စည်သွပ်ဘူးထဲက လူငယ်များ

( 0 မှတ်ချက်)

5000 (ကျပ်)

စည်သွပ်လုပ်ငန်းကို စတင်တီထွင်ခဲ့တဲ့သူက ပါရီမြို့က Nicolas Appert ခေါ်တဲ့ ကိတ်မုန့်ဖုတ်သမားတစ်ယောက်ပါ။ သူဟာ အစပိုင်းမှာတုန်းက ဖန်ပုလင်းထဲမှာ ထည့်ကြည့်ပါတယ်။ အဆင်မပြေပါဘူး။

၁၈ဝ၉ ခုနှစ်ကိုရောက်တော့မှ သံစည်ဘူးတွေနဲ့ စမ်းသပ်ရာကနေ အစား အသောက်တွေကို ကြာရှည်ခံအောင်ထိန်းသိမ်းနိုင်တဲ့ နည်းပညာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တွေ့မယ့်တွေ့တော့လည်း နည်းပညာက ရိုးရိုးလေးပါ။အစားအစာတွေ ပုပ်သိုးစေရတဲ့အကြောင်းရင်းတွေက မိုက်ခရို အော်ဂဲနစ်ဇင်လို့ ခေါ်တဲ့ အဏုဇီဝရုပ်တွေကြောင့် ဖြစ်ပါတယ်။

အဲဒီအဏုဇီဝရုပ်လေးတွေဟာအစားအသောက်ပေါ်မှာ ပေါက်ဖွားလာကြပြီဆိုရင် အဲဒီအစားအစာဟာပုပ်သိုးသွားတော့တာပါပဲ။

ဒါကြောင့် Nicolas Appert က အစားအစာထဲမှာ ပိုးမွှားတွေ သေကြေကုန်အောင် အပူတိုက်ပစ်လိုက်ပါတယ်။ ပြီးတော့မှ အအေးခံပြီး ပြင်ပက ပိုးမွှားတွေမဝင်နိုင်အောင် လေလုံတဲ့ သံဘူးထဲမှာ ပိတ်ထားလိုက်တော့တာပါပဲ။

လေအလုံပိတ်ထားလို့ မဖွင့်သရွေ့ ပြင်ပက ပိုးမွှားတွေ မဝင်နိုင်တော့တဲ့အတွက် အစားအစာတွေဟာ မပုပ်သိုးတော့ပါဘူး။ ဒါပါပဲ။

ကျွန်တော်ကတော့ လူငယ်တွေကို ကိုယ့်စိတ်ကိုကိုယ် ”သတိ” ဆိုတဲ့စည်သွပ်ဘူးထဲထည့်ပြီး ပြင်ပပိုးမွှားတွေ မဝင်အောင် တားကြပါလို့… စကားလက်ဆောင်ပါးချင်ပါတယ်။ ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်း၊ မြှောက်ပင့်ခြင်း၊ ရှုံ့ချခြင်း ဆိုတဲ့ ပြင်ပ အဏုဇီဝရုပ်တွေ လုံးဝ အဝင်မခံပဲ နှလုံးသားကို မပုပ်မသိုးအောင်ထားကြပါ။ ဒါ…သိပ်အရေးကြီးပါတယ်။

အနုပညာပါရမီထူးချွန်တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ရင်ထဲကို ”ထမင်းငတ်မယ့်အလုပ်ပါကွာ”ဆိုတဲ့ စကားဟာ အဆိပ်သင့် ပိုးမွှားတွေ ထည့်ပေးလိုက်တာပဲ။

အဲဒီတော့ နာမည်ကျော်ပန်းချီဆရာတစ်ယောက် ဖြစ်လာမယ့်အစား နှလုံးသားဟာ ပုပ်သိုးသွားခဲ့ရတာပေါ့လေ..။ နှမြောစရာမကောင်းဘူးလား။

စကားတစ်ခွန်းဟာ ဘဝကို ဗြောင်းတိဗြောင်းဆန် ဖြစ်သွားစေနိုင်တယ်နော်။

ကျွန်တော်ကတော့ ကျွန်တော် ချစ်ခင်မြတ်နိုးတဲ့ လူငယ်တွေကိုအဲဒီလိုအဖြစ်မျိုးနဲ့ မကြုံစေချင်ဘူး။ မြှောက်ပင့်ချီးကျူးတဲ့ စကားလုံးတွေကိုလည်း နှလုံးသားထဲကို အဝင်မခံနဲ့။ ကဲ့ရဲ့ရှုံ့ချတဲ့ စကားလုံးတွေကိုလည်း နှလုံးသားထဲ အဝင်မခံနဲ့။ ကိုယ့်ရဲ့ စိတ်ကို စည်သွပ်ဘူးတစ်ဘူးလိုလုံလုံခြုံခြုံနဲ့ ပိုးမွှားကင်းစင်အောင် သတိကို သုံးပြီး အဖုံး ဖုံးထားစေချင်ပါတယ်။

ခရီးဝေးဝေးသွားမယ့်လူက… ဘဝကို နွေးနွေးထွေးထွေးထားရမယ် မဟုတ်လား…။

စာမျက်နှာ

167

စာအုပ်အရွယ်အစား

5.3 x 0.3 x 8 inches

ပုံနှိပ်မှတ်တမ်း

SMART စာပေ၊ 2023 ဇူလိုင်လ၊ (ပထမ-ကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စည်သွပ်ဘူးထဲက လူငယ်များ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မင်းခိုက်စိုးစန် စာအုပ်များ