


မိုးကိုဒူးနဲ့တိုက်မယ့်သူ
3500 (ကျပ်)
ဘ၀မှာ ရည်မှန်းချက်အောင်မြင်ဖို့၊ လူတန်းစေ့စေ့ နေနိုင်ထိုင်နိုင်ဖို့ အတွက်ကိုယ့်စိတ်ဓာတ်က အလွန်အရေးကြီးပါတယ်။အခက်အခဲကြုံတဲ့အခါ နောက်တွန့်တက်သလား၊ဘယ်လိုရင်ဆိုင်တက်သလဲဆိုတာအရေးပါတယ်။ဘယ်သူမဆို သက်သောင့်သက်သာ နေချင်တယ် ဖြစ်နိုင်ရင် ရေဆန်လေဆန်ကို မကြုံမတွေ့ချင်းဘူး။အလိုက်သင့်နေလို့ဖြစ်ရင် အလိုက်သင့်လေးပဲ နေချင်တယ် ဒါပေမဲ့လည်း လောက ဓမ္မတာက ကိုယ်သွားသလောက်ပဲ ကိုယ်ခရီးရောက်တာမျိုး ဖြစ်နေတယ်။လူတွေကြားမှာ လူတန်းစေ့စေ့ နေထိုင်ချင်ရင်တော့ ဘ၀ကိုရေစုန်မျှောနေချင်လို့ မရပါဘူး လူရယ်လို့ဖြစ်ရင် အထိုက်အလျောက် ကြိုးစားအားထုတ်မှုတော့ ရှိကြရတာပါပဲ။
လူတိုင်းမှာ အားနည်းချက်တစ်မျိုးမဟုတ်တစ်မျိုး ရှိနိုင်ပါတယ် အချို့က မြင်သာတယ်၊ အချို့က မမြင်သာဘူး ၊ အားနည်းချက်ရှိတာက အဓိမဟုတ်ပါဘူး အားမငယ်ဘဲ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဘ၀ကို စိန်ခေါ်အနိုင်ယူဖို့က အဓိကဖြစ်ပါတယ်။စိတ်ဓာတ်ကပဲ အရေးကြီးတယ် ဒါကြောင့် ပျော့ညံ့တဲ့စိတ်ဓာတ်ကို ဖယ်ရှားပစ်ဖို့လိုတာပါ။
ယခုစာအုပ်တွင် မွေးရာပါတစ်ခုခုကြောင့်ဖြစ်စေ၊ ယာဉ်တိုက်မှုလို အကြောင်းမသင့်တာ တစ်ခုခုကြောင့်ဖြစ်စေ ကိုယ်လက်အင်္ဂါထိခိုက်ရပေမယ့် ခိုင်မာတဲ့စိတ်ဓာတ်နဲ့ လောကကိုရင်ဆိုင်ပြီး အနိုင်ယူတဲ့ လူတွေရဲ့ ဇွဲသတ္တိကိုဖော်ပြပေးထားပါတယ်။ သဘာဝဘေးဒုက္ခလို အခက်အခဲမျိုးတွေကို ကြုံတွေ့ရသူတွေအကြောင်းလည်း ဖော်ပြထားပါတယ်။ သူတို့တွေ သူတို့ဘဝကို ဘယ်လိုရှင်သန်နေထိုင်ကြတယ် ဆိုတာကို နိုင်ငံတကာက သတင်းဆောင်းပါးတွေ၊ ဗီဒီယိုမှတ်တမ်းတွေ စုစည်းကြည့်ရှုပြီး မြန်မာဘာသာနဲ့ ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ်။
စာမျက်နှာ | 180 |
---|---|
စာအုပ်အရွယ်အစား | 5 x 0.3 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | လင်းလွန်းခင်စာပေ၊ 2022 ဖေဖော်ဝါရီလ၊ (ပ-ကြိမ်) |
3 in stock (can be backordered)
ကျော်ရင်မြင့် စာအုပ်များ
-
ကျော်ရင်မြင့်
ငပျင်းတွေအတွက်အောင်မြင်ရေးနည်းလမ်းများ
2000 (ကျပ်)Rated 4.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ကျော်ရင်မြင့်
အောင်မြင်ရေး ဖြတ်လမ်းနည်း
2500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကျော်ရင်မြင့်
အရှုံးမပေးမှ အနိုင်ရမယ်
2700 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကျော်ရင်မြင့်
မိုးကိုဒူးနဲ့တိုက်မယ့်သူ
3500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ကျော်ရင်မြင့်
သုံးသိန်းတန်စကားပိုင်ရှင် ဖောင်းတောဘုရင်မ (ဘ၀ဇာတ်ခုံစုစည်းမှု-၈)
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ