သား

( 0 မှတ်ချက်)

5000 (ကျပ်)

စာရေးဆရာ Conrad Richter ၏ The Light In The Forest ဝတ္ထုကို ဆရာမောင်ထွန်းသူမှ “သား” အမည်ဖြင့်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ငယ်စဉ်ကတည်းက အမေရိကားတိုက်၏ ဌာနေတိုင်းရင်းသား လူနီရိုင်းများက ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကာ ထိုအသိုင်းအဝိုင်းမှာပင် “True Son” “သားရင်း”ဟုအမည်ပြောင်း မွေးစားစောင့်ရှောက်ခံခဲ့ရပြီး မိမိကိုယ်ကိုလူနီရိုင်းအဖြစ် ခံယူလိုက်သောလူဖြူကောင်လေးတစ်ဦး၊ စစ်ကြီးအပြီး မပြန်ချင်ဘဲဌာနေပြန်ရောက်ရသောအခါ အဖေအရင်းကိုပင်အသိအမှတ်မပြု၊ တောတွင်းဓလေ့များအတိုင်းဆက်လက်နေထိုင်ရာမှ ပတ်ဝန်းကျင်အသိုင်းအဝိုင်းဆွေမျိုးများ၏ ခွဲခြားမှုနှင့် အခြားအခက်အခဲများကြားရုန်းကန်ရှင်သန်ရပုံကိုရေးဖွဲ့ထားခြင်းဖြစ်သည်။ ဝတ္ထုဟုဆိုသော်လည်း သမိုင်းမှတ်တမ်းအစစ်အမှန်များအပေါ်အခြေခံရေးသားထားသောကြောင့် ၁၈ ရာစုနှောင်းပိုင်း အမေရိကန်တော်လှန်ရေးစစ်ပွဲ၏ ပုံရိပ်များကိုပါမြင်ယောင်ဖတ်ရှုနိုင်မည့် စိတ်ဝင်စားဖွယ် ဘာသာပြန်စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ

186

စာအုပ်အရွယ်အစား

5.2 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2023 ၊ ဇူလိုင်လ (တတိယအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မောင်ထွန်းသူ စာအုပ်များ