
ဆေးလ်မာရီလီယန်(Limited Edition)- (Pre-Order)
15000 (ကျပ်)
Lord of the Rings တို့၊ Hobbit တို့ကို ကြိုက်ကြတဲ့ ပရိတ်သတ်တွေအတွက် အခု”ဆေးလ်မာရီလီယန်” ဆိုတဲ့ နာမည်နဲ့ ထုတ်ဝေမယ့် The Silmarillion ဟာ ရတနာသိုက်ကြီးပါပဲ။ သိပ်မရင်းနှီးဘူး၊ သိပ်မသိဘူး ဆိုတဲ့သူတွေအတွက်လည်း ဆေးလ်မာရီလီယန်ဟာ ကမ္ဘာ့စာပေ ဇာတ်ခုံပေါ်မှာ ထိပ်ဆုံးက နေရာယူထားတဲ့ ဂန္ထဝင် လက်ရာတစ်ရပ် ဖြစ်တာကြောင့် တန်ဖိုးကြီးတဲ့ အနုပညာပစ္စည်း တစ်ခုပါဲပဲ။ The Hobbit ဟာ ကလေးစာပေ ဆန်တယ်။ The Lord Of the Rings ကျတော့ အရွယ်သုံးပါးအတွက် ပြောင်မြောက်လွန်းတဲ့ high fantasy ဖြစ်တယ်။ ဆေးလ်မာရီလီယန်ဟာ ဒဏ္ဍာရီ ဆန်ပါတယ်။ အရေးအသားမှာရော ဖန်တီးမှုပိုင်းမှာပါ ပြောင်မြောက်လွန်းတာကြောင့် ဖတ်ရခက်မလိုလိုနဲ့ ဘယ်နှခါပြန်ဖတ်ဖတ် မငြီးငွေ့နိုင်စရာ တကယ့်ရတနာပါ။
ဆေးလ်မာရီလီယန်က ဘာအကြောင်းလဲ။ Mythology လို့ ပြောလိုက်ရင် ခေါမဒဏ္ဍာရီ (Greek mythology) တို့၊ ရောမဒဏ္ဍာရီ (Roman Mythology) တို့၊ ဗိုက်ကင်းတွေရဲ့ Odin တို့၊ Thor တို့ Loki တို့ ပါဝင်တဲ့ Norse mythology ဒဏ္ဍာရီတွေကို ပြေးမြင်မိကြမှာပါ။ အခု ဆေးလ်မာရီလီယန်ဟာဆိုရင် Tolkein ဒဏ္ဍာရီပါပဲ။ Tolkien Mythology ပါပဲ။ဆရာကြီး J. R. R. Tolkien ရဲ့ အခု ဆေးလ်မာရီလီယန် ဝတ္ထုကြီးဟာဆိုရင် လောက(စကြဝဠာ) ဖြစ်တည်လာပုံက စပြီး Lord of the Rings ပေါ်လာတဲ့ ခေတ်အထိ၊ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ၊ ခေတ်ပေါင်း များစွာက အဖြစ်အပျက်များစွာ ပါဝင်ပါတယ်။
Hobbit တို့ရဲ့ လောကကြီး ဘယ်ကစဖြစ်လာလဲ၊ Elf တွေ ဘယ်ကလာသလဲ၊ ဘယ်လိုသတ္တဝါတွေလဲ၊ လူတွေ ဘယ်ကလာလဲ၊ Sauron ဆိုတာ ဘယ်သူလဲ၊ Gandalf ဆိုတာဘယ်သူလဲ…. ဒါတွေတင်မက အင်မတန်ကျယ်ပြောတဲ့ လောကဖြစ်ရပ်ကြီးတွေကို ခင်းကျင်းပြလိုက်၊ အသေးစိတ် အဖြစ်အပျက်တွေကို အနုစိတ်ခြယ်မှုန်းပြလိုက်နဲ့ ညှို့ယူဖမ်းစားနိုင်လွန်းတဲ့ ဂန္ထဝင်အနုပညာ ဖန်တီးမှုကြီး ” ဆေးလ်မာရီလီယန်” ကို အခုပဲ ကြိုတင်အမှာပါးလို့ ရနေပါပြီနော်။
Out of stock
Aye Chan Aung –
ကောင်း