်း
5000 (ကျပ်)
ဆရာတင်မောင်မြင့် ဘာသာပြန်ဆိုထားသော သံမဏိလိပ်ပြာ ခေါ် မူရင်းဖီလာဒဲလ်ဖီးယား စာအုပ်လေးဟာ စာအုပ်ထွက်ထွက်ပြီးချင်းမှာပဲ (၆)လလုံးလုံး နိုင်ငံတကာမှာအရောင်းရဆုံးစာအုပ်စာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေခဲ့သည့် ဂန္တဝင်မြောက်လက်ရာတစ်ခုဖြစ်ပေသည်။
စကားခပ်နည်းနည်းနှင့် ခပ်အေးအေးနေတတ်ပြီး ဘဝရည်မှန်းချက်မြင့်မားသော မိန်းကလေးတစ်ယောက်…မိဘဆွေမျိုးသညာမရှိတဲ့ ဖီလားဒဲလ်ဖီးယားမြို့ကြီးသို့ ရဲရဲဝင့်ဝင့်နှင့် ဘဝကို စတင်ရန်ရောက်ရှိလာပုံနှင့် အစပျိုးထားပြီး ၊မိန်းမသား သုံးဦးတို့၏မျော်လင့်ချက် ၊ရည်မှန်းချက်တို့ကို အခြေပြုကာကြည်နူးရွှင်မြူးရသည်တစ်ဖုံ ရင်နာလွမ်းမောရသည် တစ်လှည်ဖြင့်ဖတ်ရှုရမည့် ဂန္တဝင်လက်ရာမြောက် ဝတ္တုကောင်းတစ်ပုဒ်ဖြစ်ကြောင်း ညွန်းလိုက်ချင်ပါတယ်။
–ဝတ္ထုကောင်းတွေနဲ့ ရသမြောက်နေ့ရက်တွေကိုဖြတ်သန်းလိုတဲ့ စာဖတ်ပရိတ်သတ်တို့အတွက် စာအုပ်ကာင်းတစ်အုပ်…
စာမျက်နှာ | 325 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.7 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပြည်မြန်မာစာအုပ်တိုက်၊ 2019 ဧပြီလ (တ-ကြိမ်) |
1 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ