တစ်ကိုယ်တည်းနေခြင်း အနုပညာ
12000 (ကျပ်)
ဘဝကို ယုံကြည်ချက်ရှိရှိ ရပ်တည်မယ်လို့ဆုံးဖြတ်ထားရင် ပတ်ဝန်းကျင်ကို တအားဂရုမစိုက်မိဖို့ အရေးကြီးပါတယ်။ ဘဝဆိုတာ တိုတောင်းတဲ့အတွက် အသက်ရှင်နေစဉ်မှာ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ယုံကြည်ချက်ရှိရှိ ရှင်သန်ပါ။ ပတ်ဝန်းကျင်က ကျဆုံးနေပြီဆိုပြီး ကဲ့ရဲ့နေလည်း စိုးရိမ်စရာမလိုသလို အောင်မြင်နေပြီ မြှောက်ပင့်နေလည်း မော်ကြွားစရာ အကြောင်းမရှိပါ။ ကိုယ့်ရဲ့ကျဆုံးမှု၊ အောင်မြင်မှုဟာ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပိုင်အဖြစ် ကျေနပ်နေဖို့သာ အရေးကြီးပါတယ်။
ကိုယ့်မိဘက ဆင်းရဲတဲ့အခါ ငါ့ဘဝကတော့ သူများတွေထက် နိမ့်ကျတော့မှာပဲလို့ ကြောက်နေစရာမလိုပါ။ လူတကာဆီက အနှိမ်ခံရတဲ့အခါ ငါ့ဘဝကတော့ ဒီလိုပဲ တစ်သက်လုံးသွားတော့မလား ကြောက်နေစရာမလိုပါ။ သူများဆီ မျက်နှာငယ်ရတဲ့ အလုပ်လုပ်ရတဲ့အခါ ငါ့ဘဝက လူတကာကို ကြောက်နေရမလားဆိုပြီး ကြောက်နေစရာမလိုပါ။ ကိုယ်ချစ်တဲ့သူဆီက အချစ်မခံရတဲ့အခါ ငါ့ဘဝက အထီးကျန်ဆန်တော့မှာပဲဆိုပြီး ကြောက်နေစရာမလိုပါ။
သူများကို မှီခိုပြီး အသက်ရှင်ရမှာကို ကြောက်ရပါမယ်။ ကိုယ့်သားသမီးအတွက် ရပ်တည်ဖို့ မပြောနဲ့၊ ကိုယ့်အတွက်တောင် မရပ်တည်နိုင်တဲ့ဘဝကို ကြောက်ရပါမယ်။ အလုပ်မရှိဘဲ ဝင်ငွေမရှိတဲ့ ဘဝကို ကြောက်ရပါမယ်။ အထီးကျန်ဆန်ရတာထက် ကိုယ့်ကိုအနိုင်ကျင့်မယ့် လူတစ်ယောက် ဘဝထဲရှိနေမှာကို ကြောက်ရပါမယ်။ ခဏတာပျော်ရွှင်မှုထက် တစ်ဘဝလုံး နာမည်ပျက်မှာကို ကြောက်ရပါမယ်။
ပိုက်ဆံ ရှိရှိ မရှိရှိ ကိုယ်ပိုင်ဘဝရှိအောင်ကြိုးစားပါ။ (အထူးသဖြင့်) အမျိုးသမီးတွေဘဝက မွေးကတည်းက သူများအတွက်အသက်ရှင်ရတာလိုမျိုး ပတ်ဝန်းကျင်က ပုံသွင်းခံထားကြရပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုတဲ့ ခေါင်းစဉ်အောက်က ကိုယ်ပိုင်ဘဝဆိုတာ မိဘစကားနားထောင်တာ၊ လင်ယောကျ်ားကိုပြုစုတာ၊ သားသမီးကိုစောင့်ရှောက်တာ တစ်ခုမဟုတ်တစ်ခု လုပ်နေဖို့ကို လိုအပ်နေပါတယ်။ တချို့ဆို မြေးထိန်းတာအထိ တာဝန်ယူပေးနေရပါတယ်။ ဒါတွေမလုပ်ရင် ဘာလုပ်နေရမလဲလို့ တချို့အမျိုးသမီးတွေက ပြန်မေးတတ်ကြပါတယ်။ မိဘစကားနားထောင်တယ်ဆိုတာ မိဘအမြင်နဲ့ ကိုယ့်အမြင်ထပ်တူကျရင် နားထောင်သင့်ပါတယ်။
| စာမျက်နှာ | 140 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.2 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | စာပေလမ်း 2024 ဇူလိုင်လ (ပထမအကြိမ်) |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ