ကမ္ဘာမြေရဲ့တစ်နေရာ
2500 (ကျပ်)
#ကမ္ဘာမြေရဲ့_တစ်နေရာ… တဲ့
စစ်ငြိမ်းရဲ့ အနုပညာ ၊ စစ်ငြိမ်းရဲ့ စကားပြေအရေးအသား ၊ စစ်ငြိမ်းရဲ့ စိတ်ကူးဉာဏ်သီဖွဲ့မှု…
ဝါကျတစ်ကြောင်းတိုင်းဟာ သွေးကြောတစ်ချောင်းလို ထိကိုင်စမ်းသပ်ကြည့်ရင်တဒုတ်ဒုတ်နဲ့ ရေးဖွဲ့သူရင်ထဲက စီးဆင်းလာတဲ့ စာအုပ်တစ်အုပ်….
“သမီးလေးဟာ ဖြစ်လေရာဘဝမှာ ဟောဒီပန်းတွေလို
အစုလိုက် အစည်းလိုက် နေထိုင် မွှေးပျံ့နိုင်ပါစေ။
နှင်းဆီ ဖြစ်ခဲ့ရင်တောင် တစ်ပွင့်တည်းလေးမဟုတ်
နှင်းဆီပန်းစည်းလေးဖြစ်ပါစေတဲ့ ။
ဘယ်လောက်ကြေကွဲဖွယ်ဆုတောင်းလေးလဲ နှင်းဆီ
ဖြစ်ခဲ့ရင်တောင် တစ်ပွင့်တည်းလေးမဟုတ်တဲ့။
ဘယ်လောက်ထိလုံလောက်စွာ ဝမ်းနည်းရမယ့်
ဆုတောင်းလဲ .. .”စာအုပ်ကျောဖုံးမှ ကောက်နှုတ်
ဖော်ပြချက်ဖြစ်ပါတယ်…။
ဆရာစစ်ငြိမ်း၏စာဖတ်ပရိတ်သတ်များနှင့် လုံးချင်းဝတ္ထုငယ်များကြိုက်နှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းလေးပဲ
ဖြစ်ပါတယ်….။
စာမျက်နှာ | 88 inches |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.3 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2019 နိုဝင်ဘာလ (ပ-ကြိမ်) |
10 in stock
Elliahwayy –
ဒီစာအုပ်လေးဖတ်ရင်း လူတွေဟာ စိတ်ပျက်စရာ အသိုင်းအဝိုင်းတွေကနေ ထွက်ပြေးရင်း တခါတလေ ကမ္ဘာမြေရဲ့တစ်နေရာရာကို သွားရောက်ပုန်းခိုမိတဲ့အခါ
တချို့သော အတိတ်တွေဟာ အလွမ်းတွေအဖြစ်နှိပ်စက်ကြောင်းရယ်..သံယောဇဉ် ကြီးသူအဖို့ ရှင်ခြင်း သေခြင်းဟာ အလွှာပါးပါးလေးပဲ ကာရံထားတယ်ဆိုတာကို လက်ခံမိပါတော့တယ်..
အိတ်တစ်လုံးနဲ့လူတွေနဲ့အဝေးကို ထွက်သွားရင်း ဂီတာလေး ညဘက်ဘားမှာ သွားတီးလိုက်..အရက်တွေသောက်လိုက်နဲ့ အထပ်မြင့်မှာ နေနေတဲ့ လူငယ်တစ်ယောက်ရဲ့ ပုံရိပ်တွေ..
စတိုးဆိုင်က အဖိုးကြီးတစ်ယောက်ရဲ့ စူးရဲရဲအကြည့်တွေ..
“အသက်ရှင်ရတာ ပျော်လား” မေးခွန်းဟာ ဒီစာအုပ်ထဲမှာ အဖြေမရှိတဲ့ မေးခွန်းလွှာလိုပဲ
စာအုပ်ထဲက ဇာတ်ကောင်တွေဟာ ရိုးရှင်းပြီး ခံစားချက်တွေ ရှုပ်ထွေးကြတဲ့ပုံစံမျိုး..တွေ့ဆုံမလိုလို နဲ့ ကွဲကွာသွားတဲ့အဖြစ်တွေ
အပေါ်ကနေ ပန်းပွင့်လေးတစ်ပွင့်ကြွေသလို ကြွေကျသွားဖူးတဲ့ ကောင်မလေးတစ်ယောက်အကြောင်းတွေ ..စတာတွေကို ရင်ခုန်စွာနဲ့ ဆက်တိုက်ဖတ်ချင်စိတ် ပေါ်စေပြီး
စစ်ငြိမ်းရဲ့ တချို့သော အရေးအသားတွေကြောင့် ပိုအမှတ်ရတန်ဖိုးထားမိတဲ့ စာအုပ်လေးတစ်အုပ်ပါ
စာအုပ်နောက်ဆုံးနားက အသက်ရှင်ရတာ ပျော်လား..? တဲ့