ဆိုးတဲ့အမေ နှင့် မဂ္ဂဇင်းဝတ္ထုတိုများ

( 0 မှတ်ချက်)

3000 (ကျပ်)

မန္တလေးမြို့မှ ဆရာဝန်စာရေးဆရာလေး.ဇေဦးယျာ(ဒေါက်တာကျော်ဇေယျ)၏ရင်ထဲမှလာသော ခံစားချက်လေးများကိုမှုန်းချယ်ဖော်ထုတ်ရေးသားထားသည့်ဝတ္ထုများအနက်ရင်နင့်ခံစားရသောအကြောင်းအရာများပျော်ရွှင်ကြည်နူးရသောစာစုများ ဆွတ်ပျံ့လွမ်းမောဘွယ်ရာဝတ္ထုဇာတ်လမ်းများစသည်ဖြင့် ဖတ်ချင့်စဖွယ်ဝတ္ထုတို၁၅ ပုဒ်ကိုစုစည်းရေးသားထားပါတယ်။
“ဒီစာအုပ်ထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့
‘ဆိုးတဲ့အမေ’ ဆိုတဲ့ ဝတ္ထုပါ။သိပ်ချစ်စရာကောင်း
လွန်းလှအောင် ဆိုးလွန်းလှတဲ့အမေတစ်ယောက်
ကို ဝတ္ထုထဲက အမေတစ်ယောက်သာမကဘဲ
အပြင်ကအမေများစွာကိုပါ ချစ်တဲ့စိတ်နဲ့လိုက်ပြီး
ငေးမောမိတဲ့အထိ ဇေဦးယျာ ရဲ့ဆိုးတဲ့အမေက
စာဖတ်သူကျွန်တော့်စိတ်ကို လွှမ်းမိုးခဲ့တာပါ”
ဆရာမင်းဝေဟင်၏အမှာစာမှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။
ရသဝတ္ထုများကို ကြိုက်နှစ်သက်သူတို့အတွက် ထူးခြားတဲ့ ဇာတ်အိမ်အရေးအဖွဲ့များကြားစီးမြောနှစ်ဝင်သွားစေမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်တာကြောင့် အမှာဦးဖတ်ရှုသင့်ကြောင်း လက်တို့ညွှန်းဆိုလိုက်ပါရစေ….။

စာအုပ်အရွယ်အစား

5.2 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

လင်းလွန်းခင်စာပေ၊ 2019 နိုဝင်ဘာလ၊ (ပ-ကြိမ်)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆိုးတဲ့အမေ နှင့် မဂ္ဂဇင်းဝတ္ထုတိုများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဇေဦးယျာ စာအုပ်များ

သင့်အတွက်ရွေးချယ်ပေးထားသည့်စာအုပ်များ