ဆွန်ဇူး၏စစ်ပညာ
4000 (ကျပ်)
ဆွန်ဇူး၏ Tha Art of War (စစ်ပညာ) စာအုပ်မှာ သေးငယ်သော်လည်း စစ်၏အခြေခံအနှစ်သာရ ဥပဒေသတို့အား တိကျစွာဖော်ပြထားသည့်အပြင် ကျယ်ဝန်းနက်နဲသော အကြောင်းအရာများအား ခြုံငုံမိသည်။ စစ်ရေးဆိုင်ရာ ပြဿနာများ၊ အခက်အခဲ အကျပ်အတည်းများနှင့် ၎င်းတို့ကို မည်သို့ဖြေရှင်း အောင်မြင်နိုင်သည်တို့ကို ရှင်းလင်းသော အမြင်ဖြင့် တင်ပြထားသည်။
သေနင်္ဂဗျူဟာ စစ်ပညာကျမ်းတွင် အခန်း (၁၃) ခန်း ပါဝင်၍ စစ်၏အခြေခံ ဥပဒေသတို့အား တိတိကျကျ ဖော်ပြထားသည်။ စစ်ဘက်စည်းကမ်း ထိန်းသိမ်းရေး၊ အုပ်ချုပ်ထောက်ပံ့ရေး၊ စစ်မဟာဗျူဟာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ သံတမန်ရေးပရိယာယ်၊ စစ်မြေပြင်အမျိုးအစား၊ သူလျှိုနှင့် ထောက်လှမ်းရေး စသည့် အခန်းများဖြစ်သည်။
သေနင်္ဂဗျူဟာ စစ်ရေးစစ်ရာနှင့် ပတ်သက်၍ စစ်ပါရဂူတို့ ရေးသားခဲ့သော စစ်ကျမ်းအဆူဆူရှိသော်လည်း ဆွန်ဇူး၏ စစ်ပညာကျမ်းကဲ့သို့ ရာစုနှစ်များစွာ တည်တံမှန်ကန်စေရန် မစွမ်းဆောင်နိုင်ကြချေ။ ကမ္ဘာ့စစ်ပညာနှင့် ပတ်သက်ပါက ချန်လှပ်ထား၍ မရနိုင်သည့် ကျမ်းတစ်စောင်ဖြစ်ရုံမက စာပေအရ ဂန္တဝင်လက်ရာ အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
စာမျက်နှာ | 120 (မူရင်းကျမ်းရင်း တရုတ်ဘာသာစကားကိုပါ |
---|---|
စာအုပ်အရွယ်အစား | 5.5×0.3×8.3 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ ၂၀၂၃ ဇူလိုင်လ (ဒုတိယအကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 27.6.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 4000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
19 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ