ဆိုရှယ်ဒီမိုကရေစီ
25000 (ကျပ်)
ယခုစာအုပ်မှာ အဓိကအားဖြင့် အပိုင်း(၄)ပိုင်း၊ အခန်း(၉)ခန်း ပါရှိပါတယ်။
-အပိုင်း(၁) မှာတော့ အခန်းငယ် (၄)ခန်းပါရှိပြီး ဆိုရှယ်ဒီမိုကရေစီ ဆိုတာဘာလဲ?
သူရဲ့ အခြေခံတန်ဖိုးနဲ့ ဖြစ်ပေါ်လာပုံတွေ၊ နိုင်ငံတွေနဲ့ ကျင့်သုံးနေတဲ့ နိုင်ငံရေးစီးပွားရေး လှုမှုရေး စနစ်တွေအကြောင်းနဲ့ သူတို့ဘာကြောင့် အောင်မြင်ခဲ့ကြတယ် (ဒါမှမဟုတ်) ဘယ်လိုအကြောင်းတွေကြောင့် ကျဆုံးခဲ့ရတယ်ဆိုတာတွေကို အကြမ်းဖျင်း တင်ပြပေးထားပါတယ်။
-ဒုတိယ အပိုင်း(၂)မှာတော့ အခန်းငယ်(၃)ခန်းပါရှိပြီး ဆိုရှယ်ဒီမိုကရေစီရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သဘောတရားရေးရာများ (Ideologies) ကို ရှင်းလင်းတင်ပြ ပေးထားပါတယ်။ အခန်း(၅)မှာတော့ ရွေးကောက်ပွဲစနစ်များနဲ့ ဖက်ဒရယ်မူဝါဒများ၊ အခန်း(၆)မှာတော့ ဆိုရှယ်ဒီမိုကရေစီနိုင်ငံတွေမှာကျင့်သုံးနေတဲ့ လူမှုအခြေပြု စျေးကွက် စီးပွားရေး (Social Market Economy)၊ အခန်း(၇)မှတော့ ပြည်သူအားလုံးကို လွှမ်းခြုံပေးနိုင်တဲ့ ကောင်းမွန်ပြည့်စုံတဲ့ လူမှုဖူလုံရေးစနစ် (Welfare State) ဖြစ်လာအောင် တည်ထောင်ရမဲ့ အခြေခံသဘောတရား ရေးရာများကို ရှင်းလင်းတင်ပြပေးထားပါတယ်။
-အပိုင်း(၃) အခန်း(၈) မှာတော့ မြန်မာနိုင်ငံတော်ကို ဆိုရှယ်ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ဖော်ဆောင်တော့မယ်ဆိုရင် ဖော်ဆောင်ရမဲ့ ပြုပြင်ပြောင်းလဲမှုများကို အကြံပေးတင်ပြပေးသွားမှ ဖြစ်ပါတယ်။
-နောက်ဆုံးအပိုင်းဖြစ်တဲ့ အပိုင်း(၄) အခန်း(၉)မှာတော့ ဒီစာအုပ်တစ်အုပ်လုံးကို အနှစ်ချုပ်အနေနနဲ့ ပြန်လည်ဖော်ပြပြီး မြန်မာနိုင်ငံမှာသာ ဆိုရှယ်ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်ရင် နိုင်ငံသားအားလုံး ရရှိခံစားလာနိုင်မဲ့ အကျိုးတရားတွေကို ရှင်းလင်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။
အထက်မှာ ဖော်ပြခဲ့ဖူးသလို ပြည်သူအားလုံးအတွက် ကျန်းမာရေးစောင့်ရှောင်မှု ပညာသင်ကြားနိုင်ခွင့်နဲ့ လူ့သိက္ခာနဲ့ ညီအောင်နေထိုင်နိုင်မဲ့ ဝင်ငွေရရှိနိုင်ဖို့ ဆိုတာ အစိုးရတိုင်း မဖြစ်မနေ အကောင်အထည်ဆောင်ရွက်ပေးကြရမယ့်ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒါမှသာ နိုင်ငံသားအားလုံးရဲ့ အသိပညာနဲ့ လူနေမှုဘ၀မြင့်မားတိုးတက်လာပြီး နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။
| စာမျက်နှာ | 388 (woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 6.1× 0.7 × 8.7 inches |
| ပုံနှိပ်မှတ်တမ်း | ဂျာနယ်လစ်စာပေ၊ 2025 စက်တင်ဘာလ (ဒုတိယအကြိမ်) |
4 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ