သီရိလင်္ကာသမိုင်း

( 0 မှတ်ချက်)

13000 (ကျပ်)

သီရိလင်္ကာနိုင်ငံသည် ဗြိတိသျှကိုလိုနီခေတ်၌ သီရိလင်္ကာနိုင်ငံ၌ မရှိခဲ့ဘူးသော တရားဥပဒေများ အခိုင်အမာရှိလာကြသည်။ သက်ဦးဆံပိုင်ဘုရင်များအုပ်စိုးသော ခေတ်ကာလ၌ ဘုရင်နှင့် နန်းတွင်းအရာရှိတို့၏ နှုတ်မှပြောသောစကားသည် ‘ဥပဒေ’ ဖြစ်ခဲ့သည်။ သီရိလင်္ကာနိုင်ငံတွင် အခြားသော အရှေ့တိုင်းနိုင်ငံများကဲ့သို့ပင် လူနေမှုအဆင့်အတန်း လွန်စွာနိမ့်ကျခဲ့သည်။ နိုင်ငံတော်၏ ကြွယ်ဝချမ်းသာမှုအားလုံးကို ဘုရင်နှင့် နန်းတော်က ရယူခံစားကြသည်။ ပြည်သူလူထုမှာ “စားတော့ ရေလုံပြုတ်။ ဝတ်တော့ အစုတ်အနုတ်၊ နေတော့ တဲစုတ်ဘဝ” ဖြစ်ခဲ့ရသည်။

ဗြိတိသျှအုပ်စိုးသောကာလတွင် သက်ကယ်မိုးထားသော ရွှံ့အိမ်လေးများ ပျောက်ကွယ်စပြုလာသည်။ အုပ်ကြွပ်မိုးပျဉ်ထောင် အိမ်ကြီးအိမ်ကောင်းများ အစားထိုး နေရာယူလာကြသည်။ အဝတ်စုတ်များ ဝတ်ဆင်ခဲ့ရသော ပြည်သူလူထုသည် ရောင်စုံတောက်ပသောအဝတ်များ ဝတ်ဆင်ခွင့်ရလာကြသည်။ သို့သော် ရှင်ဘုရင်လက်အောက်၊ အာဏာရှင်လက်အောက်၊ စစ်အုပ်ချုပ်ရေးအောက်မှာ နေရာတဲ့ဘဝတွေနှင့် တိုင်းတစ်ပါးကိုလိုနီဘဝတွေမှာ ထူးမခြားနားတွေသာဖြစ်သည်။

မျက်မှောက်ခေတ်တွင် သီရိလင်္ကာပြည်တွင်းစစ်ကြီး အဆုံးသတ်သွားပြီးနောက်ပိုင်း စစ်ကြောင့် ချွတ်ခြုံကျနေသော တိုင်းပြည်ကို ပြန်လည်ထူထောင်ရန် ကြိုးစားမှုများမှာ မအောင်မြင်ဖြစ်နေရသည်။ ပြည်တွင်းစီးပွားရေးကို ဦးတည်ထူထောင်နေသဖြင့် ပို့ကုန်ဝင်ငွေများ နည်းပါးလာပြီး သွင်းကုန်ကြောင့် နိုင်ငံခြားထွက်ငွေပိုများနေသဖြင့် နိုင်ငံခြားငွေအကြပ်အတည်း ဆိုက်ရောက်လာသည်။ 2022 ဧပြီလတွင် အစိုးရမှာ ဒေဝါလီခံရန်ဆုံးဖြတ်ပြီး ပြည်ပကြွေးမြီများ ပေးဆပ်နေမှုကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်သည်။

ယခုစာအုပ်တွင် ကိုလိုနီခေတ်မတိုင်ခင် အခြေအနေ၊ လက်အောက်ခံကိုလိုနီဘ၀ နိုင်ငံရေးအခြေအနေ ၊ နိုင်ငံရေးလှုပ်ရှားမှုများ၊ နယ်မြေကွဲထွက်သွားခြင်းအကြောင်း၊ နိုင်ငံရေး၊စီးပွားရေး၊ ယဉ်ကျေးမှု၊  ခေတ်သစ်လူ့အဖွဲ့အစည်းများအကြောင်းကို နှံ့နှံ့စပ်စပ် ထောင့်စေ့အောင်ရေးသားဖော်ပြထားသည့် သမိုင်းစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

ကမ္ဘာ့သမိုင်းကြောင်းရာများကို နှစ်သက်သူများ..သမိုင်းပညာရပ်ကိုလေ့လာနေသူများနှင့် နိုင်ငံတို့၏လူမှုရေး နိုင်ငံရေးတို့အကြောင်းကိုသိရှိလိုသူတို့အတွက် ဖတ်ရှုသင့်သည့်စာအုပ်ကောင်းတစ်အုပ်…

စာမျက်နှာ

328

စာအုပ်အရွယ်အစား

7.4 x 0.5 x 10.5 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ 2022 ဩဂုတ်လ

3 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သီရိလင်္ကာသမိုင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ကိုကိုလေး စာအုပ်များ